ဆောမြို့နယ်မှာ လေကြောင်းကပစ်လို့ လူ ၄ ဦးသေဆုံး ၊ ၇ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၂၆ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ ညောင်ကန်ကျေးရွာနားမှာ ဒီကနေ့ ၊ နေ့လယ်ပိုင်းက လေကြောင်းအသုံးပြုပြီး နယ်မြေရှင်းလင်းတာကြောင့် လူ ၄ ဦး သေဆုံးကာ ၊ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆောမြို့နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဒီကနေ့ ၊ မွန်းလွဲ၂ နာရီဝန့်းကျင်က ဖြစ်တာပါ ၊ ညောင်ကန်ကျေးရွာဘက်ကို လေကြောင်းပစ်ကူနဲ့ နယ်မြေရှင်းလင်းတာကြောင့် လူ ၄ ဦး သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ ကိုဇော်မင်း ၄၇ နှစ်၊ ဒေါ်စောဝိုင်း ၆၆ နှစ် ၊‌ကိုကျော်ဌေးလင်း ၄၀ ဝန်းကျင်နဲ့ ကိုဇော်ဌေးဝင်း ၄၅ နှစ်တို့ဖြစ်ပြီး ၊ဒေါ်စောဝိုင်း ၊‌ကိုကျော်ဌေးလင်းနဲ့ ကိုဇော်ဌေးဝင်း တို့ ၃ ဦးက မိသားစုတွေ ဖြစ်ကြတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် လူနေအိမ် ၄ လုံးပျက်စီးပြီး လူ ၇ ယောက်လည်း ဗုံးစထိမှန် ဒဏ်ရာရခဲ့တာ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီလို လေကြောင်းအသုံးပြုပြီး နယ်မြေရှင်းလင်းတာနဲ့ ပတ်သက်ပြီး ညောင်ကန်ကျေးရွာခံ တယောက်က ” မနှစ်တုန်းက ရဟတ်ယာဥ်နဲ လာပစ်ဘူးတာရှိတယ် ၊ အခုလို အပျက်စီးနဲ့ ထိခိုက်ဒဏ်ရာရသူမများခဲ့ဘူး ၊ အခုဟာက အသံပဲကြားလိုက်ရတာ ၊ နောက်တခေါက် ပြန်ကွေ့လာပြီး ပစ်မှ လေကြောင်းက ပစ်တယ်ဆိုတာ သိရတယ် ” လို့ ပြောပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းက ဆောမြို့နယ် ၊ ညောင်ကန်ကျေးရွာ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဂန့်ဂေါခရိုင် လုံခြုံရေးအဖွဲ့ဆီ ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့မရသေးပါဘူး။

#voiceofmyanmar #VOM #ဆောမြို့နယ် #လေကြောင်းကတိုက်

Related posts

Leave a Comment

VOM News

FREE
VIEW