မဏိပူရ်ပြည်နယ်မှာ အကျဥ်းကျခံရတဲ့ မြန်မာနိုင်ငံသားတချို့ကို အိန္ဒိယအစိုးရက နစကထံ လွဲပြောင်းပေး

မေ ၊ ၃ ၊ ၂၀၂၄
SP (VOM)
အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ အင်ဖာအကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား တချို့ကို မနေ့ မေ ၂ ရက်က မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဖြစ်တဲ့ မိုးရေး – တမူး အင်ဒို – မြန်မာ နယ်စပ်ဂိတ်မှာ အိန္ဒိယအစိုးရအဖွဲ့က နစက အစိုးရအဖွဲ့ဆီကို လွဲပြောင်းပေးအပ်ခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
မိုးရေးမြို့ခံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးဂျမားက
” အင်ဖာ ထိန်းသိမ်းရေး စခန်းမှာ အကျဥ်းခံနေရတဲ့ မြန်မာ နှစ်ရာကျော်ရှိတယ်လို့ကြားရတယ် ၊ အဲ့ဒီထဲက လွတ်ရက်စေ့ပြီးတဲ့ မြန်မာတချို့ကို အိန္ဒိယ အစိုးရအဖွဲ့က အင်ဒို – မြန်မာ (မိုးရေး – တမူး)နယ်စပ်ဂိတ်ကနေတဆင့် မြန်မာဘက်ကို ပြန်လည်လွှဲပြောင်းပေးတာဖြစ်တယ် ၊ ပြီးခဲ့တဲ့ မတ် ၈ ရက်က အဲ့ဒီလို လွှဲပြောင်းပေးဖို့ အင်ဖာမြို့ကနေ မိုးရေးမြို့ကို မြန်မာအမျိုးသမီး ခုနှစ်ဦး ၊ ရဟတ်ယာဥ်နဲ့ပို့ပေးတယ် ၊ နောက်တနေ့ မတ် ၉ ရက်မှာလည်း အဲ့ဒီလို ရဟတ်ယာဥ်နဲ့ နှစ်ကြိမ်ပို့ပေးခဲ့တယ်လို့ မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြဖူးတယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ဖော်ပြချက်ထဲမှာ အင်ဖာမြို့ ထိန်းသိမ်းရေး စခန်းမှာ အကျဥ်းကျခံနေတဲ့ မြန်မာနိုင်ငံသား ၇၇ ယောက်နဲ့ အခြားနိုင်ငံသား ၁ ယောက် ၊ စုစုပေါင်း ၇၈ ယောက်ဖြစ်ပြီး အိန္ဒိယအစိုးရအဖွဲ့က နစက အစိုးရထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
အင်ဖာမြို့မှာနေထိုင်တဲ့ မြန်မာတယောက်က
” ပြီးခဲ့တဲ့ ၂၀၂၂ နှစ်စပိုင်းက လမ္မကားမြို့မှာရှိတဲ့ ယက္ကန်းစက်ရုံတွေကို အာသန်ရိုင်ဖယ်တပ်ရင်းအဖွဲ့နဲ့ မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့တွေ ဝင်ရောက်စစ်ဆေးပြီး အထောက်အထားမဲ့ မြန်မာလုပ်သား တရာကျော် ဖမ်းဆီးထိန်းသိမ်းတယ် ၊ နောက်ပြီး လန်ကျန်(Lhangcham) ကျေးရွာမှာလည်း မြန်မာလုပ်သား ၈၇ ယောက်ဖမ်းဆီးထိန်းသိမ်းခံရတယ် ၊ အဲ့ဒီ ဖမ်းဆီးခံရတဲ့အထဲက ကိုဒင်းခိုကျုံး(Damkhochung)ဆိုသူဟာ အဖမ်းခံရပြီးနောက် ထိန်းသိမ်းရေးစခန်းမှာ သေဆုံးသွားတယ် ၊ အခု ပြန်လည်လွဲပြောင်းပေးအပ်တယ်ဆိုတာ အဲ့ဒီ မြန်မာလုပ်သားတွေ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၈ ရက်က အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ အင်ဖာအကျဥ်းထောင်မှာ အကျဥ်း ကျခံနေရတဲ့ မြန်မာနိုင်ငံသား ၇၇ ယောက်ကို ပြစ်ဒဏ်ကျခံရန် ရက်ကုန်ဆုံးတာကြောင့် မိုးရေး – တမူး နယ်စပ်ဂိတ်ကနေတဆင့် မြန်မာဘက်ကို ပြန်လည်လွဲပြောင်းပေးဖို့ အိန္ဒိယဘက်က အသင့်ဖြစ်နေပေမယ့် မတ် ၁၅ ရက်နေ့အထိ မြန်မာဘက်ခြမ်းက လဝက တွေရောက်မလာတာကြောင့် အဲ့ဒီ လွှဲပြောင်းခံရမယ့် မြန်မာတွေဟာ နယ်စပ်ဂိတ်မှာ သောင်တင်နေခဲ့တယ်လို့ သိရပြီး အဲ့ဒီလူတွေကို မနေ့ကတော့ မြန်မာ လဝကတွေ ကြိုဆိုလက်ခံခဲ့တာဖြစ်တယ်လည်း သိရပါတယ်။
ဓာတ်ပုံ ၊ တမူးခရိုင်လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ ဒေသခံ တဦး

Related posts

Leave a Comment

VOM News

FREE
VIEW