ဖူကူရှီးမားနျူကလီးယားစက်ရုံက ရေဆိုးတန်ချိန်တသန်းကျာ် ပင်လယ်ထဲစွန့်ပစ်ဖို့ ဂျပန်စီစဉ်နေ

တိုကျို၊ ဇန်နဝါရီ-၁၃-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်နိုင်ငံရှိ ပျက်စီးသွားသော ဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို သန့်စင်ထားတဲ့ ရေတန်ချိန်တသန်းကျော်ကို ပင်လယ်အတွင်းကို ယခုနှစ်မှာ ပင်လယ်ပြင်အတွင်း စွန့်ပစ်သွားမယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲခဲ့တဲ့ နျူကလီးယားစက်ရုံက ရေတွေကိုသန့်စင်မှုတွေပြုလုပ်ပြီးနောက် ရေဒီယိုသတ္တိကြွအမှုန်အမွှားတွေ သန့်စင်မှုအဆင့်ဟာ ဂျပန်နိုင်ငံရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ရေတွေကို ပင်လယ်ထဲစွန့်ပစ်မယ့် အဆိုပြုချက်နဲ့ပတ်သက်ပြီး နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက ဘေးကင်းတယ်လို့ ဆိုထားပေမယ့် ဂျပန်ရဲ့အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

၂၀၁၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမား နျူကလီယားစက်ရုံမတော်တဆမှုဟာ ယူကရိန်းနိုင်ငံ ချာနိုဘိုင်းနျူကလီးယား မတော်တဆမှုနောက်ပိုင်း အဆိုးရွားဆုံး မတော်တဆမှုဖြစ်ပါတယ်။

စက်ရုံကိုဖျက်သိမ်းရေးလုပ်ငန်းကိုစတင်နေပြီဖြစ်ပေမယ့် ဆယ်စုနှစ်လေးခုကြာမြင့်နိုင်ပါတယ်။ အဲဒီစက်ရုံက ရေဆိုးတွေကို ပင်လယ်ထဲစွန့်ထုတ်မှုကိုတော့ အခုနွေဦးရာသီမှာ လုပ်ဆောင်သွားမယ်လို့ ဂျပန်တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW