တနင်္သာရီတိုင်းဝန်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့တဲ့ ဦးမြင့်မောင် ထောင် ၁နှစ်ထပ်ချခံရ

ဒီဇင်ဘာ၊၂၅-၂၀၂၂
MM(VOM)

ထားဝယ် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့
NLD အစိုးရလက်ထက်က တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ ဦးမြင့်မောင်ကို ထားဝယ်ထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၁ နှစ်ထပ်မံချမှတ်လိုက်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ဖောက်ဖျက်တယ်လို့ ဆိုကာ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က)နဲ့ထားဝယ်အကျဉ်းထောင် အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက်က ထောင်ဒဏ် ၁နှစ်ထပ်မံချမှတ်လိုက်တာဖြစ်ပြီး ယခင်ဝန်ကြီးချုပ် ဦးမြင့်မောင်ဟာ အရင်က ထောင်ဒဏ် ၁၁ ချမှတ်ခံထားရကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၂အထိ ချမှတ်ခံထားရတယ်လို့ တနင်္သာရီတိုင်းတက်ကြွလှုပ်ရှားသူ တယောက်က VOM ကိုပြောပါတယ်။

“ဆရာ ဦးမြင့်မောင်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၄၀၉၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နဲ့ ထားဝယ်ထောင်တွင်း တရားရုံးကနေ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာမှာ ထောင်ဒဏ် ၁၁ နှစ်ချထားတယ် ၊အခု ၁၃၀ (က)နဲ့ ထောင် ၁ နှစ် ထပ်ချလိုက်တာ ၊ ဆရာက ကျန်းမာပါတယ် ၊ မိသားစုကတော့ စိတ်ထဲမကောင်းဘူးပေါ့ ၊ လွတ်မလားလို့ မျှော်လင့်နေချိန်မှာ အခုလို ထောင်ဒဏ်တွေ ထပ်ချခံ နေရတာလေ ၊ နောက်ပြီး အခုရက်ထဲမှာလည်း အနုပညာရှင်တွေ ၊ NLD ထိပ်ပိုင်းတာဝန်ရှိသူတွေ ၊NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊သတင်းထောက်တွေကို ထောင်ဒဏ်တွေ ခပ်စိပ်စိပ် ချလာတာတွေ့ရတယ်၊”လို့ သူကVOM ကို ဆက်ပြောပါတယ်။

အခု ထောင်ဒဏ်ချမှတ်ခံရတဲ့ အရင် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟာ NLD အစိုးရလက်ထက်က အဂတိလိုက်စားမှုနဲ့ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နေရာမှာ၂၀၁၉ ခုနှစ် ကစပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ကနေ ဒီဇင်ဘာလ ဒုတိယ အပတ်အထိ ထားဝယ်အကျဉ်းထောင်မှာနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ပညာရေးဝန်ထမ်းတွေ ၊ NLD ပါတီဝင်တွေစုစုပေါင်း ဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူ ၊ အကျဉ်းသား အယောက် ၄၀၀ ထက်မနည်း ရှိတယ်လို့ သတင်းမှတ်တမ်းတွေ အရသိရပါတယ်။

#voiceofmyanmar #VOM #တနင်္သာရီ

Related posts

Leave a Comment

VOM News

FREE
VIEW