တောင်ငူမှာ စားသောက်ဆိုင်မီးလောင်ပြီး လူတဦး သေဆုံး

ဇူလိူင် ၂၉-၂၀၂၂ GG(VOM) တောင်ငူမြို့၊ ခေမာလမ်းက မိုးကောင်းကင် စားသောက်ဆိုင်မှာ ဒီနေ့ ဇူလိူင်၂၉ ရက် မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဆိုင်အတွင်းရှိ လေဖြတ်ဝေဒေနာသည် အမျိုးသားတဦး မီးလောင်သေဆုံးသွားတယ်လို့သိရတယ်။ သေဆုံးသူ အမျိုးသားမှာ အသက် ၇၀ ဝန်းကျင်ရှိပြီး လေဖြတ်ဝေဒနာခံစားနေရတဲ့ ဦးမြင့်လွင်ဆိုသူဖြစ်ကာ ရုပ်အေလာင်းက တစစီဖြစ်နေတယ်လို့ သိရပါတယ်။ ” သတင်းရလို့သွားတာ ၆ နာရီကျော်လောက်ပါ ။အဲ့ဒီမှာက လူကြီး ၂ယောက်ရှိတယ် အဖွားကြိးကိုကျတော့အချိန်မီဆေးရုံပို့လိုက်နိုင်တယ်။ဦးလေးကိုတော့ မီးထဲကနေဆွဲထုတ်ရတယ်။သူက အပေါ်ထပ်မှာနေတာဆိုတော့ မီးလည်းလောင်ရော အခန်းကပြိုကျပြီး မီးညွှန်ကြောင့် ထက်ပိုင်းပြတ်သွားတယ်ထင်တယ်။ ပထမဆုံး တပိုင်းပဲရတယ် နောက်တော့မှ အပိုင်းအစတွေထပ်ရှာရတယ်။ ၂ ခေါက်သွားပို့ရတာပေါ့ ” လို့ မီးငြိမ်းသတ်ပြီး ကူညီကယ််ရေးလုပ်ခဲ့တဲ့ တောင်ငူအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ T.E.R.T က အဖွဲ့ဝင်တဦးကပြောပါတယ် ။ မိုးကောင်ကင်ဆိုင်မီးလောင်မှုမှာ Level 3 အဆင့်ရှိကြောင်း ၊…

Read More

ရန်ကုန်မှာပြုလုပ်တဲ့ NUG နဲ့ PDF ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲ ဘူးလက်လှဆွေဦးဆောင်ပြုလုပ်

ဇူလိုင် ၂၉၊၂၀၂၂ KK(VOM) ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီကနေ့မနက်ပိုင်းက (NUG)နဲ့PDF တွေရဲ့လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြပွဲကို လူအင်အားရာနဲ့ချီကာ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အဲ့ဒီဆန္ဒပြပွဲကို ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သူ ဘူးလက်လှဆွေနဲ့ အမျိုးသားရေးသမားတွေက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “NUG အစိုးရနဲ့ PDF တွေရဲ့ လုပ်ရပ်ကို ကန့်ကွက်တယ်ပြီးတော့ သေဒဏ်ပေးတဲ့အပေါ်ထောက်ခံတယ်လို့ ဘူးလက်လှဆွေက ဟောပြောပွဲမှာ ပြောတယ်”လို့ သူက ပြောပါတယ်။ ဘူးလက်လှဆွေ၊အမျိုးသားရေးသမား ဦးထိန်ဝင်းတို့က ဟောပြောပြီးနောက် “အကြမ်းဖက်အစိုးရရဲ့လုပ်ရပ်များ ဆန့်ကျင်ကြ ၊ အပြစ်မဲ့ရဟန်းသံဃာသတ်သူများ ဆန့်ကျင်ကြ၊ နိူင်ငံတော်ထိခိုက်မည့်အကြမ်းဖက်လုပ်ရပ်များ ဆန့်ကျင်ကြ “စတဲ့ကြွေးကြော်သံတွေနဲ့ အခမ်းအနားရုပ်သိမ်းခဲ့တယ်လို့မြို့ခံတွေဆီက သိရပါတယ်။ ဆန္ဒပြပွဲကို ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊အမျိုးသားရေးလှုပ်ရှားသူ အင်အား ၅ရာကျော်နဲ့ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြီးခဲ့တဲ့လတွေကလည်း တပ်မတော်ထောက်ခံပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။ #voiceofmyanmar #VOM…

Read More

မြန်မာနိုင်ငံမှာ သေဒဏ်ပေးစီရင်မှု တရုတ်နဲ့ရုရှားအပါအ၀င် ကုလလုံခြုံရေးကောင်စီ ရှုတ်ချ

နယူးယောက်၊ ဇူလိုင်-၂၈-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ သေဒဏ်ပေးစီရင်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇူလိုင် ၂၇ ရက်မှာ တညီတညွှတ်တည်း ရှုတ်ချလိုက်ပြီး မြန်မာ့အရေးဆွေးနွေးမှုတွေမှာ ကန့်ကွက်လေ့ရှိတဲ့ တရုတ်နဲ့ ရုရှားတို့ ပါ၀င်ခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေကို အပြည့်အ၀ လေးစားလိုက်နာဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အပြည့်အဝထောက်ခံသွားမှာဖြစ်သလို အချုပ်အခြာအာဏာ၊ လွတ်လပ်ခွင့်၊ နယ်မြေတည်တံ့ရေးနဲ့ စည်းလုံးညီညွတ်ရေးအတွက် ခိုင်မာတဲ့ ကတိက၀တ်တွေပေးတယ်လို့ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော်အပါအ၀င် လေးဦးကို ပြစ်ဒဏ်စီရင်လိုက်ကြောင်း မြန်မာအာဏာပိုင်တွေက မကြာသေးမီက ထုတ်ပြန်ခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ အဓိကကုန်သွယ်ဖက်နဲ့ ကာလရှည်ကြာမဟာမိတ် တရုတ်နိုင်ငံကလည်း လုံခြုံရေးကောင်စီရဲ့ သဘောထားတဲ့ အာဆီယံဥက္ကဌရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုတယ်လို့ ပြောပါတယ်။ အခြေခံအဆောက်အအုံ၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာရာ အဆောက်အအုံတွေကို တိုက်ခိုက်တာတွေအပါအ၀င်…

Read More

အီရတ်မှာ ဆန္ဒပြသူထောင်ပေါင်းများစွာက ပါလီမန်ကို ၀င်ရောက်စီးနှင်း

ဘဂ္ဂဒက်၊ ဇူလိုင်-၂၈-၂၀၂၂ မျိုးဆက်(VOM) အီရတ်နိုင်ငံမှာ ထောင်ပေါင်းပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဘဂ္ဂဒက်မြို့ရှိ လုံခြုံရေး တင်းကြပ်တဲ့ နေရာကို ချိုးဖောက်၀င်ရောက်ပြီး ပါလီမန်အဆောက်အအုံကို ဇူလိုင် ၂၇ ရက်မှာ ၀င်ရောက်စီးနှင်းခဲ့ကြပါတယ်။ ဘာသာရေးခေါင်းဆောင် မက်တာဒါအယ်လ်ဆာဒါကို ထောက်ခံသူတွေဟာ ၀န်ကြီးချုပ်အဖြစ် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတဦးကို အမည်စာရင်းတင်သွင်းခြင်းအပေါ် ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ မစ္စတာဆာဒါရဲ့ နိုင်ငံရေးမဟာမိတ်အဖွဲ့ဟာ အောက်တိုဘာလမှာ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးအနိုင်ရရှိခဲ့ပေမယ့်လည်း နိုင်ငံရေးအကျပ်အတည်းကြောင့် အာဏာရယူနိုင်ခြင်းမရှိခဲ့ပါဘူး။ နိုင်ငံရဲ့ ပြိုင်ဘက်နိုင်ငံရေးအုပ်စုများအကြား အငြင်းပွားမှုတွေကြောင့် အစိုးရသစ်ဖွဲ့စည်းရေး အတားအဆီးတွေဖြစ်ပေါ်နေပြီးနောက် ကိုးလအကြာမှာယခုကဲ့သို့ မငြိမ်မသက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ ဖြိုခွင်းခဲ့ပြီး အခင်းဖြစ်ပွားချိန်မှာ ပါလီမန်အတွင်း၌ လွှတ်တော်အမတ်တွေရှိမနေခဲ့ပါဘူး။ ပါလီမန်ကို၀င်စီးပြီး ခုံတွေပေါ်မှာ သီချင်းဆို ကခုန်နေကြတဲ့ ဆန္ဒပြသူတွေကို အဆောက်အအုံအတွင်းကနေ ထွက်ခွာကြဖို့ လက်ရှိ၀န်ကြီးချုပ် မူစတာဖာအယ်လ်ကာဒီမီက တိုက်တွန်းပြောဆိုထားပါတယ်။ Ref: BBC…

Read More

တရုတ်နိုင်ငံ ဝူဟန်မှာ ကိုဗစ်ကူးစက်မှုတွေကြောင့် လူတသန်းနီးပါးကို လော့ခ်ဒေါင်းချ

ပေကျင်း၊ ဇူလိုင်-၂၈-၂၀၂၂ မျိုးဆက်(VOM) ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ ဆင်ခြေဖုံးရှိ လူတသန်းနီးပါးကို ဇူလိုင် ၂၇ ရက်မှာ သွားလာမှုကန့်သတ်ပြီး အာဏာပိုင်တွေက လော့ခ်ဒေါင်းချလိုက်ပါတယ်။ အဲဒီဒေသမှာ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လေးဦးတွေ့ရှိပြီးနောက် ဒေသခံတွေကို နေအိမ်တွေမှာဘဲ သုံးရက်ကြာနေထိုင်ကြဖို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ လူ ၁၂ သန်းနေထိုင်တဲ့ ဝူဟန်မြို့မှာ ပုံမှန်စစ်ဆေးမှုတွေပြုလုပ်စဉ်အတွင်း ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူ နှစ်ဦးကို တွေ့ရှိခဲ့ပြီး သူတို့နဲ့အနီးကပ်ထိတွေ့ခဲ့သူနှစ်ဦးမှာလည်း ကူးစက်မှုတွေ တွေ့ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အစုလိုက်အပြုံလိုက်စမ်းသပ်မှုတွေ၊ တင်းကြပ်တဲ့ကွာရန်တင်းအစီအမံတွေနဲ့ ဒေသအလိုက် ပိတ်ဆို့ကန့်သတ်ခြင်းအပါအ၀င် ကိုဗစ်-၁၉ ရောဂါလုံး၀ကူးစက်မှုမရှိရေး မူဝါဒကို ကျင့်သုံးနေပြီး ဒီမူဝါဒကြောင့် အခြားနိုင်ငံများထက် သေဆုံးမှုနှုန်း နည်းပါးနေပါတယ်။ ဒါပေမယ့် လူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် တင်းကြပ်တဲ့ ကန့်သတ်မှုတွေဆက်လက် ချမှတ်နေတဲ့ အပေါ် ကန့်ကွက်မှုတွေလည်း ကြီးထွားလာနေပါတယ်။ Ref: BBC…

Read More

မြန်အောင်မှာ တနှစ်ကျော်အတွင်း ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ လူနေအိမ် ၉၀ ကျော်ထိ ရှိလာ

ဇူလိုင်၊ ၂၈-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်ထဲမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ခုနှစ် ဇူလိုင် ၂၆ ရက် တနှစ်နဲ့ ၇လအတွင်း ပညာရေးဝန်ထမ်း ၉ ယောက်ရဲ့နေ အိမ်တွေအပါအဝင် လူနေအိမ်တွေ ချိပ်ပိတ်သိမ်းဆည်းခံရတာ နေအိမ်၉၀ကျော်ရှိနေပြီလို့ ဒေသခံတွေဆီကနေသိရပါတယ်။ ”ချိပ်ပိတ်ခံရတဲ့ နေအိမ်တွေက CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်း ကိုပြည်ဖြိုးနဲ့အခြား ၉ ယောက်အိမ် တွေပါ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတဲ့ ကိုရဲ (ခ)ကိုဝင်းကိုကိုမောင်နဲ့ ကိုဥက္ကာဖြိုးတို့ရဲ့နေအိမ်တွေလည်းပါတယ်၊တနှစ်ကျော် အတွင်းမှာဆိုရင်တော့ ချိပ်ပိတ်ခံရတဲ့နေအိမ်ဟာ ၉၀ ကျော်သွားပါပြီ”လို့ မြန်အောင်မြို့ခံတယောက်ကပြောပါ တယ်။ မြန်အောင်မြို့နယ်ထဲမှာ ချိပ်ပိတ်ခံရတဲ့နေအိမ်တွေဟာ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ ၄၂ ယောက်ရဲ့နေအိမ် ၄၂ လုံး၊NLD ပါတီဝင် ၃၂ ယောက်ရဲ့နေအိမ် ၃၂ လုံး၊ ပညာရေးဝန်ထမ်း ၉ ယောက်ရဲ့နေအိမ် ၉ လုံး၊ တရားမဝင်အဖွဲ့တွေနဲ့ ပတ်သက်မှုရှိတယ်ဆိုသူ ၁၀…

Read More

ခင်ဦးမြို့နယ်ထဲမှာ ရွာ ၉ ရွာ မီးရှို့ခံရပြီး ၊ လူ ၇ ဦး သေဆုံးကာ အဖမ်းခံရသူတွေလည်းရှိ

ဇူလိုင် ၊ ၂၈ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၉ ရွာဟာ အခုလ ၁၇ ရက်ကနေ ၂၇ ရက်အထိ ၁၀ ရက်တာ ကာလအတွင်း လူနေအိမ်နဲ့ အဆောက်အအုံ ၃၂ ခု မီးရှို့ခံရပါတယ်။ မီးလောင်မှုတွေကြောင့် မီးလောင်သေဆုံးထားရသူဟာလည်း ၅ ဦးထက်မနည်း ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” မီးရှို့ခံရတဲ့ရွာက ၉ ရွာ ၊ ပျက်ဆီးဆုံးရှုံး နေအိမ်က ၃၂ လုံး ၊ သေဆုံးသူက ၇ ဦး ၊ အဖမ်းခံရသူကလည်း ၆ ဦးရှိတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။…

Read More

လိမ်တာ ကလိန်တာ၊ ညာတာတွေ၊ ပွေတတ်သမျှပွေ

ဆူးငှက် ““မန္တလေးဆို ..ရွှေမြို့၊ တို့ရတနာပုံနေပြည် … တင့်တယ်သာယာစည်ကား … ဟိုတုန်းအခါကလေ … အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာ စီမံကြံစို့လေ …””တဲ့။ သီချင်းရေး ဆရာအေဝမ်း ဆရာညှာနဲ့ မြို့မအသင်းကြီးက စစ်ကြီးအပြီး မန္တလေးပြန်အဝင်မှာ မန္တလေးပြန်လည်ထူထောင်ရေးအတွက် အားကောင်းမောင်းသန် ပြန်လည်ကြိုးစားကြဖို့ အားပေးခဲ့ပေမယ့် လူတွေက ပန်းနေပြီ။ ခြေကုန်လက်ပန်း ကျနေကြပြီ။ ကမ္ဘာစစ်ကြီးကြောင့် မြို့မှာ ပြာဘုံဘဝရာက်ရှိသွားခဲ့သည့် အတွက် ကိုယ့်အိုး ကိုယ့်အိမ်နေရာကိုပင် မနည်းပြန်လည်ရှာဖွေကာ ဖြစ်သလို ယာယီတဲထိုး၍ နေကြရသည်။ ကမ္ဘာစစ်ကြောင့် ပျက်စီးသွားသော မြို့ပြကြီး ပြန်လည်ထူထောင်ရေးအတွက် ကာယကံရှင် မြို့သူမြို့သားများ၏ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စိတ်ဓာတ်ပြင်းပြမှု၊ စိတ်ဓာတ်အားမာန်များ စွမ်းစွမ်းတမံရှိရေးကား အထူးလိုအပ်လှပေသည်။ ကမ္ဘာစစ်ကြီးက ရုပ်ဝတ္ထုပျက်စီးစေမှုများ သာမက စိတ်ဓာတ်ရေးရာ ပျက်စီးစေမှု“ဆိုးမွေ”များကို တနင့်တပိုးပေးခဲ့ချေပြီ။ နိုင်ငံခြားသား စစ်သားများနှင့် အတူပါလာသော အသောက်အစား၊ အပျော်အပါး၊လောင်းကစားမှု…

Read More

အိုင်အက်စ်အက်စ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေ နှုတ်ထွက်ပြီး ကိုယ်ပိုင်အာကာသစခန်း ရုရှား တည်ဆောက်တော့မယ်

မော်စကို ၊ ဇူလိုင်-၂၇-၂၀၂၂ မျိုးဆက်(VOM) ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ရုရှားဟာ နိုင်ငံတကာအာကာသစခန်း(အိုင်အက်စ်အက်စ်) မှာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ နှုတ်ထွက်ပြီး ကိုယ်ပိုင်အာကာသစခန်းကို တည်ဆောက်တော့မယ်လို့ ရုရှားနိုင်ငံက ဇူလိုင် ၂၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ဟာ အခြားသော မဟာမိတ်တွေနဲ့အတူ နိုင်ငံတကာအာကာသစခန်းမှာ ၁၉၉၈ ခုနှစ်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေကို အောင်မြင်စွာလုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် ရုရှားကယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဆက်ဆံရေးယိုယွင်းလာခဲ့ပြီး အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာအာကာစခန်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ နှုတ်ထွက်မယ်လို့ ရုရှားက ယခင်ကတည်းက ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာအာကာသစခန်းမှာ လုပ်ဆောင်နေတဲ့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွေကနေ နှုတ်ထွက်မယ့် ရုရှားရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး တရား၀င်အသိပေးချက် တစုံတရာမရရှိသေးကြောင်း နာဆာက ပြောဆိုထားပါတယ်။ အာကာသအေဂျင်စီငါးခုပါ၀င်တဲ့ ပူးပေါင်းစီမံကိန်းဖြစ်တဲ့ နိုင်ငံတကာအာကာသစခန်းဟာ ၁၉၉၈ ခုနှစ်ကတည်းက ကမ္ဘာပတ်လမ်းကြောင်းမှာ လည်ပတ်နေခဲ့ပြီး ထောင်နဲ့ ချီတဲ့ သိပ္ပံစမ်းသပ်မှုတွေပြုလုပ်ဖို့…

Read More

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ မိုးကြိုးပစ်လို့ တရက်ထဲ လူ ၂၀ သေဆုံး

ဒေလီ၊ ဇူလိုင်-၂၇-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ ခရိုင်ရှစ်ခုမှာ မိုးကြိုးပစ်မှုတွေကြောင့် တရက်ထဲ လူ ၂၀ သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာ အဲဒီပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မိုးကြိုးမုန်တိုင်းတွေ ပိုမိုဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သတာ၀န်ရှိသူတွေက ခန့်မှန်းထားပါတယ်။ ဒေသခံတွေအနေနဲ့ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်တွေရဲ့လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ ပြည်နယ်၀န်ကြီးချုပ် နစ်ရ်ှကူးမားက တိုက်တွန်းထားပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် ဂရုဏာကြေး ရူပီးလေးသောင်းစီ ပေးအပ်ထားကြောင်း ပြည်နယ်၀န်ကြီးချုပ်က ဇူလိုင် ၂၆ ရက်မှာပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ မုတ်သုန်မိုးရွာသွန်းတဲ့ ကာလတွေမှာ မိုးကြိုးပစ်တာတွေကြောင့် နှစ်စဉ်နှစ်တိုင်း လူရာနဲ့ချီပြီး သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မိုးကြိုးပစ်မှုကြောင့် သေဆုံးမှုမြင့်မားရတဲ့ အကြောင်းရင်းတွေထဲကတခုကတော့ အိန္ဒိယနိုင်ငံမှာ အဆောက်အအုံတွေပြင်ပမှာ အလုပ်လုပ်ကိုင်သူတွေဟာ အခြားသောနိုင်ငံတွေထက် ပိုမိုများပြားတာကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…

Read More
VOM News

FREE
VIEW