ထိုင်၀မ်ကျွန်းအနီး ရေပြင်၊ဝေဟင်မှာ တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်

ပေကျင်း၊ ဒီဇင်ဘာ-၂၆-၂၀၂၂ မျိုးဆက်(VOM) ထိုင်၀မ်ကျွန်းအနီးတဝိုက် ရေပြင်နဲ့ဝေဟင်တို့မှာ စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်က ဒီဇင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ ထိုင်၀မ်နဲ့ အမေရိကန်တို့ရဲ့ လက်ရှိပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်းကို ပြတ်ပြတ်သားသား တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် စစ်ရေးလေ့ကျင့်မှု အသေးစိတ်အချက်အလက်တွေ သို့မဟုတ် တည်နေရာအတိအကျကိုတော့ တရုတ်စစ်တပ်က ထုတ်ပြန်ခြင်းမရှိပါဘူး။ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်၀မ်အတွက် စစ်ရေးအကူအညီ ဒေါ်လာ ၁၀ ဘီလီယံထိ ပါ၀င်တဲ့ အမေရိကန်ကာကွယ်ရေးဆိုင်ရာ ဥပဒေကို အတည်ပြုပြီးနောက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ထိုင်၀မ်ရေလက်ကြား၊ ရေပိုင်နက်နဲ့အချုပ်အခြာအာဏာကို ကာကွယ်တဲ့လမ်းညွှန်ချက်များအတိုင်း ထိုင်၀မ်တပ်တွေကို ဖြန့်ကြက်ချထားခြင်းနဲ့ စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ထိုင်၀မ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုဟာ အင်ဒို-ပစိဖိတ်ဒေသရဲ့ လွတ်လပ်မှု၊ ပွင့်လင်းမှု၊ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်းရေးတို့ကို အထောက်အကူဖြစ်စေကြောင်း ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ…

Read More

ပင်လယ်ပြင်မှာ စက်လှေနဲ့ တလကျော် မျောနေတဲ့ ရိုဟင်ဂျာ ၆၀ နီးပါးကို အင်ဒိုနီးရှား ကယ်တင်

ဂျကာတာ၊ ဒီဇင်ဘာ-၂၆-၂၀၂၂ မျိုးဆက်(VOM) အင်ဂျင်ပျက်စီးနေတဲ့ စက်လှေတစင်းနဲ့အတူ ရိုဟင်ဂျာအမျိုးသား ၆၀ နီးပါးဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းကမ်းခြေကို ဆိုက်ရောက်လာတာကြောင့် အာဏာပိုင်တွေက ကယ်တင်ခဲ့ရပါတာယ်။ သူတို့ဟာ ပင်လယ်ပြင်မှာ တလလောက် မျောပါပြီးနောက် အင်ဒိုနီးရှားကို ရောက်ရှိချိန်မှာ ဆာလောင်မွတ်သိပ်မှုနဲ့အတူ လိုက်ပါလာသူတွေဟာ အားအင်ချိနှဲ့နေကြပြီး သုံးဦးကိုဆေးရုံတင်ထားရပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက ပင်လယ်ပြင်မှာ မျောပါနေကြတဲ့ ရိုဟင်ဂျာ ၁၅၀ အုပ်စုထဲက ဟုတ်မဟုတ် ရှင်းလင်းစွာမသိရသေးပါဘူး။ လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၅၇ ဦးဟာ အာချေးပြည်နယ်ကို ဒီဇင်ဘာ ၂၅ ရက် ရောက်ရှိလာတာဖြစ်တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကပြောပါတယ်။ ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေဟာ ပင်လယ်ထဲမှာ တလလောက်မျောနေကြသူတွေဖြစ်ပြီး သူတို့ကို အစိုးရဌာနတခုမှာ ယာယီထားမှာဖြစ်ကြောင်း အင်ဒိုနီးရှားလူ၀င်မှုကြီးကြပ်ရေးတာ၀န်ရှိသူတဦးက ပြောပါတယ်။ သူတို့ဟာ မိုင်ပေါင်း ၁၂၀၀ အကွာမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး ဘယ်နေရာကနေ…

Read More

ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးဟံသာညိန်း ထောင်(၅)နှစ် ထပ်ချခံရ

ဒီဇင်ဘာ ၂၆-၂၀၂၂ KK(VOM) ကမာရွတ်မီဒီယာကို ပူးတွဲတည်ထောင်ခဲ့တဲ့ ဦးဟံသာညိန်းကို အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ဒီကနေ့ မနက်ပိုင်းက အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ်(၅)နှစ်ချလိုက်တယ်လို့ ရှေနေအသိုင်းအဝိုင်းက သိရပါတယ်။ ” အင်းစိန်အကျဥ်းထောင် အထူးတရားရုံးကနေ ဦးဟံသာညိန်းကို ဒီကနေ့ မနက်ပိုင်းမှာ အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃(က)နဲ့ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့တာဖြစ်တယ်၊ အရင်ကချခဲ့တဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ဆို စုစုပေါင်း ထောင်ဒဏ် ၇ နှစ်ဖြစ်သွားတာပေါ့”လို့ တရားလွှတ်တော်ရှေနေတဦးက VOM ကိုပြောပါတယ်။ ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၁ က ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ထားတာလည်းရှိပါတယ်။ ကမာရွတ်မီဒီယာရုံးခန်းကို ၂၀၂၁ ခုနှစ် မတ်လ…

Read More

ချောင်းဦးနယ် ကံကြီးကုန်းကျေးရွာမှာ နေအိမ် တစ်ရာကျော် မီးလောင်၊ တဦးသေ သုံးဦးပျောက်ဆုံး

ဒီဇင်ဘာ ၊ ၂၆ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၂၅ရက် ၊ ညနေပိုင်းကစလို့ ညပိုင်းအထိ ၊ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူနေအိမ်တွေ မီးလောင်ခဲ့တယ်လို့ ချောင်းဦးမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်ကစပြီး ရွာထဲကို လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ် ၊ ည ၇ နာရီလောက်ရောက်တော့ ရွာစွန်ကအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ် ၊ အိမ်ခြေ ၁၀၂ အိမ် မီးလောင်ပျက်စီးတယ် ၊ ရွာသား ၁ ဦး မီးရှို့ခံရတယ် ၊ နောက်ပြီး အရှင် ၃ ဦး ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ အဖမ်းခံရတဲ့…

Read More

အမေရိကန်နဲ့ ကနေဒါမှာ ဆိုးရွားတဲ့နှင်းမုန်တိုင်းကြောင့် လူ ၃၈ ဦးသေဆုံး

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၆-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နဲ့ ကနေဒါတို့မှာ နှင်းမုန်တိုင်းနဲ့ ဆိုးရွားတဲ့ ရာသီဥတုကို ဆက်လက်ရင်ဆိုင်နေရပြီး ဒီဇင်ဘာ ၂၅ ရက်ထိ လူ ၃၈ ဦးသေဆုံးသွားပါတယ်။ အမေရိကန်မှာ ဆိုးရွားသည့်ရာသီဥတုကြောင့် လူ ၃၄ ဦးသေဆုံးခဲ့ပြီး အဆိုးရွားဆုံးကတော့ နယူးယောက်ပြည်နယ် ဘတ်ဖ်လိုမြို့ဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ကနေဒါနိုင်ငံအနောက်ပိုင်း ဗြိတိသျှကိုလံဘီယာပြည်နယ် မာရစ်မြို့အနီး ဆီးနှင်းများပိတ်နေတဲ့လမ်းပေါ်မှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၄ ဦးသေဆုံးခဲ့ပါတယ်။ ကနေဒါနိုင်ငံမှ တောင်ဘက်စွန်း ရီယိုဂရန်ဒီအထိ ကျယ်ပြန့်တဲ့ လက်ရှိဆောင်းရာသီမုန်တိုင်းရဲ့ သက်ရောက်မှုဟာ မကြုံစဖူးဖြစ်ပြီး လာမယ့်ရက်အနည်းငယ်အတွင်း လျော့ပါးသွားနိုင်ကြောင်း မိုးလေ၀သ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အမေရိကန်နိုင်ငံသား ၅၅ သန်းဟာ ဒီဇင်ဘာ ၂၅ ရက်ထိ နှင်းမုန်တိုင်းသတိပေးချက်အောက်မှာ ရှိနေခဲ့ပြီး ဆီးနှင်းထူထပ်စွာကျဆင်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းတို့ကြောင့် အမေရိကန်တ၀န်းမှာ အားလပ်ရက်ခရီးသွားလာမှုတွေအပေါ် အနှောက်အယှက်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ Ref: BBC…

Read More

မန္တလေးမှာ စီးပွားရေးလုပ်ငန်းများ ဒေသတွင်း ထုတ်ကုန်ပြပွဲကျင်းပ

မန္တလေး၊ ဒီဇင်ဘာ – ၂၆ – ၂၀၂၂ (Voice Of Myanmar) မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ဒေသတွင်းထုတ်ကုန်ပြပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရီ အားကစားကွင်းအတွင်းမှာ ဒီကနေ့ ဒီဇင်ဘာ ၂၆ရက်ကနေ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဲ့ဒီထုတ်ကုန်ပြပွဲမှာ SME Member ဝင်လုပ်ငန်း ၂၁ ခု၊ စက်မှုမှတ်ပုံတင်လုပ်ငန်း ၆၁ခု၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ၃၃ ခု၊ စားသောက်ခန်း ၅ ခန်းနဲ့ ဌာနဆိုင်ရာ ၆ ခုတို့ ပူးပေါင်းပြီး ဆိုင်ခန်းတွေနဲ့ ခင်းကျင်းပြသထားတာကို တွေ့ရပါတယ်။ ပြပွဲအတွင်းမှာဆိုရင် နိဗ္ဗာန်ကုန်၊ အစားအသောက်၊ စက်မှုလက်မှု ပစ္စည်းအမျိုးမျိုးတို့ကို ခင်းကျင်းပြထားပြီး ဒီဇင်ဘာ ၂၈ ရက်နေ့အထိ မည်သူမဆို ဝင်ရောက်လေ့ လာဝယ်ယူလို့ရတယ်လို့ သိရပါတယ်။…

Read More

မြို့စွန် ကန်သင်းရိုး၊ ဘိုးဘိုးကြီးနန်း နှင့် အောင်ပင်လယ်

ဆူးငှက် “ရှေ့ယံငယ် ပတ်ဝန်း၊ မြရောင်ရွှန်း၊ သီလာမြိုင်ဖူး၊ တောင်မှူး ရေတံခွန် သာဘွယ်လွန်သည့်လေ စိမ်းလဲ့မောင်း နန္ဒာကြည်ရှင်း ကန်မင်း အောင်ပင်လယ်မှာ ကြာမျိုး ငါးသွယ် လှိုင်ကြွယ်မွှေးပျံ့ လှောင်းပါလို့လေး”” မန္တလေးမြို့ဘွဲ့ တျာချင်းတစ်ပုဒ်က ရင်ထဲ စူးဝင်လာသည်။ အုပ်ဆိုင်းနေသည့် ကုက္ကိုပင်အရိပ်ကြီးများက လမ်းမပေါ် လှဲအိပ်နေကြ၏။ စံပယ်ပန်းအနံ့လးတွေ သင်းခနဲ မွှေးမြနေသည်။ လယ်ကွင်းတွေဆီက တိုက်ခတ်လာသောလထဲမှာပင် စံပယ်ရနံ့တို့ စွန်းထင်းသွားသေးသည်။ ဟိုတောင်ဘက်အနား “တဘက်ကျ”စေတီသည် သူ၏ ဆည်းလည်းလေးတွေကို လေးတွဲ့တွဲ့ အသံပေးနေ၏။ပြဒါးသုတ်၊ မှန်အလုံပိတ် ကားရောင်စုံလေးတွေ ဘယ်လိုပဲ အရှိန်ပြင်းပြင်း မောင်းလာပါစေ၊ ဟောသည်နေရာရောက်ရင်ဖြင့် ကားကလေးတွေကို ငြိမ့် ခနဲ ထိုးဆိုက်ကာ တံခါးဖွင့် ဆင်းကြသည်။ ဘီယာမူးနေသော လူငယ်လေးတွေ ဘယ်လိုပင် ရီဝေရီဝေဖြစ်နေပါစေ၊ သည်နေရာရောက်လျှင် တစ်ယောက်ယောက်က သတိဝင်ကာ ကားပေါ်ဆင်းသည်။ ကားမှန် တံခါးအဖွင့်၊ သို့တည်း…

Read More
VOM News

FREE
VIEW