မြန်မာနိုင်ငံမှာ သေဒဏ်ပေးစီရင်မှု တရုတ်နဲ့ရုရှားအပါအ၀င် ကုလလုံခြုံရေးကောင်စီ ရှုတ်ချ

နယူးယောက်၊ ဇူလိုင်-၂၈-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ သေဒဏ်ပေးစီရင်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇူလိုင် ၂၇ ရက်မှာ တညီတညွှတ်တည်း ရှုတ်ချလိုက်ပြီး မြန်မာ့အရေးဆွေးနွေးမှုတွေမှာ ကန့်ကွက်လေ့ရှိတဲ့ တရုတ်နဲ့ ရုရှားတို့ ပါ၀င်ခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေကို အပြည့်အ၀ လေးစားလိုက်နာဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အပြည့်အဝထောက်ခံသွားမှာဖြစ်သလို အချုပ်အခြာအာဏာ၊ လွတ်လပ်ခွင့်၊ နယ်မြေတည်တံ့ရေးနဲ့ စည်းလုံးညီညွတ်ရေးအတွက် ခိုင်မာတဲ့ ကတိက၀တ်တွေပေးတယ်လို့ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော်အပါအ၀င် လေးဦးကို ပြစ်ဒဏ်စီရင်လိုက်ကြောင်း မြန်မာအာဏာပိုင်တွေက မကြာသေးမီက ထုတ်ပြန်ခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ အဓိကကုန်သွယ်ဖက်နဲ့ ကာလရှည်ကြာမဟာမိတ် တရုတ်နိုင်ငံကလည်း လုံခြုံရေးကောင်စီရဲ့ သဘောထားတဲ့ အာဆီယံဥက္ကဌရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုတယ်လို့ ပြောပါတယ်။

အခြေခံအဆောက်အအုံ၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာရာ အဆောက်အအုံတွေကို တိုက်ခိုက်တာတွေအပါအ၀င် အကြမ်းဖက်မှုပုံစံမှန်သမျှကို ချက်ချင်းရပ်တန့်ဖို့တောင်းဆိုထားတဲ့ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ အရေးကြီးတဲ့ထုတ်ြပန်ချက်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စာလှယ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုပါတယ်။

Ref: AP
Photo:AP
#voiceofmyanmar #VOM #နယူးယောက်

Related posts

Leave a Comment

VOM News

FREE
VIEW