ဗာဂျီးနီးယားမှာ ကျောင်းဆရာမတဦးကို ခြောက်နှစ်အရွယ်ကျောင်းသားက သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွား

ဝါရှင်တန်၊ ဇန်နဝါရီ-၇-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ ကျောင်းဆရာမတဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့တဲ့ အသက်ခြောက်နှစ်အရွယ် ကျောင်းသားတဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

အဲဒီသေနတ်ပစ်ခတ်မှုဟာ နယူးပို့မြို့ရှိ ရစ်ခ်ျနက်ခ်မူလတန်းကျောင်းမှာ ဇန်နဝါရီ ၆ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စာသင်ကျောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ကလေးငယ်ဟာ သေနတ်ကို ဘယ်လိုရရှိခဲ့တယ်ဆိုတာ ရှင်းလင်းစွာမသိရသေးပေမယ့် မတော်တဆပစ်ခတ်မှုမဟုတ်ကြောင်း ကျောင်းအုပ်ဖြစ်သူ စတိဗ်ဒရူးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် အမည်မဖော်လိုသူ အသက် ၃၀ ၀န်းကျင်ရှိ ကျောင်းဆရာမဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးရုံမှာ အနီးကပ်ကုသမှုတွေ ခံယူနေရပါတယ်။

ကျောင်းသား ၅၅၀ ၀န်းကျင်ရှိတဲ့ အဆိုပါစာသင်ကျောင်းမှာ သတ္တုစစ်ဆေးရေးကိရိယာတွေရှိပေမယ့် ကျောင်းသားတွေကို ကျပန်းစစ်ဆေးခဲ့ပြီး ကလေးတိုင်းကို စစ်ဆေးခြင်းမရှိကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC
Photo:Getty Iamges
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

✕
VOM News

FREE
VIEW