အရှေ့ဥရောပရဲ့ မဟာဗျူဟာနေရာ ပိုလန်မြောက်ပိုင်းမှာ နေတိုးအဖွဲ့ စစ်ရေးလေ့ကျင့်

ဝါဆော၊ ဒီဇင်ဘာ-၁၅-၂၀၂၂
မျိုးဆက်(VOM)

နေတိုးတပ်ဖွဲ့၀င်တွေဟာ အရှေ့ဥရောပရဲ့ မဟာဗျူဟာကျတဲ့ ပိုလန်အရှေ့မြောက်ပိုင်းမှာ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ အခြားနေတိုးအဖွဲ့၀င်နိုင်ငံတွေက တပ်ဖွဲ့တွေရဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်တင့်ကားတပ်ဖွဲ့တွေလည်း ပါ၀င်ခဲ့ပါတယ်။

ပိုလန်မှာ နေတိုးအဖွဲ့ရဲ့နိုင်ငံစုံတပ်ဖွဲ့ခွဲတခုရှိနေပြီး အခြေစိုက်စခန်ဟာ ပိုလန်နဲ့ လစ်သူရေးနီးယားကြားရှိ ကီလိုမီတာ ၁၀၀ ရှည်လျားတဲ့ ဆူဝေါ်ကီဂက်ပ်အနီးမှာရှိပါတယ်။

အဲဒီနေရာဟာ ရုရှားရဲ့ ကလီနင်ဂါတ်နဲ့ ရုရှားရဲ့မဟာမိတ် ဘီလာရုစ်ကြားက မဟာဗျူဟာမြောက် နေရာလည်းဖြစ်ပါတယ်။

အဲဒီဒေသမှာ နေတိုးရဲ့ နိုင်ငံစုံ တပ်တွေစုစည်းထားရှိတာဟာ နေတိုးတပ်ဖွဲ့များကို ပိုမိုအားကောင်စေပြီး ရန်သူကျူးကျော်မှုအခြအနေတရပ်ရပ်အတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ အမေရိကန်တပ်မှူးတဦးကပြောပါတယ်။

နေတိုးအဖွဲ့ဟာ မကြာသေးမီကာလအတွင်းကလည်း ပိုလန်နယ်စပ်မှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ရုရှားတို့အကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။

Ref: NHK
Photo:US Army
#voiceofmyanmar #VOM #ဝါဆော

Related posts

Leave a Comment

VOM News

FREE
VIEW