ကိုဗစ်ကူးစက်မှု မြင့်တက်နေတာကြောင့် တရုတ်ခရီးသွားတွေအပေါ် ကန့်သတ်ချက်တွေ အမေရိကန်ချမှတ်

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၉-၂၀၂၂ မျိုးဆက်(VOM) လာမယ့်သီတင်းပတ်မှာ နယ်စပ်တွေပြန်ဖွင့်မယ်လို့ တရုတ်နိုင်ငံက ကြေညာပြီးနောက် တရုတ်နိုင်ငံမှ ခရီးသွားတွေအပေါ် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်တွေ အမေရိကန်က ချမှတ်လိုက်ပါတယ်။ အမေရိကန်အပြင် အီတလီ၊ ဂျပန်၊ ထိုင်ဝမ်နဲ့ အိန္ဒိယနိုင်ငံတို့ကလည်း တရုတ်ခရီးသွားတွေအပေါ် ကိုဗစ်-၁၉ မဖြစ်မနေစမ်းသပ်မှုတွေပြုလုပ်ရမယ်လို့ ကြေညာထားပြီး သြစတြေးလျနဲ့ ဗြိတိန်တို့ကတော့ တရုတ်ခရီးသွားတွေအပေါ် ကန့်သတ်ချက်အသစ်တွေ မရှိသေးဘူးလို့ဆိုပါတယ်။ ပြင်ပကမ္ဘာနဲ့ အသွားအလာ သုံးနှစ်ကြာအဆက်ဖြတ်ပြီးနောက် တရုတ်နိုင်ငံဟာ ဇန်ဝါရီ ၈ ရက်ကစတင်ပြီး ခရီးသွားလာမှုတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိကူးစက်မှုအခြေအနေအရ သတိပေးချက်ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်း၌ ယခုသီတင်းပတ်အတွင်း ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုနှုန်း ငါးထောင်ဝန်းကျင်ရှိကြောင်း တရားဝင်ထုတ်ပြန်ထားပေမယ့် ဒီအရေအတွက်ဟာ လွန်စွာနည်းပါးပြီး နေ့စဉ်ကူးစက်မှု တသန်းကျော်ရှိကြောင်း လေ့လာသူတွေကဆိုပါတယ်။ တရုတ်မြို့ကြီးတွေရှိ ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်နှက်နေပြီး ဒေသခံတွေဟာ အခြေခံဆေးဝါးတွေ ရရှိဖို့ ရုန်းကန်နေရကြောင်း…

Read More

မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်တွေကို ပစ်မချနိုင်တဲ့အတွက် တောင်ကိုရီးယားကာကွယ်ရေး၀န်ကြီး တောင်းပန်

ဆိုးလ်၊ ဒီဇင်ဘာ-၂၉-၂၀၂၂ မျိုးဆက်(VOM) နှစ်နိုင်ငံနယ်နိမိတ်မျဉ်းကို ဖြတ်ကျော်၀င်ရောက်လာတဲ့ မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်တွေကို ပစ်မချနိုင်တဲ့ကိစ္စအတွက် တောင်ကိုရီးယားကာကွယ်ရေး၀န်ကြီး လီဂျောင်ဆပ်က တောင်းပန်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ မောင်းသူမဲ့လေယာဉ်ငါးစင်းဟာ ဒီဇင်ဘာ ၂၆ ရက်မှာ တောင်ကိုရီးယား လေပိုင်နက်အတွင်းကို ဖြတ်ကျော်ပျံသန်းခဲ့ပြီး တောင်ကိုယားစစ်တပ်က တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ ဖြန့်ကြက်စေလွှတ်ခဲ့ရပါတယ်။ မောင်းသူမဲ့လေယာဉ်တွေကို ရဟတ်ယာဉ်တွေပေါ်မှ ကျည်အချက်ပေါင်း ၁၀၀ ကျော်ပစ်ခတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ မောင်းသူမဲ့လေယာဉ်တွေဟာ မြောက်ကိုရီးယားဘက်သို့ ပျံသန်းသွားခြင်း သို့မဟုတ် တောင်ကိုရီးယားစစ်တပ်ရဲ့ ရေဒါပေါ်မှ ပျောက်ဆုံးသွားခဲ့ပါတယ်။ မောင်းသူမဲ့လေယာဉ်တွေကို တိုက်ခိုက်နိုင်တဲ့ တောင်ကိုရီးယားရဲ့စွမ်းရည်ဟာ လုံလောက်မှုမရှိကြောင်းနဲ့ ယခင်လေ့ကျင့်တွေနဲ့ လုံလောက်ပြည့်စုံခြင်းမရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး၀န်ကြီးက ပါလီမန်အမျိုးသားကာကွယ်ရေးကော်မတီအစည်းအဝေးမှာ တောင်းပန်စကားဆိုပါတယ်။ တောင်ကိုရီးယားစစ်တပ်အနေနဲ့ လေကြောင်းရန်ကာကွယ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၉ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒီလေ့ကျင့်မှုမှာ လေပိုင်နက်အတွင်း မြောက်ကိုရီးယားမောင်းသူမဲ့လေယာဉ်တွေ ၀င်ရောက်လာမှုအပေါ် အခြေခံပြုလုပ်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေး၀န်ကြီးက ပြောပါတယ်။…

Read More

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတချို့ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရ

ဒီဇင်ဘာ ၂၉-၂၀၂၂ MM(VOM) NLD ပါတီ တာဝန်ယူခဲ့ချိန်က ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် နဲ့ တာဝန်ရှိသူတချို့ ပြန်လည်လွတ်မြောက်လာတယ်လို့ သက်ဆိုင်ရာနဲ့ နီးစပ်သူတွေ ဆီကနေသိရပါတယ်။ အခု ပြန်လွတ်လာသူတွေဟာ ၂၀၂၁ခုနှစ် ၊ ဖေဖေါ်ဝါရီ ၂ ရက်ကတည်းက ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး ပြန်မလွတ်သေးတဲ့သူတွေလည်း ရှိနေသေးတယ်လို့ သက်ဆိုင်ရာနဲ့ နီးစပ်သူတယောက်က VOM ကိုပြောပါတယ်။ ”ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ ဝန်ကြီးတွေ ၊ လွှတ်တော် ဥက္ကဋ္ဌတွေကိုပြန်လွှတ်ပေးတာဟုတ်တယ်လို့သိရတယ် ၊ မနေ့က တချို့လွှတ် ပေးတယ် ၊ ဒီနေ့စောစောပိုင်းကလည်း တချို့ လွှတ်ပေးတယ်လို့သိရတယ်၊ မလွတ်သေးတဲ့သူတွေလည်း တော်တော်များများ ရှိပါသေးတယ် ၊ လွှတ်တဲ့ စာရင်းနဲ့ မလွှတ်တဲ့စာရင်းကို တိတိကျကျ ပြောဖို့တော့ ခက်တယ်။”လို့ သူက VOM ကို ဆက်ပြောပါတယ် နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တွေ…

Read More

ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်ရှိ ကာဆီနိုရုံမီးလောင်မှု လူ ၁၀ ဦးထက်မနည်းသေဆုံး

ဖနွမ်းပင်၊ ဒီဇင်ဘာ-၂၉-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ရှိ ကာစီနိုရုံတခုမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မီးလောင်ကျွမ်းမှုဟာ ကမ္ဘောဒီးယားနယ်စပ်မြို့ ပွီပက်ရှိ ဂရန်းဒိုင်းမွန်းစီးတီးဟိုတယ် ကာစီနိုရုံမှာ ဒီဇင်ဘာ ၂၈ ရက် ည ၁၁ နာရီ ၃၀ မိနစ်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ မီးလောင်မှုဖြစ်ပွားချိန်မှာ ကာစီနိုရုံထဲ လူ ၄၀၀ နီးပါးရှိပြီး မီးလောင်ကျွမ်းမှုကြောင့် လူတွ အဆောက်အဦအပေါ်ထပ်မှ ခုန်ချခြင်းနဲ့ ပြုတ်ကျခြင်းတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဒဏ်ရာရသူအချို့ကို ထိုင်းနိုင်ငံ ဆာကေအိုခရိုင်ရှိ ဆေးရုံတွေကို လွှဲပြောင်းထားကြောင်း ထိုင်းနိုင်ခြားရေး၀န်ကြီးဌာန တာ၀န်ရှိသူတဦးကပြောပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ပွီပက်မြို့ဟာ ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံအကြား အဓိကကျတဲ့ နယ်စပ်ဖြတ်ကျော်နေရာဖြစ်ပြီး ထိုင်းနိုင်ငံမှာ လောင်းကစားအများစု တရား၀င်လုပ်ဆောင်နိုင်ခြင်းမရှိတာကြောင့် ထိုင်းနိုင်ငံသားအများပြား လာရောက်လေ့ရှိတဲ့ နေရာတခုဖြစ်ပါတယ်။…

Read More

သာယာဝတီမှာ ရာအိမ်မှူးရဲ့အိမ်ထဲကနေ လူငယ် ၄ ဦးနဲ့အတူ လက်နက်ခဲယမ်းတွေ ဖမ်းမိ

ဒီဇင်ဘာ ၊ ၂၉ ၊ ၂၀၂၂ SP (VOM) ပဲခူးတိုင်း ၊ သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ ဂုံမင်းမြောင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၊ ရာအိမ်မှူးတယောက်ရဲ့ နေအိမ်ထဲကနေ လူငယ် ၄ ယောက်နဲ့အတူ လက်နက်ခဲယမ်းတွေကို မနေ့ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက ဖမ်းဆီးရမိတယ်လို့ သာယာဝတီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ အသိုင်း အဝိုင်းဆီက သိရပါတယ်။ “ဖြစ်စဥ်က ဂုံမင်းမြောင်းကျေးရွာက ၊ ရာအိမ်မှူး ဦးသိန်းဇော်ဝင်းရဲ့နေအိမ်ကို နယ်မြေရှင်းလင်းရေး အဖွဲ့တွေက သတင်းအရ ပိတ်ဆို့ရှာဖွေတဲ့အခါ အိမ်ထဲက ပစ္စတိုသေနတ် (၁) လက်၊ အသံ တိတ်ပြောင်း (၁) ခု၊ လက်လုပ်မိုင်း (၅) လုံး၊ ကျည်အိမ် (၂) ခု၊ တရုတ် MG-1 လက်ပစ်ဗုံး (၁) လုံး၊ လက်လုပ်မိုင်း…

Read More

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်း ထောင်၂ နှစ် ထပ်ချခံရ

ဒီဇင်ဘာ ၂၉ – ၂၀၂၂ SN (VOM) ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို နောက်တိုးစွဲချက်တွေနဲ့ မနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ ထောင်တွင်းတရားရုံးကနေ အပြီးသတ်အမိန့် ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ သိရပါတယ်။ နောက်တိုးစွပ်စွဲချက်တွေဖြစ်တဲ့ ပုဒ်မ ၄၂၀ – က နဲ့ ၄၆၈ တို့အတွက် ထောင်ဒဏ် ၄ နှစ်ကို တစ်ပေါင်းတည်း ၂ နှစ် ကျခံစေဖို့အတွက် အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “သူက မတ်လ ၃၀ ရက်တုန်းကလည်း ပုဒ်မ ၅၀၅(က) နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ် ချခံထားရသေးတယ်။ အဲ့ဒါကြောင့် အခုထောင်ဒဏ်နဲ့ဆိုရင် စုစုပေါင်း ၅ နှစ်ပေါ့”လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ မဆုရည်လင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁…

Read More

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနိုင်ရဲဝေ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

ဒီဇင်ဘာ ၂၉-၂၀၂၂ Voice Of Myanmar (VOM) အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀ည နဲ့ ဖမ်းဆီးတရားစွဲဆိုထားရတဲ့ မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင် ပလိပ်မြို့က ရတနာပုံတက္ကသိုလ် ဗကသ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုနိုင်ရဲဝေကို ကျောက်ဆည်ခရိုင်တရားရုံးက ဒီဇင်ဘာ ၂၈မနေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၁၅)နှစ်အမိန့်ချမှတ်ခဲ့တယ်လို့ မိသားစုအသိုင်းအဝိုင်းဆီက သိရပါတယ်။ ကိုနိုင်ရဲဝေဟာ၂၀၁၅တွင်ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့လို့ သာယာဝတီအကျဥ်းထောင်မှာ ဖမ်းခံရသလို ၂၀၁၈ကလည်း ပုဂ္ဂိုလ်ရေးကိစ္စနဲ့ မန္တလေးအိုးဘိုထောင်မှာ ထောင်ချခံရပြီး ၂၀၂၁ကပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတဦးဖြစ်ပါတယ်။ #voiceofmyanmar #VOM #နိုင်ရဲ​ဝေ

Read More
VOM News

FREE
VIEW