အမေရိကန်နဲ့ ကနေဒါမှာ ဆိုးရွားတဲ့နှင်းမုန်တိုင်းကြောင့် လူ ၃၈ ဦးသေဆုံး

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၆-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နဲ့ ကနေဒါတို့မှာ နှင်းမုန်တိုင်းနဲ့ ဆိုးရွားတဲ့ ရာသီဥတုကို ဆက်လက်ရင်ဆိုင်နေရပြီး ဒီဇင်ဘာ ၂၅ ရက်ထိ လူ ၃၈ ဦးသေဆုံးသွားပါတယ်။

အမေရိကန်မှာ ဆိုးရွားသည့်ရာသီဥတုကြောင့် လူ ၃၄ ဦးသေဆုံးခဲ့ပြီး အဆိုးရွားဆုံးကတော့ နယူးယောက်ပြည်နယ် ဘတ်ဖ်လိုမြို့ဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

ကနေဒါနိုင်ငံအနောက်ပိုင်း ဗြိတိသျှကိုလံဘီယာပြည်နယ် မာရစ်မြို့အနီး ဆီးနှင်းများပိတ်နေတဲ့လမ်းပေါ်မှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၄ ဦးသေဆုံးခဲ့ပါတယ်။

ကနေဒါနိုင်ငံမှ တောင်ဘက်စွန်း ရီယိုဂရန်ဒီအထိ ကျယ်ပြန့်တဲ့ လက်ရှိဆောင်းရာသီမုန်တိုင်းရဲ့ သက်ရောက်မှုဟာ မကြုံစဖူးဖြစ်ပြီး လာမယ့်ရက်အနည်းငယ်အတွင်း လျော့ပါးသွားနိုင်ကြောင်း မိုးလေ၀သ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

အမေရိကန်နိုင်ငံသား ၅၅ သန်းဟာ ဒီဇင်ဘာ ၂၅ ရက်ထိ နှင်းမုန်တိုင်းသတိပေးချက်အောက်မှာ ရှိနေခဲ့ပြီး ဆီးနှင်းထူထပ်စွာကျဆင်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းတို့ကြောင့် အမေရိကန်တ၀န်းမှာ အားလပ်ရက်ခရီးသွားလာမှုတွေအပေါ် အနှောက်အယှက်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW