မူးယစ်ရာဇာ အယ်လ်ချာပိုရဲ့သားကို ဖမ်းဆီးမှုမှာ လူ ၂၉ ထိသေဆုံးခဲ့

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ-၇-၂၀၂၃
မျိုးဆက်(VOM)

မက္ကဆီကိုမူးယစ်ရာဇာ အယ်လ်ချာပိုရဲ့သားဖြစ်သူကို ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးအတွင်း လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မက္ကဆီကိုအာဏာပိုင်တွေက ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။

အသက် ၃၂ နှစ်အရွယ် အိုဗီဒီအိုဂုဇ်မန်းလိုပက်ဇ်ဟာ ဖခင်ဖြစ်သူရဲ့ မူးယစ်ဆေးဝါးဂိုဏ်းမှာ ခေါင်းဆောင်တဦးဖြစ်ပြီး ကူလီယာကန်မှာ ဖမ်းဆီးခံရပြီးနောက် ဇန်နဝါရီ ၅ ရက်မှာ မက္ကဆီကိုစီးတီးသို့ လေယာဉ်နဲ့ ပို့ဆောင်ခဲ့ပါတယ်။

အမျက်ဒေါသထွက်နေတဲ့ ရာဇ၀တ်ဂိုဏ်းသားတွေဟာ လမ်းတွေပိတ်ဆို့ပြီး မော်တော်ယာဉ်ဒါဇင်များစွာကို မီးရှို့ခြင်းနှဲ့ ဒေသတွင်းလေဆိပ်တခုကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

သူ့ကိုဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွင်းနဲ့ စစ်ဆင်ရေးအပြီမှာ စစ်သား ၁၀ ဦးနဲ့ မူးယစ်ဂိုဏ်းသား ၁၉ ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် စစ်သား ၃၅ ဦးဒဏ်ရာရရှိခဲ့ပြီး သေနတ်သမား ၂၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မက္ကဆီကို ကာကွယ်ရေး၀န်ကြီးကပြောပါတယ်။

အိုဗီဒီအိုဂုဇ်မန်းလိုပက်ဇ်ဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးရောင်း၀ယ်ဖောက်ကားတဲ့ အကြီးဆုံးဂိုဏ်းတွေထဲ့ တခုဖြစ်ပြီးတဲံ့ ဖခင်ဖြစ်သူအယ်လ်ချာပိုဦးစီးခဲ့တဲ့ ဆီနာလိုအာဂိုဏ်းကို ဦးဆောင်သူအဖြစ် အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #မက္ကဆီကိုစီးတီး

Related posts

Leave a Comment

VOM News

FREE
VIEW