ကျိုက်ထီးရိုးတောင်တက်ဂိတ် ပစ်ခတ်မှုဖြစ်စဥ်ကြောင့် ထိုင်းကနေ လာရောက်မယ့် ဘုရားဖူးခရီးစဥ်တွေ ဖျက်သိမ်း

အောက်တိုဘာ ၁၄ – ၂၀၂၂ SN (VOM) အောက်တိုဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ပစ်ခတ်မှုဖြစ်စဥ်​ကြောင့် ထိုင်းခရီးသွားတွေအနေနဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်ကို ဖျက်သိမ်းမူတွေရှိနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။ အဲ့ဒီ့ ကျိုက်ထီးရိုး တောင်တက်ကားဂိတ် ပစ်ခတ်မှုဖြစ်စဉ်မှာ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “ထိုင်းခရီးသွားတွေက ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်ကို မဖြစ်မနေသွားလေ့ရှိတယ်။ ဒါပေမယ့် ဒီဖြစ်စဥ်ကြောင့် အောက်တိုဘာလအစမှာ ခရီးသွားကုမ္ပဏီတွေက ရောင်းထားတဲ့ ထိုင်းဘက်က ဘုရားဖူးမယ့်ခရီးစဥ်တွေ ဖျက်သိမ်းခံလိုက်ရပါတယ်။ ခရီးသွားလုပ်ငန်းအတွက်တော့ ဒီဖြစ်စဥ်ဟာ image တစ်ခုအထိပါ ထိခိုက်သွားတာပါ”လို့ ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ပြည်ပခရီးသွားဝင်ရောက်မှုဟာ လက်ရှိမှာ သုညရာခိုင်းနှုန်းသာရှိပြီး ပြည်တွင်း ပဋိပက္ခအခြေနေတွေကြောင့် ခရီးစဥ်ရေးဆွဲရာမှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။ “နယ်မြေအေးချမ်းတဲ့…

Read More

တိုယိုတာ ကားထုတ်လုပ်မှု ကားဈေးကွက်ကို ရိုက်ခတ်မှု အနည်းငယ်ရှိတယ်လို့ သိရ

အောက်တိုဘာ ၁၄ – ၂၀၂၂ SN (VOM) ရန်ကုန်သီလဝါ အထူးစီးပွားရေးဇုံက တိုယိုတာကားစက်ရုံမှာ ကားတပ်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းတွေ ပြန်လည် စတင်နေပြီး အဲ့ဒီ့လို ထုတ်လုပ်နေမှုဟာ ကားဈေကွက်အပေါ် ရိုက်ခတ်မှု အနည်းငယ်ရှိနေတယ်လို့ မော်တော်ကားရောင်းဝယ်ရေးအသင်းဗဟို (ရန်ကုန်)ကနေ သိရပါတယ်။ လက်ရှိမှာ တိုယိုတာစက်ရုံကနေ စက်တင်ဘာလက မြန်မာနိုင်ငံကိုတင်ပို့ထားတဲ့ ကားအစိတ်အပိုင်းတွေနဲ့ တစ်နေ့ကို ဟိုင်းလက်စ်ကား ၁ စီးကနေ ၂ စီးအထိ တပ်ဆင်ထုတ်လုပ်နေတာဖြစ်ပါတယ်။ “ရိုက်ခတ်မှုအနည်းအကျဉ်း ရှိတယ်ဆိုတာက သူက လျှော့ရောင်းမှာမဟုတ်ဘူးလေ။ အရင်တုန်းက SKD ပေးတဲ့အချိန်က ဒေါ်လာနဲ့တွက်ပြီး ဝယ်ရတဲ့အတိုင်းအတာက အဲ့တုန်းက တစ်ဒေါ်လာ ၁၅၀၀ ပဲရှိတယ်။ အခုက ၃၀၀၀ ဖြစ်နေပြီ။ ၂ ဆပဲလေ။ ဈေးကကျမှာတော့မဟုတ်ဘူး။ ပိုက်ဆံရှိတဲ့သူက အသစ်ပဲစစီးမယ်ဆိုရင်တော့ ဒီလိုအသစ်မျိုး၊ ဒီကားမျိုးပဲ ဝယ်စီးကြမှာပေါ့။ အပြင်မှာလည်း အသစ်နီးပါးလောက် ကားတွေရှိပါတယ်။ ဒါပေမယ့်…

Read More

ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်မသုံးဖို့ ရုရှားကို နေတိုးအဖွဲ့ သတိပေး

ဘရပ်ဆဲလ်၊ အောက်တိုဘာ-၁၄-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံတ၀န်းရှိမြို့ကြီးတွေကို ရုရှားက ဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ပြီးနောက် ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်မသုံးဖို့နဲ့ နေတိုးအဖွဲ့အကြီးအကဲ စတိုတန်ဘာ့ဂ်က ရုရှားကို သတိပေးလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားကနျူကလီးယားလက်နက်တွေအသုံးပြုလာမယ်ဆိုရင် ပဋိပက္ခတွေပြင်းထန်လာမှာဖြစ်ပြီး အလွန်အရေးကြီးတဲ့မျဉ်းကို ဖြတ်ကျော်လိုက်တာဖြစ်ကြောင်း နေတိုးအကြီးအကဲကပြောပါတယ်။ ရုရှားအနေနဲ့ ယူကရိန်းမှာ နျူကလီးယားလက်နက်တွေအသုံးပြုလာမယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ ရုရှားတွေသိကြောင်း ဘရပ်ဆဲလ်မှာပြုလုပ်တဲ့ နေတိုးကာကွယ်ရေး ၀န်ကြီးများအစည်းအဝေးအပြီးမှာ စတိုတန်ဘာ့ဂ်က သတင်းထောက်တွေကိုပြောပါတယ်။ နျူကလီးယားစစ်ပွဲဟာ ဘယ်တော့မှအောင်နိုင်မှာမဟုတ်တဲ့အတွက် မတိုက်သင့်ကြောင်း ၊ နေတိုးတပ်မှူးတွေအနေနဲ့ နျူကလီးယားလက်နက်အသုံးပြုဖို့ အခြေအနေမရှိကြောင်း သူကပြောပါတယ်။ ဒါပေမယ့် နျူကလီးယားထိပ်ဖူးတွေ သယ်ဆောင်ပစ်ခတ်နိုင်တဲ့ တိုက်လေယာဉ်တွေပါ၀င်တဲ့ စစ်ရေးလေ့ကျင့်မှုကို လာမယ့်သီတင်းပတ်မှာ နေတိုးကပြုလုပ်ဖို့ရှိနေပါတယ်။ ရုရှားနျူကလီးယားတပ်ဖွဲ့ကလည်း သူ့တို့ရဲ့နှစ်ပတ်လည်စစ်ရေးလေ့ကျင့်မှုကို ယခုလထဲမှာ ပြုလုပ်သွားဖွယ်ရှိပါတယ်။ Ref: NHK Photo:NHK #voiceofmyanmar #VOM #ဘရပ်ဆဲလ်

Read More

ဧရာဝတီတိုင်းမှာ အထည်ချုပ်လုပ်သား ၁၀၀၀ နီးပါး အလုပ်ပြန်မရသေးလို့ မှီခိုနေရတဲ့ မိသားစုတွေ အခက်ကြုံလာ

အောက်တိုဘာ၊ ၁၄-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ရောဂါနဲ့နိုင်ငံရေး အခြေအနေတွေကြောင့် အထည်ချုပ် လုပ်သား ၁၀၀၀ နီးပါး ဒီနေ့အထိ အလုပ်ပြန်မရဘဲ အလုပ်လက်မဲ့ဖြစ်နေရပြီး သူတို့ကို မှီခိုနေတဲ့ မိသားစုတွေဟာ အခက်အခဲတွေနဲ့ကြုံနေရတယ်လို့ အလုပ်သမား အရေးဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။ အထည်ချုပ် အလုပ်သမားတွေကို မှီခိုနေရတဲ့ သက်ကြီး အဖိုး ၊အဖွားတွေ ၊ လူဦးရေများတဲ့ မိသားစုတွေ ၊ လစဉ် လတိုင်း ကျန်းမာရေးအတွက် ဆေးခန်းပြနေရတဲ့ မိသားစုတွေဟာ သူတို့ အားကိုးနေရတဲ့ သူတွေက အလုပ်လက်မဲ့ဖြစ်နေရလို့ အရင်လို ပုံမှန်ဆေးခန်းမပြနိုင်တော့တာ ၊ ထမင်းကို မနက်နဲ့ည တစ်နပ်ထဲပေါင်းစားရတာတွေရှိလာတယ်လို့ အလုပ်လက်မဲ့ ဖြစ်နေရတဲ့ လုပ်သားတွေရဲ့ မိသားစုဝင်တွေဆီကနေ သိရပါတယ် ။ ယခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ကုန်ပိုင်း အထိ ၉ လအတွင်းမှာ…

Read More

တရုတ်သမ္မတရှီကျင်းပင် နှုတ်ထွက်ပေးဖို့ ပေကျင်းမှာ ဆန္ဒပြမှုဖြစ်ပွား

ပေကျင်း၊ အောက်တိုဘာ-၁၄-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ သမိုင်း၀င်ကွန်ဂရက်မကျင်းပမီ ရက်အနည်းငယ်အလိုမှာ သမ္မတရှီကျင်းပင်နဲ့ တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေအပေါ် ဆန့်ကျင်ဆန္ဒပြမှု အောက်တိုဘာ ၁၃ ရက်မှာ ရှားရှားပါးပါး ဖြစ်ပွားခဲ့ပါတယ်။ ပေကျင်းမြို့အနောက်ဘက်ရှိ တံတားတခုပေါ်မှာ ဆန္ဒပြကန့်ကွက်တဲ့ စာတန်းနှစ်ခုကို ချိတ်ဆွဲထားတာကို တွေ့ရှိရပြီး ဆန္ဒပြမှုကို အာဏာပိုင်တွေက အလျင်အမြန် ဟန့်တားလိုက်ဖွယ်ရှိပါတယ်။ အဲဒီနေရာမှာ မီးခိုးလုံးတွေထူထွက်စွာ ထွက်ပေါ်လာပြီး လူတဦးက ရှီကျင်းပင်နှုတ်ထွက်ရေးအပါအ၀င် ကြွေးကြော်သံ ကျယ်လောင်စွာအော်ဟစ်နေတာကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ အောက်တိုဘာ ၁၆ ရက်မှာ ကွန်မြူနစ်ပါတီရဲ့ အကြိမ် ၂၀ မြောက် ကွန်ဂရက်ကိုကျင်းပမှာဖြစ်ပြီး ကိုယ်စားလှယ်ပေါင်း ၂၃၀၀ တက်ရောက်မှာဖြစ်ပါတယ်။ သမ္မတရှီကျင်းပင်ဟာ ဆယ်စုနှစ်များစွာရှိနေတဲ့ အစဉ်အလာကိုချိုးဖောက်ပြီး သူ့ရဲ့အာဏာကို ခိုင်ခိုင်မာမာဆုတ်ကိုင်ထားကာ သမ္မတအဖြစ် တတိယသက်တမ်း ဆက်လက်ထမ်းဆောင်နေဖွယ်ရှိပါတယ်။ ကွန်မြူနစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက်မတိုင်မီ မြို့တော်ပေကျင်းမှာ တင်းကြပ်တဲ့လုံခြုံရေးအစီအမံတွေနဲ့ ကိုဗစ်ကန့်သတ်ချက်တွေချမှတ်ထားတဲ့ အပေါ်…

Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ရပ်ထားတဲ့ကားကို Express ကားက ဝင်တိုက်ရာကနေ ၂ယောက်သေ၊ ၅ ယောက်ဒဏ်ရာရ

အောက်တိုဘာ ၁၄-၂၀၂၂ GG (VOM) ရန်ကုန် မန္တလေးအမြန်လမ်းမှာ ဒီနေ့အောက်တိုဘာလ ၁၄ ရက် မနက်အစောပိုင်းက ရပ်ထားတဲ့ Express ကားကို ခရီးသည်တင် Express ကားကဝင်တိုက်လို့ ၂ ယောက်သေပြီး ၅ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းကြီး၊မိုင်တိုင်အမှတ် ၂၃၀ / ၀ နဲ့ ၂၃၀ / ၁ အကြားမှာ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခဲ့တဲ့ Express ကားက ရန်ကုန်ကနေ မန္တလေးကိုသွားတဲ့ကားဖြစ်တယ်လို့သိရပါတယ်။ ” ကုန်တွေတင်ထားတဲ့ကားက စက်ချို့ယွင်းလို့ ရပ်ထားတာကို ခရီးသည်တင်express ကားက ဝင်တိုက်တာ၊ ကုန်တင်ထားတဲ့ကားကလည်း express ကားပဲ ။ ၂ ယောက်သေတယ် ။ ၅ ယောက်ဒဏ်ရာရလို့ ဆေးရုံပို့ထားပါတယ်”လို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တဲ့ အမြန်လမ်း ပန်းတင်မီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ Express ကားပေါ်မှာ ယောကျ်ားလေး…

Read More

ပို့ကုန်မူဝါဒ သတ်မှတ်ချက်တွေကြောင့် ပြောင်း ကုန်စည်ကို ရေလမ်းကြောင်ကသာ တင်ပို့နေရ

အောက်တိုဘာ ၁၄- ၂၀၂၂ SN (VOM) ပြည်ပဈေးကွက်ကို ပြောင်းတင်ပို့ရာမှာ လက်ရှိ ထုတ်ပြန်ထားတဲ့ ပို့ကုန်မူဝါဒသတ်မှတ်ချက်တွေကြောင့် ပြောင်း ကုန်စည်တွေကို ရေလမ်းကြောင်းကသာ တင်ပို့နေရတယ်လို့ ပြောင်းကုန်သည်တွေက ပြောပါတယ်။ လက်ရှိမှာ ပြောင်းကုန်သည်တွေအနေနဲ့ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရာမှာ အခက်အခဲတွေ ရှိနေတဲ့အပြင် ပို့ကုန်တင်ပို့ရာမှာလည်း သတ်မှတ်ထားတဲ့ပို့ကုန် ရငွေဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် လက်ရှိ ပြောင်းတင်ပို့နိုင်မှုဟာ ရေလမ်းကြောင်းကိုသာ အားကိုးနေရတယ်လို့ သိရပါတယ်။ “ထုတ်ထားတဲ့ ဥပဒေတွေကလည်း စုံနေတာပဲဆိုတော့ အခက်အခဲတွေကတော့ အများကြီးပဲ။ လောလောဆယ် ရေ‌လမ်ကြောင်းကနေပဲ ပြည်ပတင်ပို့နေရတယ်။ နယ်စပ်လမ်းကြောင်းက သွားလို့မရသေးဘူး။ အခု ဥပဒေက တရားဝင်ကလည်းမှောင်ခို၊ မှောင်ခိုကလည်း တရားဝင်ဖြစ်နေတယ်” လို့ ပြောင်းကုန်သည်တဦးက ပြောပါတယ်။ အခုလက်ရှိ ပြည်ပတင်ပို့မှုမှာ ပြောင်းတစ်တန်ကို FOB ဈေး အမေရိကန်ဒေါ်လာ ၃၀၀ ဝန်းကျင် ရရှိနေပြီး ပြည်တွင်းဈေးကွက်မှာလည်း တိရစ္ဆာန်အစာအတွက်…

Read More
VOM News

FREE
VIEW