ထိုင်းတောင်ပိုင်းနယ်စပ်မှာ မြန်မာအလုပ်သမား ၂၉ ဦး ဖမ်းဆီးခံရ

ဆောင်ခလာ၊ ဇန်နဝါရီ-၇-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဘန်ကလန်ခရိုင်မှာ ဗင်ကားတစီးပေါ်ကနေ တရားမ၀င် မြန်မာအလုပ်သမား ၂၉ ဦးနဲ့ လူမှောင်ခိုသမားလေးဦးကို ဇန်နဝါရီ ၆ ရက်ညပိုင်းက ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

စတစ်ကာတွေကပ်ထားတဲ့ အဖြူရောင်ဗင်ကားဟာ ည ၈ နာရီ၀န်းကျင်ခန့်က ဘန်ကလန်ရှိ ရော်ဘာခြံတခြံကို ရောက်ရှိလာပြီးနောက် ထိုင်းရဲတွေက ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လူမှောင်ခိုသမားတွေဟာ မြန်မာအလုပ်သမားတွေကို ပရာချွတ်ခီရီခန်းကနေ ဘန်ကလန်ကို ပို့ပေးရမှာဖြစ်ပြီး အဲဒီနောက်မှာ နာရာသီ၀ပ်ကိုဆက်သွယ်ဖို့ အခြားအဖွဲ့က လာခေါ်မှာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေက ပြောပါတယ်။

မြန်မာအလုပ်သမားတွေကို ခေါ်ဆောင်လာတဲ့ဗင်ကားဟာ အဝေးပြေးဌာနရဲ့တံဆိတ် စတစ်ကာတွေကို ကပ်ထားပြီး ဒါဟာအစိုးရပိုင်ယာဉ်ဖြစ်ကြောင်း အာဏာပိုင်တွေကို လှည့်ဖြားဖို့ဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

လူကုန်ကူးသူတွေဟာ မြန်မာလုပ်သားတွေကို ပရာချွတ်ခီရီခန်းကနေ ဘန်ကလေကို ပို့ပေးခအဖြစ် တယောက်ကို ဘတ် ၃၀၀၀ စီနဲ့ငှားရမ်းခံခဲ့ရတာလို့ ထွက်ဆိုထားကြပြီး လက်ရှိမှာတော့ ဖမ်းမိသူတွေကို ရဲစခန်းကို လွှဲပြောင်းပေးထားပါတယ်။

Ref: Bangkok Post
Photo: Bangkok Post
#voiceofmyanmar #VOM #ဆောင်ခလာ

Related posts

✕
VOM News

FREE
VIEW