သာယာဝတီမှာ ရာအိမ်မှူးရဲ့အိမ်ထဲကနေ လူငယ် ၄ ဦးနဲ့အတူ လက်နက်ခဲယမ်းတွေ ဖမ်းမိ

ဒီဇင်ဘာ ၊ ၂၉ ၊ ၂၀၂၂
SP (VOM)

ပဲခူးတိုင်း ၊ သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ ဂုံမင်းမြောင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၊ ရာအိမ်မှူးတယောက်ရဲ့ နေအိမ်ထဲကနေ လူငယ် ၄ ယောက်နဲ့အတူ လက်နက်ခဲယမ်းတွေကို မနေ့ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက ဖမ်းဆီးရမိတယ်လို့ သာယာဝတီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ အသိုင်း အဝိုင်းဆီက သိရပါတယ်။

“ဖြစ်စဥ်က ဂုံမင်းမြောင်းကျေးရွာက ၊ ရာအိမ်မှူး ဦးသိန်းဇော်ဝင်းရဲ့နေအိမ်ကို နယ်မြေရှင်းလင်းရေး အဖွဲ့တွေက သတင်းအရ ပိတ်ဆို့ရှာဖွေတဲ့အခါ အိမ်ထဲက ပစ္စတိုသေနတ် (၁) လက်၊ အသံ တိတ်ပြောင်း (၁) ခု၊ လက်လုပ်မိုင်း (၅) လုံး၊ ကျည်အိမ် (၂) ခု၊ တရုတ် MG-1 လက်ပစ်ဗုံး (၁) လုံး၊ လက်လုပ်မိုင်း (၅) လုံး၊ လက်လုပ်ဗုံး (၂) လုံးအပါအဝင် လူငယ် ၄ ယောက်ကို ဖမ်းဆီးရမိတာဖြစ်တယ် “လို့ သာယာဝတီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ပဲခူးတိုင်းထဲမှာ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလအတွင်းမှာ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတဲ့ ဖြစ်စဥ်ပေါင်းများစွာရှိတဲ့အနက်က ထွေ / အုပ် အသိုင်းအဝိုင်း ရာအိမ်မှူးနေအိမ်ထဲက လက်နက်ခဲယမ်းတွေ ဖမ်းမိတာဟာ အခုဖြစ်စဥ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သာယာဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW