မြန်မာအာဏာပိုင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲ မထောက်ခံဘူးလို့ မလေးရှားပြော

ကွာလာလမ်ပူ၊ နို၀င်ဘာ ၁၅-၂၀၂၂
မျိုးဆက်(VOM)

မြန်မာအာဏာပိုင်တွေက ကျင်းပမယ်လို့ ကတိပြုထားတဲ့ မြန်မာ့ရွေးကောက်ကို မထောက်ခံဘူးလို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဒါတွတ်ဆီရိဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောပါတယ်။

ဘက်လိုက်တယ်လို့ ရှုမြင်ရပြီး အခြားအတိုက်အခံအဖွဲ့တွေက သဘောတူခြင်းမရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းတွေကို မြန်မာအာဏာပိုင်တွေက ပြင်ဆင်ခဲ့တာကြောင့်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ အရင်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ပြီး လွတ်လပ်မျှတကြောင်း အသိအမှတ်ပြုထားတာကြောင့် မြန်မာအာဏာပိုင်တွေရဲ့ ရွေးကောက်ပွဲဟာ ကျင့်၀တ်အရ မမှန်ကြောင်း မလေးရှားနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ပါတီကို ပါလီမန်မခေါ်ခင်မှာ အာဏာပိုင်တွေက အာဏာလွှဲပြောင်းယူလိုက်တာကြောင့် ကျင်းပမယ်လို့ကတိပြုထားတဲ့ ရွေးကောက်ပွဲကို မလေးရှားနဲ့ အာဆီယံအတွက် လုံး၀ယုတ္တိမတန်ကြောင်း သူကပြောပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေး ၊ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းရေးအတွက် တက်ကြွစွာဦးဆောင်နေတဲ့ အာဆီယံနိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။

Ref: Coconuts
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW