ကျူးဘားဒုံးကျည်အရေးနောက်ပိုင်း နျူကလီးယားခြိမ်းခြောက်မှုအန္တရာယ် အမြင့်ဆုံးဖြစ်နေကြာင်း အမေရိကန်သမ္မတ သတိပေး

၀ါရှင်တန်၊ အောက်တိုဘာ-၇-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာပေါ်မှာ ကျူးဘားဒုံးကျည်အရေးပြီးနောက်ပိုင်း နျူကလီးယားခြိမ်းခြောက်မှုအန္တရာယ်ဟာ အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အောက်တိုဘာ ၆ ရက်တွင် သတိပေးပြောဆိုလိုက်သည်။ ရုရှားဟာ ယူကရိန်းစစ်မြေပြင်မှာ အခက်အခဲတွေကြုံခဲ့ရပြီးနောက် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ အသုံးပြုမယ်လို့ ရုရှားသမ္မတပူတင်ရဲ့ပြောဆိုမယ်ဆိုရင် ဒါကို ဟာသမဟုတ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။ ရုရှားဟာ နျူကလီးယားလက်နက်၊ ဇီ၀ သို့မဟုတ် ဓါတုလက်နက် ဟာသမဟုတ်ဘူးလို့ ပြောရတဲ့အကြောင်းကတော့ ရုရှားစစ်တပ်ရဲ့စွမ်းဆောင်ရည်ဟာ သိသိသာသာနိမ့်ပါးနေတာကြောင့်လို့ ပြောနိုင်ကြောင်း သူကဆိုပါတယ်။ ၁၉၆၂ ခုနှစ်မှာ အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတို့ဟာ သမ္မတ ဂျွန်အက်ဖ်ကနေဒီနဲ့ နီကီတာခရုရှော့ဗ် လက်ထက်က ကျူးဘားမှာ ရုရှားရဲ့နျူကလီးယားလက်နက်တွေဖြန့်ကြက်မှုနဲ့ပတ်သက်ပြီး နျူကလီးယားစစ်ပွဲဖြစ်လုနီးနီးထိ ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ယူကရိန်းကို ရုရှားက နျူကလီးယားဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အလေးအနက် သတိထားသင့်ကြောင်း အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ယခင်က ထုတ်ဖော်ပြောဆိုထားခဲ့ဖူးပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…

Read More

မြောက်ဥက္ကလာပက ဖုန်းဆိုင်တဆိုင် ဖောက်ထွင်းခံရပြီး သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ဖုန်းနဲ့ငွေတွေ ခိုးယူခံရ

အောက်တိုဘာ ၇ – ၂၀၂၂ SN (VOM) ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းက WiNn Mobile Yangon ဆိုင်ခွဲတစ်ခု ဖောက်ထွင်းခံရလို့ ကျပ်သိန်း ၅၀၀ ကျော် တန်ဖိုးရှိတဲ့ ဖုန်းနဲ့ငွေတွေ ခိုးယူခံရတယ်လို့ သိရပါတယ်။ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရမိဖို့အတွက် လုပ်ဆောင်နေတယ်လို့ WiNn Mobile Yangon ဆိုင်ရဲ့ ဆိုင်တာဝန်ခံ ကိုရဲထက်ကိုကိုက ပြောပါတယ်။ “ဖုန်းအရေအတွက်ကတော့ ခန့်မှန်းချေ အလုံး ၅၀ ၊ ၆၀ ကျော်လောက်တော့ ပါသွားတယ်။ ငွေသားတချို့လည်း ပါသွားပါတယ်။ အရေအတွက်အတိအကျကတော့ ဒီအချိန်မှာ ပြောလို့မရသေးပါဘူး။ ဆိုင်ကို ဒီနေ့တစ်ရက်တော့ ခဏပိတ်ထားပေမယ့် နက်ဖြန်ဆိုရင်တော့ ပြန်ဖွင့်ဖို့ရှိတယ်။ ပုံမှန်အတိုင်း လာရောက်အားပေးနိုင်ပါတယ်” လို့ သူက ပြောပါတယ်။ ဖောက်ထွင်းခံရခြင်းကို အောက်တိုဘာ ၇…

Read More

ကလေးငယ် ၆၆ ဦးသေဆုံးပြီးနောက် အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေး ၄မျိုးကို ထုတ်ကုန် သတိပေးချက်အဖြစ် WHO ထုတ်ပြန်

ဂျီနီဗာ၊ အောက်တိုဘာ-၇-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ဟာ အိန္ဒိယနိုင်ငံမှထုတ်လုပ်တဲ့ ချောင်းဆိုးပျောက်ဆေး လေးမျိုးနဲ့ပတ်သက်ပြီး အောက်တိုဘာ ၆ ရက်မှာ သတိပေးချက်ထုတ်ပြန်လိုက်ပြီး အဲဒီဆေးတွေဟာ ဂမ်ဘီယာနိုင်ငံမှာ ကလေးငယ် ၆၆ ဦးသေဆုံးမှုနဲ့ ဆက်နွယ်နေတယ်လို့ ပြောပါတယ်။ အနောက်အာဖရိကရှိ ဂမ်ဘီယာနိုင်ငံမှာ ကျောက်ကပ်ထိခိုက်ပျက်စီးမှုတွေကြောင့် ကလေးငယ်တွေသေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးပြီးနောက်မှာ အဲဒီချောင်းဆိုးပျောက်ဆေးတွေနဲ့ ဆက်နွယ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးလိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆေးဝါးထုတ်ကုန်သတိပေးချက်ထုတ်ပြန်ခဲ့တဲ့ ချောင်ဆိုးပျောက်ဆေးလေးမျိုးမှာ Promethazine Oral Solution ၊ Kofexmalin Baby Cough Syrup ၊ Makoff Baby Cough Syrup နဲ့ Magrip N Cold Syrup တို့ဖြစ်ပါတယ်။ ဆေးတွေကိုထုတ်လုပ်ခဲ့တဲ့ မိုင်ဒန်ဆေးဝါးကုမ္ပဏီနဲ့ အိန္ဒိယအာဏာပိုင်တွေနဲ့ အတူ ဒီကိစ္စအပေါ် နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ အဲဒီချောင်းဆိုပျောက်ဆေးရည်တွေကို…

Read More

ကမ္ဘာ့ကုန်သွယ်မှုတိုးတက်မှုနှုန်း လာမယ့်နှစ်မှာ သိသိသာသာ နှေးကွေးမယ်လို့ WTO သတိပေး

ဂျီနီဗာ၊ အောက်တိုဘာ-၇-၂၀၂၂ မျိုးဆက်(VOM) စွမ်းအင်စျေးနှုန်းမြင့်တက်မှုနဲ့ အတိုးနှုန်းမြင့်တက်မှုတွေကြောင့် ကမ္ဘာ့ကုန်သွယ်မှု တိုးတက်မှုနှုန်းဟာ ၂၀၂၃ ခုနှစ်မှာ သိသိသာသာနှေးကွေးသွားဖွယ်ရှိကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က အောက်တိုဘာ ၅ ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။ ယနေ့ကမ္ဘာ့စီးပွားရေးဟာ ဘက်ပေါင်းစုံမှမကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အမေရိကန်အပါအ၀င် ကမ္ဘာ့နိုင်ငံအတော်များများရဲ့ တိုးတက်မှုအပေါ် သက်ရောက်နေကြောင်း၊ ယူကရိန်းစစ်ပွဲ ပဋိပက္ခများမြင့်တက်လာခြင်းဟာ ကမ္ဘာ့စီးပွားရေး မတည်မငြိမ်မှု ပိုမိုတိုးပွားလာစေတယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ပြောပါတယ်။ ဥရောပမှာလည်း မြင့်မားတဲ့ စွမ်းအင်စျေးနှုန်းတွေကြောင့် အိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အခက်တွေ့နေရကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြီးအကဲ အန်ဂိုဇီအိုကွန်ဂျိုအိုင်၀ယ်လာက ပြောပါတယ်။ ဒါ့အပြင် ငွေကြေးမူဝါဒတင်းကျပ်ခြင်းဟာလည်း နေအိမ်၀ယ်ယူအပါအ၀င် အမေရိကန်မှာ လုပ်ကိုင်နေတဲ့ ပုံသေရင်းနှီးမြုပ်နှံမှုတွေအပေါ် သက်ရောက်မှုတွေရှိလာမှာဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြီးအကဲက အောက်တိုဘာ ၅ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လောင်စာဆီ၊ အစားအစာနဲ့ ဓါတ်မြေသြဇာအတွက် ကုန်ကျစရိတ်တွေ မြင့်မားနေခြင်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ကြွေးမြီပြသနာတွေ ဖြစ်ပေါ်လာနိုင်ကြောင်း…

Read More

မကွေးတိုင်း ကံမမှာ နိုင်ငံသား အထောက်အထားမဲ့ခရီးသွားသူများ မိပြန်

အောက်တိုဘာ ၇၊ ၂၀၂၂ VOM (GG) မကွေး တိုင်း ၊ ကံမမြို့၊ကံမ-ပြကြီးကားလမ်းပေါ်က Express ကားပေါ်ကနေ နိုင်ငံသားအထောက်အထားမဲ့သူ ၁၈ ယောက်ကို မနေ့ အောက်တိုဘာလ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံသားအထောက်အထားမဲ့သူတွေကို ကံမ-ပြကြီးကားလမ်းမိုင်တိုင် ၁၂/၃ နဲ့ ၁၂/၄ မှာရပ်ထားတဲ့ Ak Ar Kar အဝေးပြေးကား ကားကို စစ်ဆေးရာကနေ ဖမ်းဆီးရမိ ခဲ့တာဖြစ်ပြီး ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်ကတော့ ထွက်ပြေးသွားတယ်လို့သိရပါတယ်။ ” ကားကရပ်ထားတာ ၊ကားသမားတွေ မတွေ့ရဘူး၊ လုံခြုံရေးအဖွဲ့တွေက ကားပေါ်တက်စစ်တော့ နိုင်ငံသားအထောက်ထားမဲ့သူတွေကို တွေ့ရတာ ၊ ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်ကမိတာ၊ ပျဉ်ထောင်ရွာနားမှာပါ၊ ခေါ်လာတဲ့ယာဥ်မောင်းတွေမမိတော့ အခြေအနေအသေးစိတ်က သေချာမသိရသေးဘူး ” လို့ ဒေသခံ ပရဟိတသမား တဦးက ပြောပါတယ်။…

Read More

မူဆယ်မြို့နယ်တရားသူကြီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံး

အောက်တိုဘာ ၆၊၂၀၂၂ KK(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ၆ရက် ညနေပိုင်းက နေအိမ်ကို ပြန်လာတဲ့ မြို့နယ်တရားသူကြီးကို အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မြို့နယ်တရားသူကြီးဟာ တရားရုံးကပြန်လာပြီး နမ္မတူ မိတ္တူဆိုင်အနီးမှာ စျေးဝယ်ပြီး ကားပေါ်အတက် ဆိုင်ကယ်စီးလာသူ နှစ်ဦးက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။ “စျေးဝယ်ပြီးကားပေါ်အတက် ကားစက်နိုးနေတဲ့အချိန်ဆိုင်ကယ်နဲ့ နှစ်ယောက်ရောက်လာပြီး တစ်ဦးက သေနတ်နဲ့ ကားမှန်ရှေကနေ ဆက်တိုက်ပစ်တာ ခြောက်ချက်လော က်ရှိမယ်”လို့ ပြောပါတယ်။ ပစ်ခတ်မှု့ကြောင့် ကျည်ထိမှန်ဒဏ်ရာလေးချက်နဲ့ မူဆယ်မြို့နယ်တရားသူကြီးမှာ အခင်းဖြစ်ရာနေရာမှာတင် သေဆုံးသွားတာ ဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “ဆိုင်ကယ်နဲ့လာတာ နှစ်ယောက် တစ်ယောက်က စက်နိုးထားတယ် တစ်ယောက်ကပစ်တယ် ချက်ချင်းမသေဘူး ကားကို စက်နိုး ကွေ့ပြီးမောင်းသွားသေးတယ်။ ကားကွေ့ပြီးမောင်းရုံပဲရတယ် ရတဲ့ဒဏ်ရာတွေနဲ့ ကားပေါ်မှာ သေသွားတာ”လို့ ရှင်းပြပါတယ်။…

Read More

လယ်သမားအရေးလုပ်တဲ့ ကိုအေးသိန်း ထောင်ဒဏ် နှစ် (၂၀) ကျော် ချမှတ်ခံရ

မန္တလေး ၊အောက်တိုဘာ ၆၊ ၂၀၂၂ Voice Of Myanmar ၂၀၂၀ ရွေးကောက်ပွဲမှာ သပိတ်ကျင်းမြို့နယ်ကနေ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ခဲ့နဲ့ ကိုအေးသိန်းကို ဒီကနေ့မှာ ခရိုင်တရားရုံးက ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၃နှစ်၊ ပုဒ်မ ၅၁(ဂ) နဲ့ ထောင်ဒဏ် ၈နှစ် သီးခြား စီကျခံစေဆိုပြီး အမိန့်ချလိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းက သိရပါတယ်။ ကိုအေးသိန်းဟာ အရင်က လတွေက ပုဒ်မ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်ချပြီးသားမို့ စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ် ကျခံရမှာဖြစ်ပါတယ်။ ကိုအေးသိန်းဟာ အန်အယ်ဒီ ပါတီဝင်ဟောင်းဖြစ်ပြီး ကလေးစစ်သား၊ လယ်သမားနဲ့ အလုပ်သမားအရေးတွေ ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် သပိတ်ကျင်းမြို့နယ်ရဲ့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန္တလေး…

Read More
VOM News

FREE
VIEW