နစကကောင်စီနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ EAO အဖွဲ့ ဒုတိယအကြိမ် ထပ်မံဆွေးနွေးမယ်

ဇူလိူင် ၂၇-၂၀၂၂
KK(VOM)

နစကကောင်စီနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) ၉ဖွဲ့ဟာ ဒုတိယအကြိမ်ထပ်မံဆွေးနွေးသွားမယ်လို့ နစကသတင်းထုတ်ပြန်ရေးကနေ သိရပါတယ်။

ဒုတိယအကြိမ်ထပ်မံဆွေးနွေးဖို့ ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ၁၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဒုဝန်ကြီးကပြောခဲ့တာဖြစ်ပါတယ်။

“ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်န
က်ကိုင်အဖွဲ့ ၇ ဖွဲ့ လက်မှတ်မထိုးထားက ၂ ဖွဲ့ က နိူင်ငံ
တော်ဝန်ကြီးချုပ်နဲ့ ဆွေးနွေးပြီးဖြစ်တယ်၊ တွေ့ပြီးတဲ့အဲ့ဒီအဖွဲ့တွေနဲ့ပဲ ဒုတိယအကြိမ် ထပ်ပြီးဆွေးနွေးဖို့ လုပ်နေတယ်”လို့ သူကပြောပါတယ်။

နစကကောင်စီဟာ ဧပြီ၂၂ က ငြိမ်းချမ်းရေးရရှိဖို့နဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တိုင်း
ရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ခေါင်းဆောင်တွေကို ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ဖိတ်ခေါ်ပြီးနောက်မှာ မေလ၂၀ ရက်ကစပြီး ဇူလိုင်လ ၈ ရက်နေ့အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ RCSS/SSA၊ NMSP၊ KNU/KNLA-PC၊ UWSP/UWSA၊ NDAA၊ ALP၊ PNLO၊ LDU၊ DKBA တို့က နစကဥက္ကဋ္ဌ နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နစကကော
င်စီတို့ ဒုတိယအကြိမ်ထပ်မံဆွေးနွေးမယ့် နေ့ရက်ကိုတော့ အတိအကျမသိရသေးပါဘူး။

နစကကောင်စီက ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို KNU၊ KIO/KIA၊ CNF နဲ့ ABSDF အစရှိတဲ့ လက်နက်ကိုင်အဖွဲ့အသီးသီးက တက်ရောက်ဆွေးနွေးမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့လတွေက ထုတ်ပြန်ကြေညာခဲ့တာလည်း ရှိပါတယ်။

#voiceofmyanmar #VOM #နစက #EAOအဖွဲ့ #ဒုတိယအကြိမ်ထပ်မံဆွေးနွေးမယ်

Related posts

Leave a Comment

VOM News

FREE
VIEW