တရုတ်နဲ့ အငြင်းပွားဖွယ်နယ်စပ်မှာ အိန္ဒိယတပ်တွေ တိုးမြှင့်ချထားနေ

ဒေလီ၊ ဒီဇင်ဘာ-၂၀-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံနဲ့ အငြင်းပွားဖွယ်နယ်စပ်တလျှောက်မှာ အိန္ဒိယတပ်တွေဖြန့်ကြက်ချထားမှုကို တိုးမြှင့်လိုက်ကြောင်း အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အိန္ဒိယအနေနဲ့ နှစ်နိုင်ငံနယ်စပ်ရှိ လက်ရှိအနေအထားကို တရုတ်ဘက်က တဖက်သတ်ပြောင်းလဲခွင့် မပြုနိုင်ကြောင်း အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး အက်စ်ဂျိုင်ရှန်ခါက ပြောပါတယ်။

အာရန်နာချယ်ပရာဒက်ရ်ှပြည်နယ် နယ်စပ်တလျှောက်ရှိ အငြင်းပွားဖွယ်နေရာတခုမှာ အိန္ဒိယနဲ့ တရုတ်တပ်ဖွဲ့၀င်တွေအကြား မကြာသေးမီက ပဋိပက္ခတွေဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာမှာ နယ်စပ်မှာ အိန္ဒိယတပ်တွေကို တိုးမြှင့်ချထားလိုက်တာဖြစ်ပါတယ်။

အဲဒီပဋိပက္ခဟာ တရုတ်ဘက်က ကျူးကျော်၀င်ရောက်လာခြင်းကြောင့် စတင်ဖြစ်ပွားခဲ့တာလို့ အိန္ဒိယစစ်တပ်က ထုတ်ပြန်ထားပါတယ်။

လက်ရှိနယ်စပ်အခြေအနေဟာ ယေဘုယျအာြး့ဖင့် တည်ငြိမ်နေကြောင်း ၊ နှစ်ဘက်စလုံးအနေနဲ့ နယ်စပ်ပြသနာဆွေးနွေးမှုတွေကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နှစ်နိုင်ငံနယ်စပ် လာဒက်ဒေသ ဂေါ်လန်တောင်ကြားမှာ နှစ်ဘက်တပ်ဖွဲ့၀င်တွေအကြား ၂၀၂၀ ခုနှစ် ဇွန်လမှာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ်စစ်သားလေးဦး သေဆုံးခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW