ပင်လယ်ပြင်မှာ စက်လှေနဲ့ တလကျော် မျောနေတဲ့ ရိုဟင်ဂျာ ၆၀ နီးပါးကို အင်ဒိုနီးရှား ကယ်တင်

ဂျကာတာ၊ ဒီဇင်ဘာ-၂၆-၂၀၂၂
မျိုးဆက်(VOM)

အင်ဂျင်ပျက်စီးနေတဲ့ စက်လှေတစင်းနဲ့အတူ ရိုဟင်ဂျာအမျိုးသား ၆၀ နီးပါးဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းကမ်းခြေကို ဆိုက်ရောက်လာတာကြောင့် အာဏာပိုင်တွေက ကယ်တင်ခဲ့ရပါတာယ်။

သူတို့ဟာ ပင်လယ်ပြင်မှာ တလလောက် မျောပါပြီးနောက် အင်ဒိုနီးရှားကို ရောက်ရှိချိန်မှာ ဆာလောင်မွတ်သိပ်မှုနဲ့အတူ လိုက်ပါလာသူတွေဟာ အားအင်ချိနှဲ့နေကြပြီး သုံးဦးကိုဆေးရုံတင်ထားရပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက ပင်လယ်ပြင်မှာ မျောပါနေကြတဲ့ ရိုဟင်ဂျာ ၁၅၀ အုပ်စုထဲက ဟုတ်မဟုတ် ရှင်းလင်းစွာမသိရသေးပါဘူး။

လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၅၇ ဦးဟာ အာချေးပြည်နယ်ကို ဒီဇင်ဘာ ၂၅ ရက် ရောက်ရှိလာတာဖြစ်တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကပြောပါတယ်။

ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေဟာ ပင်လယ်ထဲမှာ တလလောက်မျောနေကြသူတွေဖြစ်ပြီး သူတို့ကို အစိုးရဌာနတခုမှာ ယာယီထားမှာဖြစ်ကြောင်း အင်ဒိုနီးရှားလူ၀င်မှုကြီးကြပ်ရေးတာ၀န်ရှိသူတဦးက ပြောပါတယ်။

သူတို့ဟာ မိုင်ပေါင်း ၁၂၀၀ အကွာမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး ဘယ်နေရာကနေ စက်လှေနဲ့စတင်ထွက်ခွာလာကြတယ်ဆိုတာ ရှင်းလင်းစွာမသိရသေးပါဘူး။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW