အသင်းကစားသမားတွေ အပြုအမူကြောင့် အာဆင်နယ်အသင်းကို အက်ဖ်အေစွဲချက်တင်

လန်ဒန်၊ ဇန်နဝါရီ-၇-၂၀၂၃
မျိုးဆက်(VOM)

အင်္ဂါနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းကစားသမားတွေရဲ့ အပြုအမူကြောင့် အာဆင်နယ်အသင်းကို အက်ဖ်အေက စွဲချက်တင်လိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ အဲဒီပွဲစဉ်မှာ နောက်ကျပင်နယ်တီနှစ်ကြိမ်တိုင်ငြင်းဆိုခံခဲ့ရပြီး အသင်းကစားသမားအချို့ဟာ တဖက်အသင်းက ဖြစ်နိုင်ခြေရှိတဲ့ လက်ထိဘောကြောင့် ပင်နယ်တီတောင်းခံရကနေ ဒိုင်လူကြီး အန်ဒရူးမက်ဒလေနဲ့ ထိပ်တိုက်တွေ့ဆုံး အငြင်းပွားခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ အဝါကတ် ကိုးကြိမ်ထိ ပြသခဲ့တဲ့ ဒိုင်လူကြီးမက်ဒလေကတော့ အာဆင်နယ်အသင်းသားတွေရဲ့ ပင်နယ်တီတောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။

အာဆင်နယ်အသင်း ကစားသမားတွေဟာ ပွဲကစားချိန် ၉၅ မိနစ်အတွင်းမှာ မလျော်ကန်တဲ့အပြုအမူတွေ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး ဇန်နဝါရီ ၁၀ ရက်ထိ တုံ့ပြန်ဖြေရှင်းဖို့ အချိန်ရကြောင်း အက်ဖ်အေက ထုတ်ပြန်ထားပါတယ်။

လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတဲ့ အာဆင်နယ်အသင်းဟာ ဒုတိယနေရာက မန်စီးတီးအသင်းကို ငါးမှတ်ဖြတ်ထားပါတယ်။

လာမယ့် တနင်္လာနေ့မှာတော့ အာဆင်နယ်အသင်းဟာ အောက်စဖို့ယူနိုက်တက်အသင်းနဲ့ အက်ဖ်အေဖလားပွဲ ကစားရဖို့ရှိနေပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #လန်ဒန်

Related posts

✕
VOM News

FREE
VIEW