ထိုင်၀မ်ကျွန်းအနီး ရေပြင်၊ဝေဟင်မှာ တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်

ပေကျင်း၊ ဒီဇင်ဘာ-၂၆-၂၀၂၂
မျိုးဆက်(VOM)

ထိုင်၀မ်ကျွန်းအနီးတဝိုက် ရေပြင်နဲ့ဝေဟင်တို့မှာ စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်က ဒီဇင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်၀မ်နဲ့ အမေရိကန်တို့ရဲ့ လက်ရှိပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်းကို ပြတ်ပြတ်သားသား တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် စစ်ရေးလေ့ကျင့်မှု အသေးစိတ်အချက်အလက်တွေ သို့မဟုတ် တည်နေရာအတိအကျကိုတော့ တရုတ်စစ်တပ်က ထုတ်ပြန်ခြင်းမရှိပါဘူး။

အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်၀မ်အတွက် စစ်ရေးအကူအညီ ဒေါ်လာ ၁၀ ဘီလီယံထိ ပါ၀င်တဲ့ အမေရိကန်ကာကွယ်ရေးဆိုင်ရာ ဥပဒေကို အတည်ပြုပြီးနောက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ထိုင်၀မ်ရေလက်ကြား၊ ရေပိုင်နက်နဲ့အချုပ်အခြာအာဏာကို ကာကွယ်တဲ့လမ်းညွှန်ချက်များအတိုင်း ထိုင်၀မ်တပ်တွေကို ဖြန့်ကြက်ချထားခြင်းနဲ့ စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုင်၀မ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုဟာ အင်ဒို-ပစိဖိတ်ဒေသရဲ့ လွတ်လပ်မှု၊ ပွင့်လင်းမှု၊ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်းရေးတို့ကို အထောက်အကူဖြစ်စေကြောင်း ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref:NHK
Photo:Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW