မြောက်ဥက္ကလာပက ဖုန်းဆိုင်တဆိုင် ဖောက်ထွင်းခံရပြီး သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ဖုန်းနဲ့ငွေတွေ ခိုးယူခံရ

အောက်တိုဘာ ၇ – ၂၀၂၂
SN (VOM)

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းက WiNn Mobile Yangon ဆိုင်ခွဲတစ်ခု ဖောက်ထွင်းခံရလို့ ကျပ်သိန်း ၅၀၀ ကျော် တန်ဖိုးရှိတဲ့ ဖုန်းနဲ့ငွေတွေ ခိုးယူခံရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရမိဖို့အတွက် လုပ်ဆောင်နေတယ်လို့ WiNn Mobile Yangon ဆိုင်ရဲ့ ဆိုင်တာဝန်ခံ ကိုရဲထက်ကိုကိုက ပြောပါတယ်။

“ဖုန်းအရေအတွက်ကတော့ ခန့်မှန်းချေ အလုံး ၅၀ ၊ ၆၀ ကျော်လောက်တော့ ပါသွားတယ်။ ငွေသားတချို့လည်း ပါသွားပါတယ်။ အရေအတွက်အတိအကျကတော့ ဒီအချိန်မှာ ပြောလို့မရသေးပါဘူး။ ဆိုင်ကို ဒီနေ့တစ်ရက်တော့ ခဏပိတ်ထားပေမယ့် နက်ဖြန်ဆိုရင်တော့ ပြန်ဖွင့်ဖို့ရှိတယ်။ ပုံမှန်အတိုင်း လာရောက်အားပေးနိုင်ပါတယ်” လို့ သူက ပြောပါတယ်။

ဖောက်ထွင်းခံရခြင်းကို အောက်တိုဘာ ၇ ရက်၊ နံနက်ပိုင်း ဆိုင်ဖွင့်ချိန်မှာ သိခဲ့ရတာဖြစ်ပြီး ဖောက်ထွင်းသူ ဆိုင်အနောက်ဘက်ကနေ ဝင်ရောက်လာပြီးနောက် ဖုန်းနဲ့ ငွေသားတွေကို ယူဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဖုန်းဆိုင်ဖောက်ထွင်းမှု

Related posts

Leave a Comment

VOM News

FREE
VIEW