တာချီလိတ်က နစကထောက်ခံပွဲ ဗုံးခွဲသူကို သေဒဏ်နဲ့ထောင်ဒဏ်တွေချမှတ်

ဇွန် ၂-၂၀၂၂
GG(VOM)

တာချီလိတ်မြို့မှာပြုလုပ်ခဲ့တဲ့ နစက ထောက်ခံပွဲကို ဗုံးခွဲခဲ့သူ၂ ဦးထဲက စိုင်းဆိုင်မိန်းဆိုသူကို တာချီလိတ်ခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

မနေ့က ဇွန်လ ၁ ရက်နေ့မှာ အမိန့်ချခဲ့တာဖြစ်ပြီး ပြစ်မှု့ကျူးလွန်းသူတွေက ထက်လင်းအောင်(ခ)ကိုထက်ကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ် မ ၅၂ အရထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပြီး စိုင်းဆိုင်မိန်းကို ရာဇဝတ်ဥပဒေ ၃၆၈ အရ သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။

” မနေ့က အမိန့်ချလိုက်တာပါ။တယောက်ကတော့ ထောင်ဒဏ်၊တယောက်ကတော့ ဗုံးခွဲတာဟုတ်တယ်လို့ဝန်ခံတာကြောင့် ကြိုးမိန့်ပေးလိုက်တာလို့သိရတယ် ” လို့ ရှေ့နေတဦးကပြောပါတယ်။

အဲ့ဒီပြစ်မှုတွေအတွက် အယူခံဝင်လိုပါက ၇ရက်အတွင်း ရှေ့နေငှါးပြီး အယူခံဝင်ခွင့်ပြုတယ်လို့လည်းသိရပါတယ်။

တာချီလိတ်မြို့ နစက ထောက်ခံပွဲ ဗုံးခွဲတိုက်ခိုက်ခံရမှုကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထောက်ခံပွဲလုပ်နေချိန် လူအုပ်ထဲ ဗုံးပစ်ခတ်ဖောက်ခွဲခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီ ဗုံးခွဲခံရမှုကြောင့်လူ ၄ ဦး သေဆုံးခဲ့ပြီး၊ ၃၄ ဦး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တာချီလိတ် #ဗုံးခွဲသူ #သေဒဏ်ချမှတ်

Related posts

Leave a Comment

VOM News

FREE
VIEW