ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနိုင်ရဲဝေ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

ဒီဇင်ဘာ ၂၉-၂၀၂၂
Voice Of Myanmar (VOM)

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀ည နဲ့ ဖမ်းဆီးတရားစွဲဆိုထားရတဲ့ မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင် ပလိပ်မြို့က ရတနာပုံတက္ကသိုလ် ဗကသ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုနိုင်ရဲဝေကို ကျောက်ဆည်ခရိုင်တရားရုံးက ဒီဇင်ဘာ ၂၈မနေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၁၅)နှစ်အမိန့်ချမှတ်ခဲ့တယ်လို့ မိသားစုအသိုင်းအဝိုင်းဆီက သိရပါတယ်။

ကိုနိုင်ရဲဝေဟာ၂၀၁၅တွင်ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့လို့ သာယာဝတီအကျဥ်းထောင်မှာ ဖမ်းခံရသလို ၂၀၁၈ကလည်း ပုဂ္ဂိုလ်ရေးကိစ္စနဲ့ မန္တလေးအိုးဘိုထောင်မှာ ထောင်ချခံရပြီး ၂၀၂၁ကပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတဦးဖြစ်ပါတယ်။

#voiceofmyanmar #VOM #နိုင်ရဲ​ဝေ

Related posts

Leave a Comment

VOM News

FREE
VIEW