တာဝေးပစ်ဒုံးကျည်တွေ ယူကရိန်းကို အမေရိကန်ထောက်ပံ့ဖို့စီစဉ်၊ စစ်ပွဲကို မီးလောင်ရာလေပင့် လုပ်နေတယ်လို့ ရုရှားစွပ်စွဲ

မော်စကို၊ ဇွန်-၂-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို တာဝေးပစ်ဒုံးကျည်သစ်တွေ ထောက်ပံ့မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကြေညာလိုက်ပြီးနောက် ဒါဟာ စစ်ပွဲကြာရှည်အောင် အမေရိကန်က လုပ်ဆောင်နေတာဖြစ်တယ်လို့ ရုရှားက စွပ်စွဲပြောဆိုလိုက်ပါတယ်။

အမေရိကန်ဟာ ဒီလိုလက်နက်တွေ ယူကရိန်းကို ပေးပို့ပြီး စစ်ပွဲကို ရည်ရွယ်ချက်ရှိရှိနဲ့ မီးလောင်ရာလေပင့် လုပ်နေတယ်လို့ ရုရှားသမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောပါတယ်။

ဒီလိုထောက်ပံ့ပေးပို့မှုဟာ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေ ပြန်စဖို့ ယူကရိန်းခေါင်းဆောင်တွေရဲ့ သဘောထားနဲ့ ကိုက်ညီမှုမရှိဘူးလို့ သူကပြောပါတယ်။

ဒီအတောအတွင်း ဂျာမနီကလည်းယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပေးပို့မယ်လို့ ကတိပြုပြောဆိုထားပါတယ်။

အမေရိကန်ကပေးပို့မယ့် လက်နက်တွေထဲမှာ HIMARS အမျိုးအစား ဒုံးကျည်စနစ်သစ် လေးခုလည်းပါ၀င်မယ်လို့ အမေရိကန် ထိပ်တန်းတာ၀န်ရှိသူတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ရုရှားတို့ထိန်းချုပ်ထားတဲ့ နိုင်ငံအရှေ့ပိုင်း Severodonetsk မြို့ရဲ့ လမ်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒီမြို့ကိုထိန်းချုပ်နိုင်တာဟာ လူဟန့်စ်ဒေသတခုလုံးနီးပါးက ရုရှားတပ်တွေက သိမ်းပိုက်နိုင်ပြီဖြစ်တဲ့အနေအထားလည်းဖြစ်ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW