ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသူတွေ RDT စစ်ဖို့မလိုဘဲ ပြည်တွင်းလေကြောင်းခရီးစဉ် သွားလာနိုင်ပြီ

ဇွန် ၂-၂၀၂၂ GG(VOM) ပြည်တွင်းလေကြောင်းခရီးစဉ်တွေအတွက် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားမယ်ဆိုရင် RDT test စစ်ဖို့ မလိုဘဲ ခရီးသွားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားခြင်းမရှိသေးသူတွေကတော့ လေယာဉ်မတက်မှီ ၄၈ နာရီအတွင်း ရောဂါမရှိကြောင်း RDT Test စစ်ထားတာကို ပြသရမှာဖြစ်တယ်လို့ သိရပါတယ်။ “ပြည်တွင်းခရီးသွားအားလုံး ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်အပြည့်ထိုးပြီးရင် RDT TEST စစ်ဖို့ မလိုတော့ဘူးလို့ပြောပါတယ်။ဒါပေမယ့် ကာကွယ်ဆေးအပြည့်မထိုးရသေးတဲ့သူတွေကတော့ ၄၈ နာရီအတွင်းစစ်ထားတဲ့ RDT TEST ပြရပါမယ်။မပြနိုင်ရင်သွားလို့မရပါဘူး။ ” လို့ လေယာဉ်လက်မှတ်အရောင်းဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်သူတဦးကပြောပါတယ်။ အသက် ၁၂ နှစ်အောက်ကလေးတွေကို ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးလက်မှတ် ပြသဖို့မလိုအပ်ကြောင်းနဲ့ အသက် ၆ နှစ်အောက် ကလေးတွေကိုလည်း RDTနဲ့ဓာတ်ခွဲစစ်ဆေးခြင်းကို ကင်းလွတ်ခွင့်ပြုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးပြောဆိုထားပါတယ်။ ” အစထဲက အခုလိုပဲဖြစ်သင့်တာ၊ ကာကွယ်ဆေးလက်မှတ်ကြီးကိုင်ထားပြီး အသုံးမဝင်ဘူး၊ ခရီးသွားတိုင်းစစ်ရတာ အချိန်ကုန်အလုပ်ရှုပ်တယ်။…

Read More

တာဝေးပစ်ဒုံးကျည်တွေ ယူကရိန်းကို အမေရိကန်ထောက်ပံ့ဖို့စီစဉ်၊ စစ်ပွဲကို မီးလောင်ရာလေပင့် လုပ်နေတယ်လို့ ရုရှားစွပ်စွဲ

မော်စကို၊ ဇွန်-၂-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို တာဝေးပစ်ဒုံးကျည်သစ်တွေ ထောက်ပံ့မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကြေညာလိုက်ပြီးနောက် ဒါဟာ စစ်ပွဲကြာရှည်အောင် အမေရိကန်က လုပ်ဆောင်နေတာဖြစ်တယ်လို့ ရုရှားက စွပ်စွဲပြောဆိုလိုက်ပါတယ်။ အမေရိကန်ဟာ ဒီလိုလက်နက်တွေ ယူကရိန်းကို ပေးပို့ပြီး စစ်ပွဲကို ရည်ရွယ်ချက်ရှိရှိနဲ့ မီးလောင်ရာလေပင့် လုပ်နေတယ်လို့ ရုရှားသမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောပါတယ်။ ဒီလိုထောက်ပံ့ပေးပို့မှုဟာ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေ ပြန်စဖို့ ယူကရိန်းခေါင်းဆောင်တွေရဲ့ သဘောထားနဲ့ ကိုက်ညီမှုမရှိဘူးလို့ သူကပြောပါတယ်။ ဒီအတောအတွင်း ဂျာမနီကလည်းယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပေးပို့မယ်လို့ ကတိပြုပြောဆိုထားပါတယ်။ အမေရိကန်ကပေးပို့မယ့် လက်နက်တွေထဲမှာ HIMARS အမျိုးအစား ဒုံးကျည်စနစ်သစ် လေးခုလည်းပါ၀င်မယ်လို့ အမေရိကန် ထိပ်တန်းတာ၀န်ရှိသူတဦးက ပြောပါတယ်။ လက်ရှိမှာတော့ ရုရှားတို့ထိန်းချုပ်ထားတဲ့ နိုင်ငံအရှေ့ပိုင်း Severodonetsk မြို့ရဲ့ လမ်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒီမြို့ကိုထိန်းချုပ်နိုင်တာဟာ လူဟန့်စ်ဒေသတခုလုံးနီးပါးက ရုရှားတပ်တွေက သိမ်းပိုက်နိုင်ပြီဖြစ်တဲ့အနေအထားလည်းဖြစ်ပါတယ်။…

Read More

အသက် ၅ နှစ်အရွယ် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေး စထိုးပေး

ဇွန် ၂-၂၀၂၂ GG(VOM) အသက် ၅ နှစ်အရွယ် အခြေခံပညာကျောင်းသားတွေကို ကျောင်းစဖွင့်တဲ့ ဒီနေ့ဇွန်လ ၂ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးနေပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ နေပြည်တော်ကောင်စီနယ်မြေက ကျောင်းတွေအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက အခြေခံပညာစာသင်ကျောင်းတွေမှာ အသက်၅ နှစ်ကနေ ၁၂ နှစ်အထိ ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးတွေ စတင်ထိုးနေတာဖြစ်တယ်လို့ သိရပါတယ်။ ” ၅နှစ်ကစ ပြီးထိုးလို့ရနေပြီ ၊ ဒီနေ့ စထိုးတာ ၊နေပြည်တော်မှာစထိုးနေပြီ ၊ ၅နှစ် ကနေ ၁၂နှစ်အခြေခံပညာကျောင်းသားသူတွေပေါ့။ အပြင်ကတော့မပါသေးဘူး။ ကာကွယ်ဆေးက နှစ်ကြိမ်ဆေးပါ။ “လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။ အခြေခံပညာစာသင်ကျောင်းသားတွေကို တရုတ်က လှူဒါန်းတဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းကို ထိုးနှံပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ” သရက်မှာ ထိုးနေပါပြီ၊ ၅ နှစ်တွေ ထိုးပေးနေတာပါ။…

Read More

တာချီလိတ်က နစကထောက်ခံပွဲ ဗုံးခွဲသူကို သေဒဏ်နဲ့ထောင်ဒဏ်တွေချမှတ်

ဇွန် ၂-၂၀၂၂ GG(VOM) တာချီလိတ်မြို့မှာပြုလုပ်ခဲ့တဲ့ နစက ထောက်ခံပွဲကို ဗုံးခွဲခဲ့သူ၂ ဦးထဲက စိုင်းဆိုင်မိန်းဆိုသူကို တာချီလိတ်ခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ မနေ့က ဇွန်လ ၁ ရက်နေ့မှာ အမိန့်ချခဲ့တာဖြစ်ပြီး ပြစ်မှု့ကျူးလွန်းသူတွေက ထက်လင်းအောင်(ခ)ကိုထက်ကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ် မ ၅၂ အရထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပြီး စိုင်းဆိုင်မိန်းကို ရာဇဝတ်ဥပဒေ ၃၆၈ အရ သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။ ” မနေ့က အမိန့်ချလိုက်တာပါ။တယောက်ကတော့ ထောင်ဒဏ်၊တယောက်ကတော့ ဗုံးခွဲတာဟုတ်တယ်လို့ဝန်ခံတာကြောင့် ကြိုးမိန့်ပေးလိုက်တာလို့သိရတယ် ” လို့ ရှေ့နေတဦးကပြောပါတယ်။ အဲ့ဒီပြစ်မှုတွေအတွက် အယူခံဝင်လိုပါက ၇ရက်အတွင်း ရှေ့နေငှါးပြီး အယူခံဝင်ခွင့်ပြုတယ်လို့လည်းသိရပါတယ်။ တာချီလိတ်မြို့ နစက ထောက်ခံပွဲ ဗုံးခွဲတိုက်ခိုက်ခံရမှုကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထောက်ခံပွဲလုပ်နေချိန် လူအုပ်ထဲ ဗုံးပစ်ခတ်ဖောက်ခွဲခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီ ဗုံးခွဲခံရမှုကြောင့်လူ ၄…

Read More

ရွှေဘိုနဲ့ဝက်လက်ကြားက ရွာ၃၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရလို့ အခုထိ ကျောင်းမအပ်နိုင်သေး

ဇွန် ၊ ၂-၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်ရဲ့အရှေ့တောင်ဘက် ၊ ဝက်လက်မြို့နယ်ကြားက ကျေးရွာပေါင်း ၃၀ ကျော်ဟာ တိုက်ပွဲရှောင် ပြေးလွှားနေရတာကြောင့် အခြေခံပညာသင်ယူနိုင်ဖို့အတွက် ကျောင်းအပ်နှံတာတွေ ဒီကနေ့အထိ မလုပ်နိုင်သေးဘူးလို့ အဲ့ဒီရွာခံတွေဆီက သိရပါတယ်။ ” ရွာက မီးရှို့ခံထားရတယ် ၊ တချို့လည်း အခုထိ ဘေးလွတ်ရာကို တိမ်းရှောင်နေကြဆဲဖြစ်တယ် ၊ ရွာပြန်လာလို့လည်း အိမ်မရှိတော့တာကြောင့် ရောက်တဲ့နေရာမှာပဲ ပေကပ်နေတဲ့ သူတွေရှိတယ် ၊ ကလေးတွေ ကျောင်းနေဖို့ အရေးထက် ၊ မိသားစု အိမ်နဲ့ယာနဲ့ နေနိုင်ဖို့အရေးတောင် မလွယ်ဘူး “လို့ ဝက်လက်နယ်က စစ်ဘေးရှောင် ဒေသခံတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နောက်ပိုင်းကစလို့ ဒီကနေ့အထိ တိမ်းရှောင်နေရပြီး ရွာမီးလောင်သွားတဲ့အတွက် မိသားစု နေထိုင်ရေး အခက်ကြုံလာတဲ့နောက်ပိုင်း ကလေးတွေကျောင်းအပ်ဖို့…

Read More

ကမ္ဘာမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၅၅၀ ကျော်ရှိလာ

ဂျီနီဗာ၊ ဇွန်-၂-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာတ၀န်းမှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ လက်ရှိချိန်ထိ ၅၅၀ ကျော်ရှိလာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန် ၁ ရက်မှာ ပြောပါတယ်။ ဥရောပနိုင်ငံ ၁၂ နိုင်ငံမှာ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၃၂၁ ဦးထိရှိကြောင်း ဥရောပရှိ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနကလည်း ထုတ်ပြန်ထားပါတယ်။ ဗြိတိန်မှာ ရောဂါကူးစက်ခံရသူ ၁၉၆ ဦးရှိပြီး သြစတြေးလျ၊ ကနေဒါနဲ့ အမေရိကန်တို့မှာလည်း ရောဂါကူးစက်မှုတွေဖြစ်ပွားနေပါတယ်။ ဥရောပဒေသမှာ ရောဂါဖြစ်ပွားမှုဟာ ဧပြီလအစောပိုင်းကတည်းကဖြစ်ပြီး ပွဲလမ်းသဘင်တွေ သို့မဟုတ် ပါတီပွဲတွေမှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် ကူးစက်ပျံ့နှံ့သွားခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောပါတယ်။ ရောဂါကူးစက်ခံရသူတွေကို သီးခြားခွဲထားဖို့ ၊ အနီးကပ်ထိတွေ့မိသူတွေကို ခြေရာခံဖို့၊ ရောဂါစစ်ဆေးမှုနဲ့ အတည်ပြုတာတွေကို လျှင်မြန်စွာဖော်ထုတ်ဖို့နဲ့ ရောဂါဆိုင်ရာ အသိပညာတွေဖြန့်ဝေဖို့ နိုင်ငံတကာ အစိုးရတွေကို သူကတိုက်တွန်းပြောဆိုထားပါတယ်။ Ref: NHK…

Read More

တရုတ်ဘက်ခြမ်းထဲက သစ်သီးကားတွေအနေနဲ့ ဆေးစစ်စရာ မလိုတော့ဘူးလို့သိရ

ဇွန် ၂-၂၀၂၂ Shy V(VOM) မူဆယ်နယ်စပ်နဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံဘက်ခြမ်း ဝမ်တိန် သစ်သီးအရောင်းကွင်းကနေ တရုတ်ပြည်ထဲ ထွက်ခွာမယ့် သစ်သီးကုန်တင်ကားတွေအနေနဲ့ ဆေးစစ်စရာ မလိုတော့ဘဲ သွားလာဖို့အတွက် တရုတ်ဘက်က ဖြေလျှော့လိုက်ပြီဖြစ်တယ်လို့ နယ်စပ် ကုန်သည်တွေဆီက သိရပါတယ်။ “တရုတ်ပြည်တွင်း ထွက်ခွာမယ့်ကားတွေကို ဆေးစစ်စရာ မလိုတော့ဘူး။ အသီးကားတွေ အားလုံး ကားချိန်းပြီး ကိုယ်သွားချင်တဲ့ မြို့ကို သွားလို့ရပြီ”လို့ မြန်မာအသီး Exportကုန်သည် ၁ ဦးက ပြောပါတယ်။ တရုတ်ဘက် ဖြေလျှော့လိုက်တာကြောင့် မြန်မာဘက်ကနေ တရုတ်ဘက်ကို တင်ပို့နေတဲ့ အသီးတင်ပို့မှု ပိုမြန်လာပြီး အရောင်းသွက်လာတဲ့အပြင် အသီးအရည်အသွေး လတ်ဆတ်တာကြောင့် ဈေးကောင်းရလာမှာကိုလည်း မျှော်လင့်တယ်လို့ သစ်သီးကုန်သည် ၁ ဦးက ပြောပါတယ်။ “အရင်တုန်းက ဆေးစစ်မှုတွေနဲ့ဆိုတော့ အချိန်တွေက ကြာမြင့်တယ်လေ။ ဆေးစစ်ပြီးရင်လည်း သရက်သီးကားတွေ ၃ ရက်လောက် ကွာရန်တင်း…

Read More

တနိုင်းမြို့နယ်မှာ ကျောင်းအပ်နှံသူ နည်းပါးတာကြောင့် ကျောင်းတွေ တဝက်ပဲ ဖွင့်နိုင်သေး

ဇွန် ၊ ၂-၂၀၂၂ SP(VOM) ကချင်ပြည်နယ် ၊တနိုင်းမြို့နယ်မှာရှိတဲ့ အခြေခံပညာ စာသင်ကျောင်းတွေထဲက တဝက်လောက်သာ ကျောင်းပြန်ဖွင့်နိုင်ပြီး ကျန်တဲ့တဝက်လောက်က ပိတ်ထားရတယ်လို့ တနိုင်းပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” တနိုင်းမြို့နယ်မှာ အခြေခံပညာ စာသင်ကျောင်းပေါင်း ၃၄ ကျောင်းရှိတယ် ၊ အဲ့ဒီအထဲက ၁၅ ကျောင်းသာ ပြန်ဖွင့်နိုင်မှာဖြစ်ပြီး ကျန်တဲ့ ၁၉ ကျောင်းကတော့ လက်တလော ပြန်ဖွင့်နိုင်တဲ့ အခြေအနေမှာ မရှိသေးဘူး “လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ် ။ ဒါ့အပြင် တနိုင်းမြို့နယ်မှာ အရင်က ကျောင်းသား၊ကျောင်းသူစာရင်းအရ အခြေခံပညာ မူလတန်း၊အလယ်တန်း နဲ့ အထက်တန်း ကျောင်းသား ကျောင်းသူပေါင်း ၁၁၀၉၃ ဦးရှိတဲ့အနက်က မနေ့ ဇွန် ၁ ရက်အထိတော့ ကျောင်းအပ်နှံထားသူ ၅၈၉၆ ဦးသာရှိသေးတာကြောင့် အခုနှစ် ကျောင်းအပ်နှံထားတဲ့ ကျောင်းသား ကျောင်းသူ ရာခိုင်နူန်းဟာ…

Read More
VOM News

FREE
VIEW