ဇွန် ၃-၂၀၂၂
KT(VOM)
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဦးမင်းသူတို့ကို နေ့ မနက်ပိုင်းရုံးချိန်းမှာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၃၀-က နဲ့စွဲချက်တင် အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီအမှုရဲ့တရားလိုဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင် ဆိုသူဖြစ်ပြီး တရားစွဲခံရသူတွေဟာ (၂၀၂၀) ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို မလျော်သြဇာလွမ်းမိုးတယ်ဆိုပြီး ပုဒ်မ ၁၃၀-ကနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိမှာ အမှုပေါင်း (၆)မှုအတွက် ထောင်ဒဏ် (၁၁)နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေသေးတဲ့ အမှုပေါင်း (၁၁)မှုနဲ့ ဆက်လက်တရားရင်ဆိုင်ရအုံးမှာလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲအမှု ပုဒ်မ ၁၃၀-က ဟာ ထောင်ဒဏ် (၃)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေအရ သိရပါတယ်။
#voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #ရွေးကောက်ပွဲဥပဒေနဲ့ #စွဲချက်တင်