အမရပူရမြို့နယ်မှာ ကွမ်းယာရောင်းသူ ၂ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဒီဇင်ဘာ ၂၀-၂၀၂၂ HK(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ကွမ်းသီးတန်းလမ်းနဲ့ သင်ပန်းကုန်းလမ်းဆုံက ‘ကံပွင့်’ကွမ်းယာဆိုင်မှာ ကွမ်းယာရောင်းနေတဲ့ အမျိုးသား ၂ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ဖြစ်စဥ် ဒီကနေ့မနက်က ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ ” အသက် ၄၀အရွယ်နဲ့ အသက် ၂၂အရွယ်အမျိုးသား ၂ဦး ပစ်သတ်ခံရတာပါ၊ ကွမ်းယာရောင်းနေရင်း ဆိုင်ကယ်တစီးရောက်လာပြီး သေနတ်၅ချက်လောက်ပစ်သွားတာ၊ အလောင်းကိုတော့ ဆေးရုံပို့စစ်ဆေးနေတယ်”လို့ ရဲနဲ့နီးစပ်သူကပြောပါတယ်။ ပစ်သတ်ခံရသူ ၂ဦးဟာ လိပ်စာတူ နေထိုင်သူဖြစ်တယ်လို့ သိရပြီး ဘယ်အဖွဲ့က ဘာကြောင့် ပစ်သတ်သွားတယ်ဆိုတာကိုတော့ VOM အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ မန္တလေးမြို့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရဲ၊ စစ်သား နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ၂၀၂၁ နိုင်ငံရေးဖြစ်စဥ်တွေပြောင့းလဲပြီးနောက်ပိုင်း ပစ်သတ်ခံခဲ့ရတာတွေလည်း ဖြစ်ပွါးထားပါသေးတယ်။ #voiceofmyanmar #VOM #မန္တလေး #အမရပူရ #ပစ်ခတ်မှု

Read More

ဂျပန်နိုင်ငံရဲ့ လုံခြုံရေးဗျူဟာသစ်အပေါ် မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ ဒီဇင်ဘာ-၂၀-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံရဲ့ လုံခြုံရေးဗျူဟာသစ်ဟာ ဒေသတွင်းလုံခြုံရေးဆိုင်ရာ အခြေအနေကို အခြေခံကျကျပြောင်းလဲလိုက်တာ ဖြစ်ကြောင်း မြောက်ကိုရီးယားက ရှုတ်ချလိုက်ပြီး ဂျပန်ရဲ့ ရွေးချယ်မှုဟာ ဘယ်လောက်မှားပြီး အန္တရာယ်များလဲဆိုတာသိလာမယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။ ဒေသတွင်းတင်းမာမှုတွေနဲ့ ယူကရိန်းကိုရုရှားရဲ့ ကျူးကျော်တိုက်မှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေကြောင့် ဂျပန်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးစစ်ရေးတည်ဆောက်မှုကို ထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာ မြောက်ကိုရီးယား နိုင်ငံခြားရေး၀န်ကြီးဌာနက အခုလိုက်သတိပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုတုံ့ပြန်ဆောင်ရွက်မယ်ဆိုတာကိုတော့ မြောက်ကိုရီးယားဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဂျပန်နိုင်ငံဟာ အခြားနိုင်ငံတွေကို တိုက်ခိုက်နိုင်တဲ့ တိုက်ခိုက်မှုစွမ်းရည်ဆိုင်ရာ လုံခြုံရေး မဟာဗျူဟာ ချမှတ်လိုက်တာဟာ ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့အာရှဒေသမှာ ဆိုးရွားတဲ့ လုံခြုံရေးအကျပ်အတည်းကို ဖြစ်ပေါ်စေတယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ ဂျပန်၏ မူဝါဒသစ်ကြောင့် ဒေသတွင်းလုံခြုံရေးအခြေအနေဟာ အခြေခံကျကျပြောင်းလဲသွားကြောင်းနဲ့ အဲဒီလုပ်ရပ်ဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းကိုချိုးဖောက်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးအတွက် ဆိုးရွားသော စိန်ခေါ်မှုတရပ်အဖြစ် မြောက်ကိုရီးယားက ရှုတ်ချပြောပါတယ်။ ဂျပန်ဟာ…

Read More

နိုင်/ကျဥ်းဟောင်း ၊ ကဗျာဆရာ မောင်မှိုင်းလွင်(အင်းဝ) ကွယ်လွန်

ဒီဇင်ဘာ ၂၀-၂၀၂၂ HK(VOM) နိုင်ငံရေးအကျဥ်းသားဟောင်းတဦးလည်းဖြစ်၊ ၁၉၇၆ခုနှစ် မှိုင်းရာပြည့် ကျောင်းသားများခေါင်းဆောင်လည်းဖြစ်၊ အထက်တန်းရှေ့နေတဦးလည်းဖြစ်တဲ့ ကဗျာဆရာ မောင်မှိုင်းလွင်(အင်းဝ) ခေါ် ဦးတင်အေးကြူဟာ ဒီကနေ့နေ့လယ်ပိုင်းကပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တွေရဲ့ အသိပေးချက်အရ သိရပါတယ်။ ဆရာကြီးရဲ့ သမီးဖြစ်သူက ” ဖေဖေ ဦးတင်အေးကြူ (ခ) မောင်မှိုင်းလွင် (အင်းဝ) ယနေ့ ဒီဇင်ဘာ ၂၀၊ ၂၀၂၂ ခုနှစ် ထိုင်းနိုင်ငံ စံတော်ချိန် နေ့လည် ၂ နာရီ ၁၇ မိနစ်တွင် ဘဝတပါးသို့ ကူးပြောင်းသွားပြီဖြစ်ကြောင်း မိသားစု မိတ်ဆွေများအား လေးစားစွာဖြင့် အကြောင်းကြားအပ်ပါတယ်။ မနက်ဖြန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာပဲ ရုပ်အလောင်းကို သင်္ဂြိုလ်ပါမယ်။ လာရောက်နိုင်တဲ့ မိတ်ဆွေများအတွက် အချိန်နဲ့နေရာကို ပြန်လည် အကြောင်းကြားပါမယ်။”လို့ အသိပေးထားတာ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ ပြုလုပ်တဲ့…

Read More

ထိုင်းရေတပ် စစ်သင်္ဘောနစ်မြုပ်မှု ပျောက်ဆုံးနေသူတွေထဲက အချို့ကိုသာ အသက်ရှင်လျှက်ပြန်တွေ့

ဘန်ကောက်၊ ဒီဇင်ဘာ-၂၀-၂၀၂၂ မျိုးဆက်(VOM) ထိုင်းရေတပ်စစ်သင်္ဘောတစင်း နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေတဲ့အမှုထမ်း ၃၀ နီးပါးကို ကယ်ဆယ်ရေးသမားတွေက ဒုတိယမြောက်နေ့အဖြစ် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်။ ပင်လယ်ထဲမှာ နာရီအတော်ကြာမျောပါပြီးနောက် သတိလစ်နေသူတွေအပါအ၀င် အသက်ရှင်ကျန်ရစ်သူအချို့ကို လက်ရှိချိန်ထိ တွေ့ရှိထားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အမှုထမ်း ၁၀၅ ဦးကိုတင်ဆောင်ထားတဲ့ ထိုင်းရေတပ်က HTMAS Sukhotai ဟာ ထိုင်းပင်လယ်ကွေ့မှာ မုန်တိုင်းမိပြီးနောက် ဒီဇင်ဘာ ၁၈ ရက်နှောင်းပိုင်းမှာ နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သင်္ဘော၊ ရဟတ်ယာဉ်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရာမှာ ၇၅ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေကြောင်း ထိုင်းရေတပ် တာ၀န်ရှိသူတဦးကပြောပါတယ်။ အရှည် ၇၆ မီတာရှိတဲ့ ထိုင်းရေတပ်စစ်သင်္ဘော HTMAS Sukhotai ဟာ မုန်တိုင်းမီပြီး နစ်မြုပ်ချိန်မှာ နိုင်ငံအရှေ့တောင်ပိုင်း ပင်လယ်ပြင်မှာ ပုံမှန်ကင်းလှည့်မှု လုပ်ဆောင်နေတာလို့ ထိုင်းရေတပ်က…

Read More

တရုတ်နဲ့ အငြင်းပွားဖွယ်နယ်စပ်မှာ အိန္ဒိယတပ်တွေ တိုးမြှင့်ချထားနေ

ဒေလီ၊ ဒီဇင်ဘာ-၂၀-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံနဲ့ အငြင်းပွားဖွယ်နယ်စပ်တလျှောက်မှာ အိန္ဒိယတပ်တွေဖြန့်ကြက်ချထားမှုကို တိုးမြှင့်လိုက်ကြောင်း အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အိန္ဒိယအနေနဲ့ နှစ်နိုင်ငံနယ်စပ်ရှိ လက်ရှိအနေအထားကို တရုတ်ဘက်က တဖက်သတ်ပြောင်းလဲခွင့် မပြုနိုင်ကြောင်း အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး အက်စ်ဂျိုင်ရှန်ခါက ပြောပါတယ်။ အာရန်နာချယ်ပရာဒက်ရ်ှပြည်နယ် နယ်စပ်တလျှောက်ရှိ အငြင်းပွားဖွယ်နေရာတခုမှာ အိန္ဒိယနဲ့ တရုတ်တပ်ဖွဲ့၀င်တွေအကြား မကြာသေးမီက ပဋိပက္ခတွေဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာမှာ နယ်စပ်မှာ အိန္ဒိယတပ်တွေကို တိုးမြှင့်ချထားလိုက်တာဖြစ်ပါတယ်။ အဲဒီပဋိပက္ခဟာ တရုတ်ဘက်က ကျူးကျော်၀င်ရောက်လာခြင်းကြောင့် စတင်ဖြစ်ပွားခဲ့တာလို့ အိန္ဒိယစစ်တပ်က ထုတ်ပြန်ထားပါတယ်။ လက်ရှိနယ်စပ်အခြေအနေဟာ ယေဘုယျအာြး့ဖင့် တည်ငြိမ်နေကြောင်း ၊ နှစ်ဘက်စလုံးအနေနဲ့ နယ်စပ်ပြသနာဆွေးနွေးမှုတွေကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နှစ်နိုင်ငံနယ်စပ် လာဒက်ဒေသ ဂေါ်လန်တောင်ကြားမှာ နှစ်ဘက်တပ်ဖွဲ့၀င်တွေအကြား ၂၀၂၀ ခုနှစ် ဇွန်လမှာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ်စစ်သားလေးဦး သေဆုံးခဲ့ပါတယ်။ Ref: BBC Photo:Getty…

Read More

(၃) ကြိမ်မြောက် ဓားပြတိုက်ခံရပြန်တဲ့ မန္တလေးမြို့က မောသစ်ရွှေဆိုင်

ဒီဇင်ဘာ ၂၀-၂၀၂၂ HK(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၃-၆၄ လမ်းကြား ၁၄၀-၁၄၁ လမ်းကြားရှိ မောသစ်ရွှေဆိုင် နေအိမ်ရှေ့မှာ ဒီကနေ့မနက် ၇နာရီကျော်အချိန်ခန့်က ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံခဲ့ရတယ်လို့ ရဲနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ” ရွှေဆိုင်ကို ပို့မယ့် ရွှေထည်ပစ္စည်းတွေကို ခြင်းတောင်းနဲ့ထည့်လာပြီး ယာဥ်မောင်းဖြစ်သူက ကားပေါ်ကို တင်နေတဲ့အချိန် သေနတ် သုံးချက်ဖောက်ပြီး လုယူသွားတာပါ၊ ခန့်မှန့်တန်ဖိုး တပိသာခန့် ရှိမယ်”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင် ၂၄ရက်နေ့ကလည်း ၁၂၅လမ်း ၅၈နဲ့၅၉လမ်းကြားက မောသစ်ရွှေဆိုင်မှာ သေနတ်၂ချက်ပစ်ပြီး ဓားပြဝင်တိုက်ခံရတာကြောင့် ဝန်ထမ်းတဦး ဒဏ်ရာရာကာ ရွှေတပိသာကျော် ပါသွားတဲ့ဖြစ်စဥ် ဖြစ်ပွါးခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၀၂၁ အောက်တိုဘာ ၁၇ရက် နေ့လယ်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းနဲ့ ၁၃၄လမ်းထောင့် စက်မှုမြို့သစ်က မောသစ်ရွှေဆိုင်တဆိုင်မှာလည်း တန်ဖိုး ၁၀၀၀ကျော် ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံရတာဖြစ်ခဲ့တာကြောင့်…

Read More

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ KIA ဌာနချုပ်ရှိရာ လိုင်ဇာဘက်ထဲ လက်နက်ကြီးကျရောက်

ဒီဇင်ဘာ ၂၀-၂၀၂၂ Shy V (VOM) တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ KIA ဌာနချုပ်ရှိရာ လိုင်ဇာဘက်ကို မနေ့ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်း ၃ နာရီ‌ကျောိခန့်က ၁ နာရီ နီးပါး လက်နက်ကြီး နဲ့ ၁၀ ကြိမ်ခန့် ပစ်ခတ်သံကြားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “လိုင်ဇာဘက် ပစ်တာ ဟုတ်တယ်။ မနေ့ညနေ ၄ နာရီ ဝန်းကျင်ခန့်က ၆ ကြိမ်လောက် ကြားလိုက်တယ်။ တခြား ဘာမှ ထိခိုက်တာမျိုးတော့ မကြားဘူး။” လို့ ဒေသခံတဦးကပြောပါတယ်။ ခါ့ယာ၊ ဖွန်းပိန်တောင်ဘက်ကနေ မနေ့ညနေ ၃ နာရီခွဲ ဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လိုင်ဇာဘက်ကို လက်နက်ကြီး ပစ်လိုက်တာကြောင့် မြို့အနီးနား ကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး ဒေသခံတွေ ထိတ်လန့်စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ “၃…

Read More

ဧရာဝတီတိုင်းမှာ တရားလွှတ်တော်ရှေ့နေတဦးအပါအဝင် လူ ၉ ဦး ၅၀၅-ကနဲ့ ထောင်၂နှစ်စီ ချခံရ

ဒီဇင်ဘာ၊ ၂၀-၂၀၂၂ MM(VOM) ဧရာဝတီတိုင်း ၊ ဖျာပုံ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ တရားလွှတ်တော်ရှေ့နေတယောက်အပါအဝင် လူ ၉ ယောက်ကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တယ်လို့ သိရပါတယ် ။ ဘိုကလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင် အပါအဝင် လူ ၉ ယောက်ကို ပုဒ်မ ၅၀၅ -က နဲ့ ဖျာပုံ အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ မနေ့ ဒီဇင်ဘာ ၁၉ ရက်က ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ သိရပါတယ်။ ထောင်ဒဏ်ချမှတ်ခံရတဲ့ တရားလွှတ်တော် ရှေ့နေအပါအဝင် ၉ ယောက်မှာ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေ စတင်ဖြစ်ပွားနောက် ၂၀၂၁ခုနှစ် အတွင်းဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်တယ်ဆိုပြီး အဖမ်းခံခဲ့ရတာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ”အခု ထောင်ချခံရတဲ့ တရားလွှတ်တော်ရှေ့နေ…

Read More

ရောဝတီတိုင်းမှာ စပါးရိတ်ခြွေခဈေးနှုန်း ၄ ဆနီးပါးမြင့်တက်လာလို့ တောင်သူတွေအခက်အခဲဖြစ်ပေါ်

ဒီဇင်ဘာ ၂၀-၂၀၂၂ MM(VOM) ရောဝတီတိုင်းမှာ မိုးစပါးတွေ ရိတ်သိမ်းနေတဲ့ အခု ဒီဇင်ဘာလမှာ စပါးရိတ်ခြွေခ ဈေးတွေ ၄ ဆနီးပါးလောက် မြင့်တက်လာလို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ အရင်နှစ်တွေ စပါးရိတ်သိမ်းချိန်က စပါးတစ်ဧကကို ရိတ်ခြွေခ ငွေကျပ် ၄သောင်း ဈေးသာရှိခဲ့ပြီး အခုနှစ် စပါး တစ်ဧကရိတ်ခြွေခ ငွေကျပ် တသိန်းခွဲ အထိ ဈေးတက်လာလို့ အခက်အခဲတွေဖြစ်နေတာလို့ ဧရာဝတီတိုင်း ဘိုကလေးမြို့မှ တောင်သူတယောက်ကပြောပါတယ်။ ” လယ်သမားတွေ အများစုက ရိတ်ခြွေမရှိပါဘူး ၊ငွေ များများ ရင်းပြီး အငှားလိုက်သူဆီကနေ ငှားရိတ်တာများတယ် ၊ အခုရိတ်ခြွေခဈေးက မနှစ်ကထက် ၄ ဆ နီးပါးလောက်တက်နေတယ် ၊ မနှစ်က စပါးတစ်ဧကမှ ၄ သောင်း ၊ အခု စပါးတစ်ဧက ရိတ်ခ ၁ သိန်း…

Read More

စစ်ကိုင်းမြို့နယ်က ကြက်အစာစက်ရုံမှာ ဝန်ထမ်းတန်းလျားမီးလောင်

စစ်ကိုင်း၊ ဒီဇင်ဘာ- ၁၉- ၂၀၂၂ ND(VOM) စစ်ကိုင်းမြို့နယ်၊ တောင်ညိုအရှေ့ရွာမှာရှိတဲ့ ကြက်စာစက်ရုံတခုမှာ ဒီကနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်က ကတ္တရာစေးကနေ မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် စစ်ကိုင်းမြို့နယ်မီးသတ်အဖွဲ့သွားရောက်ငြှိိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ထုံးဘို အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။ မီလောင်မှုဖြစ်စဥ်ကြောင့် စက်ရုံမှာရှိတဲ့ ဝန်ထမ်းတန်းလျားတစ်ခုနဲ့ စက်ရုံအဆောက်အဦနှစ်လုံးတွဲတစ်ခု မီးလောင်ပြာကျခဲ့ကာ ဆုံးရှုံးမှု တန်ဘိုးကို အတည်ပြုနိုင်ဖို့ VOM သတင်းဌာနက စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနနဲ့ ဆက်သွယ်ဖို့ ကြိုစားနေဆဲဖြစ်ပါတယ်။ #VOM #voiceofmyanmar #မီးလောင် #စစ်ကိုင်း #တောင်ညို

Read More
VOM News

FREE
VIEW