ထိုင်းရေတပ် စစ်သင်္ဘောနစ်မြုပ်မှု ပျောက်ဆုံးနေသူတွေထဲက အချို့ကိုသာ အသက်ရှင်လျှက်ပြန်တွေ့

ဘန်ကောက်၊ ဒီဇင်ဘာ-၂၀-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းရေတပ်စစ်သင်္ဘောတစင်း နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေတဲ့အမှုထမ်း ၃၀ နီးပါးကို ကယ်ဆယ်ရေးသမားတွေက ဒုတိယမြောက်နေ့အဖြစ် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်။

ပင်လယ်ထဲမှာ နာရီအတော်ကြာမျောပါပြီးနောက် သတိလစ်နေသူတွေအပါအ၀င် အသက်ရှင်ကျန်ရစ်သူအချို့ကို လက်ရှိချိန်ထိ တွေ့ရှိထားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

အမှုထမ်း ၁၀၅ ဦးကိုတင်ဆောင်ထားတဲ့ ထိုင်းရေတပ်က HTMAS Sukhotai ဟာ ထိုင်းပင်လယ်ကွေ့မှာ မုန်တိုင်းမိပြီးနောက် ဒီဇင်ဘာ ၁၈ ရက်နှောင်းပိုင်းမှာ နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် သင်္ဘော၊ ရဟတ်ယာဉ်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရာမှာ ၇၅ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။

ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေကြောင်း ထိုင်းရေတပ် တာ၀န်ရှိသူတဦးကပြောပါတယ်။

အရှည် ၇၆ မီတာရှိတဲ့ ထိုင်းရေတပ်စစ်သင်္ဘော HTMAS Sukhotai ဟာ မုန်တိုင်းမီပြီး နစ်မြုပ်ချိန်မှာ နိုင်ငံအရှေ့တောင်ပိုင်း ပင်လယ်ပြင်မှာ ပုံမှန်ကင်းလှည့်မှု လုပ်ဆောင်နေတာလို့ ထိုင်းရေတပ်က ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:Thai Navy
#voiceofmyanmar #VOM #ဘန်ကောက့်

Related posts

✕
VOM News

FREE
VIEW