မန္တလေးမှာ စီးပွားရေးလုပ်ငန်းများ ဒေသတွင်း ထုတ်ကုန်ပြပွဲကျင်းပ

မန္တလေး၊ ဒီဇင်ဘာ – ၂၆ – ၂၀၂၂
(Voice Of Myanmar)

မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ဒေသတွင်းထုတ်ကုန်ပြပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရီ အားကစားကွင်းအတွင်းမှာ ဒီကနေ့ ဒီဇင်ဘာ ၂၆ရက်ကနေ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲ့ဒီထုတ်ကုန်ပြပွဲမှာ SME Member ဝင်လုပ်ငန်း ၂၁ ခု၊ စက်မှုမှတ်ပုံတင်လုပ်ငန်း ၆၁ခု၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ၃၃ ခု၊ စားသောက်ခန်း ၅ ခန်းနဲ့ ဌာနဆိုင်ရာ ၆ ခုတို့ ပူးပေါင်းပြီး ဆိုင်ခန်းတွေနဲ့ ခင်းကျင်းပြသထားတာကို တွေ့ရပါတယ်။

ပြပွဲအတွင်းမှာဆိုရင် နိဗ္ဗာန်ကုန်၊ အစားအသောက်၊ စက်မှုလက်မှု ပစ္စည်းအမျိုးမျိုးတို့ကို ခင်းကျင်းပြထားပြီး ဒီဇင်ဘာ ၂၈ ရက်နေ့အထိ မည်သူမဆို ဝင်ရောက်လေ့ လာဝယ်ယူလို့ရတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #စက်မှုလက်မှုပြပွဲ #မန္တလေး #Mandalay #ပြပွဲ

Related posts

✕
VOM News

FREE
VIEW