အသင်းကစားသမားတွေ အပြုအမူကြောင့် အာဆင်နယ်အသင်းကို အက်ဖ်အေစွဲချက်တင်

လန်ဒန်၊ ဇန်နဝါရီ-၇-၂၀၂၃ မျိုးဆက်(VOM) အင်္ဂါနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းကစားသမားတွေရဲ့ အပြုအမူကြောင့် အာဆင်နယ်အသင်းကို အက်ဖ်အေက စွဲချက်တင်လိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ အဲဒီပွဲစဉ်မှာ နောက်ကျပင်နယ်တီနှစ်ကြိမ်တိုင်ငြင်းဆိုခံခဲ့ရပြီး အသင်းကစားသမားအချို့ဟာ တဖက်အသင်းက ဖြစ်နိုင်ခြေရှိတဲ့ လက်ထိဘောကြောင့် ပင်နယ်တီတောင်းခံရကနေ ဒိုင်လူကြီး အန်ဒရူးမက်ဒလေနဲ့ ထိပ်တိုက်တွေ့ဆုံး အငြင်းပွားခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ အဝါကတ် ကိုးကြိမ်ထိ ပြသခဲ့တဲ့ ဒိုင်လူကြီးမက်ဒလေကတော့ အာဆင်နယ်အသင်းသားတွေရဲ့ ပင်နယ်တီတောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။ အာဆင်နယ်အသင်း ကစားသမားတွေဟာ ပွဲကစားချိန် ၉၅ မိနစ်အတွင်းမှာ မလျော်ကန်တဲ့အပြုအမူတွေ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး ဇန်နဝါရီ ၁၀ ရက်ထိ တုံ့ပြန်ဖြေရှင်းဖို့ အချိန်ရကြောင်း အက်ဖ်အေက ထုတ်ပြန်ထားပါတယ်။ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတဲ့ အာဆင်နယ်အသင်းဟာ ဒုတိယနေရာက မန်စီးတီးအသင်းကို ငါးမှတ်ဖြတ်ထားပါတယ်။ လာမယ့် တနင်္လာနေ့မှာတော့ အာဆင်နယ်အသင်းဟာ အောက်စဖို့ယူနိုက်တက်အသင်းနဲ့ အက်ဖ်အေဖလားပွဲ ကစားရဖို့ရှိနေပါတယ်။ Ref: Reuters…

Read More

မူးယစ်ရာဇာ အယ်လ်ချာပိုရဲ့သားကို ဖမ်းဆီးမှုမှာ လူ ၂၉ ထိသေဆုံးခဲ့

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ-၇-၂၀၂၃ မျိုးဆက်(VOM) မက္ကဆီကိုမူးယစ်ရာဇာ အယ်လ်ချာပိုရဲ့သားဖြစ်သူကို ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးအတွင်း လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မက္ကဆီကိုအာဏာပိုင်တွေက ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။ အသက် ၃၂ နှစ်အရွယ် အိုဗီဒီအိုဂုဇ်မန်းလိုပက်ဇ်ဟာ ဖခင်ဖြစ်သူရဲ့ မူးယစ်ဆေးဝါးဂိုဏ်းမှာ ခေါင်းဆောင်တဦးဖြစ်ပြီး ကူလီယာကန်မှာ ဖမ်းဆီးခံရပြီးနောက် ဇန်နဝါရီ ၅ ရက်မှာ မက္ကဆီကိုစီးတီးသို့ လေယာဉ်နဲ့ ပို့ဆောင်ခဲ့ပါတယ်။ အမျက်ဒေါသထွက်နေတဲ့ ရာဇ၀တ်ဂိုဏ်းသားတွေဟာ လမ်းတွေပိတ်ဆို့ပြီး မော်တော်ယာဉ်ဒါဇင်များစွာကို မီးရှို့ခြင်းနှဲ့ ဒေသတွင်းလေဆိပ်တခုကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ သူ့ကိုဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွင်းနဲ့ စစ်ဆင်ရေးအပြီမှာ စစ်သား ၁၀ ဦးနဲ့ မူးယစ်ဂိုဏ်းသား ၁၉ ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စစ်သား ၃၅ ဦးဒဏ်ရာရရှိခဲ့ပြီး သေနတ်သမား ၂၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မက္ကဆီကို ကာကွယ်ရေး၀န်ကြီးကပြောပါတယ်။ အိုဗီဒီအိုဂုဇ်မန်းလိုပက်ဇ်ဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးရောင်း၀ယ်ဖောက်ကားတဲ့…

Read More

ထိုင်းတောင်ပိုင်းနယ်စပ်မှာ မြန်မာအလုပ်သမား ၂၉ ဦး ဖမ်းဆီးခံရ

ဆောင်ခလာ၊ ဇန်နဝါရီ-၇-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဘန်ကလန်ခရိုင်မှာ ဗင်ကားတစီးပေါ်ကနေ တရားမ၀င် မြန်မာအလုပ်သမား ၂၉ ဦးနဲ့ လူမှောင်ခိုသမားလေးဦးကို ဇန်နဝါရီ ၆ ရက်ညပိုင်းက ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ စတစ်ကာတွေကပ်ထားတဲ့ အဖြူရောင်ဗင်ကားဟာ ည ၈ နာရီ၀န်းကျင်ခန့်က ဘန်ကလန်ရှိ ရော်ဘာခြံတခြံကို ရောက်ရှိလာပြီးနောက် ထိုင်းရဲတွေက ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လူမှောင်ခိုသမားတွေဟာ မြန်မာအလုပ်သမားတွေကို ပရာချွတ်ခီရီခန်းကနေ ဘန်ကလန်ကို ပို့ပေးရမှာဖြစ်ပြီး အဲဒီနောက်မှာ နာရာသီ၀ပ်ကိုဆက်သွယ်ဖို့ အခြားအဖွဲ့က လာခေါ်မှာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေက ပြောပါတယ်။ မြန်မာအလုပ်သမားတွေကို ခေါ်ဆောင်လာတဲ့ဗင်ကားဟာ အဝေးပြေးဌာနရဲ့တံဆိတ် စတစ်ကာတွေကို ကပ်ထားပြီး ဒါဟာအစိုးရပိုင်ယာဉ်ဖြစ်ကြောင်း အာဏာပိုင်တွေကို လှည့်ဖြားဖို့ဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ လူကုန်ကူးသူတွေဟာ မြန်မာလုပ်သားတွေကို ပရာချွတ်ခီရီခန်းကနေ ဘန်ကလေကို ပို့ပေးခအဖြစ် တယောက်ကို ဘတ် ၃၀၀၀ စီနဲ့ငှားရမ်းခံခဲ့ရတာလို့ ထွက်ဆိုထားကြပြီး လက်ရှိမှာတော့…

Read More

တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်း သုံးခု ပြန်ဖွင့်မယ်လို့ တရုတ်သံရုံးက သတင်းထုတ်ပြန်

ဇန်နဝါရီ ၇၊ ၂၀၂၃ Shy V (VOM) မူဆယ်ရှိ တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်း သုံးခုဖြစ်တဲ့ မန့်ဝိန်း ကုန်သွယ်ရေးဂိတ်၊ နန်းတော် လူဝင်၊ လူထွက်ဂိတ်၊ ဆင်ဖြူ တရုတ်-မြန်မာ ဈေးဂိတ်တွေကို ပြန်လည် ဖွင့်လှစ်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက ဇန်နဝါရီ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ တရုတ်ဘက်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ကစ တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်း ရွှေလီနယ်စပ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ မန့်ဝိန်းကုန်သွယ်ရေးဂိတ်၊ ဆင်ဖြူဂိတ် စတဲ့သုံးခုမှာ လူ၊ ကုန်ပစ္စည်း ဖြတ်သန်းသွားလာမှုကို ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီနယ်စပ်လမ်းကြောင်း သုံးခု ပြန်လည်ဖွင့်လှစ်ပါက နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေအတွက် ပိုမို လွယ်ကူ အဆင်ပြေလာမယ်လို့ သွင်းကုန် လုပ်ငန်းရှင် တဦးက ပြောပါတယ်။ “ကျယ်ဂေါင် ဖွင့်လိုက်ပြီဆိုလို့ရှိရင် ကယ်ရီတွေလည်း အများကြီး…

Read More

ဗာဂျီးနီးယားမှာ ကျောင်းဆရာမတဦးကို ခြောက်နှစ်အရွယ်ကျောင်းသားက သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွား

ဝါရှင်တန်၊ ဇန်နဝါရီ-၇-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ ကျောင်းဆရာမတဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့တဲ့ အသက်ခြောက်နှစ်အရွယ် ကျောင်းသားတဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ အဲဒီသေနတ်ပစ်ခတ်မှုဟာ နယူးပို့မြို့ရှိ ရစ်ခ်ျနက်ခ်မူလတန်းကျောင်းမှာ ဇန်နဝါရီ ၆ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စာသင်ကျောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ကလေးငယ်ဟာ သေနတ်ကို ဘယ်လိုရရှိခဲ့တယ်ဆိုတာ ရှင်းလင်းစွာမသိရသေးပေမယ့် မတော်တဆပစ်ခတ်မှုမဟုတ်ကြောင်း ကျောင်းအုပ်ဖြစ်သူ စတိဗ်ဒရူးက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် အမည်မဖော်လိုသူ အသက် ၃၀ ၀န်းကျင်ရှိ ကျောင်းဆရာမဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးရုံမှာ အနီးကပ်ကုသမှုတွေ ခံယူနေရပါတယ်။ ကျောင်းသား ၅၅၀ ၀န်းကျင်ရှိတဲ့ အဆိုပါစာသင်ကျောင်းမှာ သတ္တုစစ်ဆေးရေးကိရိယာတွေရှိပေမယ့် ကျောင်းသားတွေကို ကျပန်းစစ်ဆေးခဲ့ပြီး ကလေးတိုင်းကို စစ်ဆေးခြင်းမရှိကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: BBC Photo:Getty Iamges…

Read More

ပခုက္ကူ ရွှေမု​​ဌောဘုရားအနီး ဧရာဝတီမြစ်ထဲ အမျိုးသမီးတဦး ခုန်ချမှုဖြစ်စဉ် ဆက်လက်ရှာဖွေနေရဆဲ

ဇန်နဝါရီ ၇ – ၂၀၂၃ SN (VOM) မကွေးတိုင်း၊ ပခုက္ကူမြို့၊ ရွှေမုဌောဘုရားအနီးက ဧရာဝတီမြစ်ထဲကို မနေ့ ဇန်နဝါရီ ၆ နေ့၊ မနက် ၁၀ နာရီဝန်းကျင်က အမျိုးသမီးတဦး ခုန်ချသွားမှု ဖြစ်ခဲ့ပြီး လက်ရှိအချိန်အထိ ရှာဖွေနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ့ဖြစ်စဉ်မှာ ရွှေမုဌောဘုရားအနီး မြစ်ကမ်းနံဘေးမှာ စက်ဘီးတစီး၊ ဆွဲခြင်းတောင်းတလုံး၊ အင်္ကျီတထည်နဲ့ ဖိနပ်တရံ ထားခဲ့တာကိုသာ တွေ့ရှိရပြီး အဲ့ဒီအမျိုးသမီး ရေထဲခုန်ချသွားတာကိုတော့ မျက်မြင်သက်သေ မရှိဘူးလို့ သိရပါတယ်။ “ရေစပ်မှာ ဖိနပ်လေးတရံနဲ့ ပစ္စည်းတွေတွေ့ရတဲ့ပုံစံအရသာ အမျိုးသမီးတဦးလို့ ခန့်မှန်းရတာ၊ သူခုန်ချသွားတယ်ဆိုတာကို ဘယ်သူမှ မတွေ့လိုက်ဘူးလို့ သိရတယ်။ အလောင်းပြန်တွေ့မှသာ ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်နိုင်မှာဖြစ်လို့ အခုအချိန်မှာတော့ ဆက်လက် ရှာဖွေနေဆဲပါပဲ”လို့ ဒေသခံတဦးက ပြောပါတယ်။ လက်ရှိမှာ လူမှုကူညီရေးအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့က ဧရာဝတီမြစ်အတွင်း ရှာဖွေမှုတွေ…

Read More

၂၀၂၂ခုနှစ်အတွင်း နိုင်ငံသားအထောက်အထားမဲ့ ၂၀၀၀ နီးပါး ဖမ်းမိ၊ ၄၀၀ ကျော် ထောင်ဒဏ်ချမှတ်ခံထားရ

ဇန်နဝါရီ ၇-၂၀၂၃ MM(VOM) ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ နိုင်ငံသားအထောက်အထားမဲ့သူ ၁၉၉၆ ယောက်အထိ ဖမ်းမိခဲ့ပြီး အထောက်အထားမဲ့သူ ၄၀၄ ယောက်ကို ထောင်ဒဏ်တွေချမှတ်ထားတယ်လို့ သက်ဆိုင်ရာတိုင်းဒေသကြီး နဲ့ ပြည်နယ်တွေကထုတ်ပြန်တဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ ခိုးဝင်လာတဲ့အခါ အကြောင်းအမျိုးအမျိုးနဲ့ သေဆုံးရသူ အယောက် ၃၀ ကျော်လောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ”အထောက်အထားမဲ့သူတွေကို အများဆုံး ဖမ်းမိတာက ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်ကဖြစ်တယ်၊ သေဆုံးရတဲ့ ဖြစ်စဉ်တွေကတော့ ပင်လယ်ပြင်မှာ ရက်ရှည် စက်လှေပျက် မျောပါလာပြီး ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ဖြစ်စဉ်၊ ရန်ကုန်တိုင်း လှည့်ကူးမြို့နယ်မှ အစုလိုက် သေဆုံးနေတဲ့ရုပ်အလောင်း တွေတွေ့ရတဲ့ဖြစ်စဉ်နဲ့ ရခိုင်ပြည်နယ်ကနေ အထွက်လမ်းမှာ သေဆုံးရသူတွေလည်းရှိခဲ့တယ်၊ သေဆုံးသူတွေထဲမှာ အမျိုးသားတွေကပိုများတယ်။”လို့သက်ဆိုင်ရာနဲ့ နီးစပ်ပြီး အထောက်အထားမဲ့သူတွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းတခုက…

Read More

ရတနာပုံခေတ် မြင်းခင်းသဘင် မှသည် နှောင်းခေတ် အောင်ပွဲများ ဆီသို့

ဆူးငှက် နှင်းဆွတ် ခွာညို လပြာသိုတဲ့။မြန်မာတို့၏ အေးချမ်းသာယာမှုပြယုဂ်၊ ချမ်းမြေ့မှူသရုပ်၊ပြည့်ဝန်း ဝင်းပခြင်း၏ နိမိတ်ပုံတို့ဖော်ဆောင်သော လပြာသိုပင်ဖြစ်ပါ၏။ ပြာသိုဆိုသည်နှင့် နှင်းမှုံနှင်းစက် နှင်းကန့်လန့်ကာနှင့်အတူ ရာသီပန်းဖြစ်သော ခွာညိုကို သတိရကြသည်။ ထို့အတူ တော်ဝင်သဇင်ပန်းကိုလည်း မမေ့လျှော့ခဲ့ကြ။ “ရွှေနားတောင်းနှင့် ဗောင်းကြော့ရှင်ကို မကြင်သာဘူး မှတ်တော့တယ် ပန်းချင်းငယ်မှမတူ သဇင်ဟူသည် ကြူကြူမွှေးလှချည့်တကား…” ပြာသိုလ လယ်လျှင်ဖြင့် နှင်းမိုးဖြိုင်ဖြိုင် ကျတတ်ချေသည်။ သည်နှစ်တော့ နတ်တော်လပြည့်ကျော်သော်လည်း အအေးဓာတ်မဝင်လှသေး။ အအေးက တွန့်ဆုတ်ကာ မဝံ့မရဲဖြစ်နေချေသေးသည်။ မနက်လင်းအားကြီးချိန်ရောက်မှသာ ခဏတစ်ဖြုတ် အလည်လာသည့် ဧည့်သည်နှင့် တူနေတော့၏။ မန္တလေးမှာက ဆောင်း “မရဲ”တာ နှစ်နှစ်၊ သုံးနှစ်ခန့် ရှိနေပြီ။ ““ပန်းနွယ်ကြိုင်မွှေးပျံ့လေ။ ။ မှိုင်းဝေတက်ရွှန်း နန်းမွန်းလျက် လဝန်းတာရှည် လှိုက်သည်ဝေဆာ ဆီးနှင်းဖြာသား၊ မကာရခွင် ရောက်ခါတွင်လည်း၊မြင်းဆင်စီစဉ်၊ စွယ်ယှဉ်ဝေ့တိုက်”” ဟူ၍ ဆင်ခင်း၊မြင်းခင်းသဘင် ဆင်ယင်ခဲ့ကြသည်က သည်ဆောင်းကာလပ…

Read More
VOM News

FREE
VIEW