ငါန်းဇွန်မြို့နယ်မှာ စွန့်ပစ်ထားတဲ့ ရုပ်အလောင်း (၃)လောင်းတွေ့

ဒီဇင်ဘာ ၂၇-၂၀၂၂
SP (VOM)

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ ကုလားကျေးရွာနားမှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က စွန့်ပစ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့ရတာကြောင့် ကူညီဆောင်ရွက်ပေးခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” တွေ့ရတဲ့ ရုပ်အလောင်း ၃ လောင်းက အမျိုးသားတွေဖြစ်တယ် ၊ အနေအထားက အသက် (၃၃) နှစ်ခန့် အမျိုးသားတဦးမှာ ဘယ်ရင်အုံထိုးသွင်းဒဏ်ရာ (၁) ချက်၊ ဘယ်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ အသက် (၃၅) နှစ်ခန့်အမျိုးသားတဦးက ဘယ်ရင်အုံထိုးသွင်းဒဏ်ရာ (၁) ချက်၊ ဘယ်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက် နဲ့ အသက် (၄၀) နှစ်ခန့်အမျိုးသားတဦးဟာ ဘယ်ရင်အုံ ထိုးသွင်းဒဏ်ရာ (၁) ချက်၊ ဝဲနောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက် ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်လို့ ငါန်းဇွန်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” ရုပ်အလောင်းတွေကို ဆေးရုံမှာ ပို့ဆောင်ထားတယ် ၊ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ သိနိုင်ဖို့ အမှုဖွင့် စစ်ဆေးနေပါတယ် ၊ အဲ့ဒီ သေဆုံးရုပ်အလောင်းတွေနားက M – 22 ကျည်ခွံ ၃ ခုတွေ့ရတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် မနက် ၈နာရီ ဂန်းကျင်ကလည်း ငါန်းဇွန်မြို့နယ်၊ သားကျင်းကျေးရွာနဲ့ ရေဆင်းကျေးရွာသွား ကားလမ်းဘေးမှာ အမျိုးသားရုပ်အလောင်း ၄ လောင်း စွန့်ပစ်ထားတာကို တွေ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက်ကလည်း မန္တလေးတိုင်း၊ ငါန်းဇွန်မြိုနယ်၊ ကုလကျေးရွာမှာနေတဲ့ ဦးရန်အေး (၅၁)နှစ်ဆိုသူ ယာခင်းတောထဲမှာ ပစ်သတ်ခံရတာ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၃ရက်ကလည်း ငါန်းဇွန်မြို့နယ် ညောင်လေးပင်ကျေးရွာမှာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ပစ်ခတ်ခံရတာကြောင့် ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ငါန်းဇွန်

Related posts

Leave a Comment

VOM News

FREE
VIEW