အမရပူရမြို့နယ်မှာ ကွမ်းယာရောင်းသူ ၂ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဒီဇင်ဘာ ၂၀-၂၀၂၂
HK(VOM)

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ကွမ်းသီးတန်းလမ်းနဲ့ သင်ပန်းကုန်းလမ်းဆုံက ‘ကံပွင့်’ကွမ်းယာဆိုင်မှာ ကွမ်းယာရောင်းနေတဲ့ အမျိုးသား ၂ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ဖြစ်စဥ် ဒီကနေ့မနက်က ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

” အသက် ၄၀အရွယ်နဲ့ အသက် ၂၂အရွယ်အမျိုးသား ၂ဦး ပစ်သတ်ခံရတာပါ၊ ကွမ်းယာရောင်းနေရင်း ဆိုင်ကယ်တစီးရောက်လာပြီး သေနတ်၅ချက်လောက်ပစ်သွားတာ၊ အလောင်းကိုတော့ ဆေးရုံပို့စစ်ဆေးနေတယ်”လို့ ရဲနဲ့နီးစပ်သူကပြောပါတယ်။

ပစ်သတ်ခံရသူ ၂ဦးဟာ လိပ်စာတူ နေထိုင်သူဖြစ်တယ်လို့ သိရပြီး ဘယ်အဖွဲ့က ဘာကြောင့် ပစ်သတ်သွားတယ်ဆိုတာကိုတော့ VOM အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

မန္တလေးမြို့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရဲ၊ စစ်သား နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ၂၀၂၁ နိုင်ငံရေးဖြစ်စဥ်တွေပြောင့းလဲပြီးနောက်ပိုင်း ပစ်သတ်ခံခဲ့ရတာတွေလည်း ဖြစ်ပွါးထားပါသေးတယ်။

#voiceofmyanmar #VOM #မန္တလေး #အမရပူရ #ပစ်ခတ်မှု

Related posts

✕
VOM News

FREE
VIEW