ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်း လုပ်ကြံခံရပြီး ဆေးရုံတင်ထားရ

အစ္စလာမ္မာဘတ်၊ အောက်တိုဘာ-၄-၂၀၂၂
မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ဝါဇီရာဘတ်မြ်ို့မှာ ပါစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းရဲ့ ယာဉ်တန်းကို သေနတ်သမားတွေက အောက်တိုဘာ ၃ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားမှုကနေ ၀န်င်္ကြီးချုပ်ဟောင်းကတော့ အသက်ဘေးကနေ လွတ်မြောက်သွားခဲ့ပါတယ်။

ဒီလိုပစ်ခတ်တိုက်ခိုက်မှုကြောင့် သူ့ရဲ့မော်တော်ယာဉ်ကို သေနတ်ထိမှန်ပြီးနောက် ၀န်ကြီချုပ်ဟောင်းရဲ့ ခြေထောက်မှာ ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကြောင့် လူတဦးသေဆုံးကာ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါဟာ လုပ်ကြံသတ်ဖြတ်ဖို့ အားထုတ်မှုဖြစ်ကြောင်း မဟာမိတ်တွေက ထုတ်ဖော်ပြောဆိုထားပေမယ့်လည်း တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်အပေါ် တရား၀င်မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။

ရွေးကောက်ပွဲစောလျင်စွာကကျင်းပရေး တောင်းဆိုဖို့အတွက် မြို့တော်အစ္စလာမ္မာဘတ်မှာ အဆုံးသတ်မယ့် ဆန္ဒပြချီတက်ပွဲကို ၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းက ဦးဆောင်ခဲ့ပါတယ်။

လက်ရှိမှာ သူ့ရဲ့အခြေအနေတည်ငြိမ်ပေမယ့်လည်း ကျည်ဆန်ထိမှန်ခဲ့တဲ့အတွက် ခွဲစိတ်မှုခံယူရနိုင်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူတဦးကပြောပါတယ်။

၀န်ကြီးချုပ်ဟောင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့ကြောင်း ဖမ်းဆီးခံရသူတဦးက ၀န်ခံထားတဲ့ ရုပ်သံမှတ်တမ်းကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:Twitter
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ်

Related posts

Leave a Comment

VOM News

FREE
VIEW