ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးဟံသာညိန်း ထောင်(၅)နှစ် ထပ်ချခံရ

ဒီဇင်ဘာ ၂၆-၂၀၂၂
KK(VOM)

ကမာရွတ်မီဒီယာကို ပူးတွဲတည်ထောင်ခဲ့တဲ့ ဦးဟံသာညိန်းကို အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ဒီကနေ့ မနက်ပိုင်းက အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ်(၅)နှစ်ချလိုက်တယ်လို့ ရှေနေအသိုင်းအဝိုင်းက သိရပါတယ်။

” အင်းစိန်အကျဥ်းထောင် အထူးတရားရုံးကနေ ဦးဟံသာညိန်းကို ဒီကနေ့ မနက်ပိုင်းမှာ အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃(က)နဲ့ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့တာဖြစ်တယ်၊ အရင်ကချခဲ့တဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ဆို စုစုပေါင်း ထောင်ဒဏ် ၇ နှစ်ဖြစ်သွားတာပေါ့”လို့
တရားလွှတ်တော်ရှေနေတဦးက VOM ကိုပြောပါတယ်။

ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၁ က ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ထားတာလည်းရှိပါတယ်။

ကမာရွတ်မီဒီယာရုံးခန်းကို ၂၀၂၁ ခုနှစ် မတ်လ
၉ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး တည်ထောင်သူ အမေရိကန်နိုင်ငံသားခံယူထားတဲ့ ဦးနေသန်မောင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကမာရွတ်အယ်ဒီတာချုပ် ဦးနေသန်မောင်ကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ရာဇဝတ်ကျင့်ထုံးဥပ​ဒေပုဒ်မ ၄၄၉ (က)အရ အမှုချုပ်သိမ်းပေးခဲ့ပြီး အမေရိကန်နိူင်ငံကို ဇွန်လ ၁၅ ရက်နေ့မှာပြန်ခိုင်းခဲ့ပါတယ်။

၂၀၂၁ခုနှစ် နိုင်ငံရေးဖြစ်စဥ်တွေ ပြောင်းလဲပြီးနောက်ပိုင်း သတင်းသမားအများစု ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်အပြစ်ပေးခံရသူတွေရှိသလို စ
စ်ကြောရေးမှာ သေဆုံးခဲ့သူတွေလည်းရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဦးဟံသာညိမ်း #ထောင်ငါးနှစ်ထပ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW