ဖူကူရှီးမားနျူကလီးယားစက်ရုံက ရေဆိုးတန်ချိန်တသန်းကျာ် ပင်လယ်ထဲစွန့်ပစ်ဖို့ ဂျပန်စီစဉ်နေ

တိုကျို၊ ဇန်နဝါရီ-၁၃-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံရှိ ပျက်စီးသွားသော ဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို သန့်စင်ထားတဲ့ ရေတန်ချိန်တသန်းကျော်ကို ပင်လယ်အတွင်းကို ယခုနှစ်မှာ ပင်လယ်ပြင်အတွင်း စွန့်ပစ်သွားမယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ပေါက်ကွဲခဲ့တဲ့ နျူကလီးယားစက်ရုံက ရေတွေကိုသန့်စင်မှုတွေပြုလုပ်ပြီးနောက် ရေဒီယိုသတ္တိကြွအမှုန်အမွှားတွေ သန့်စင်မှုအဆင့်ဟာ ဂျပန်နိုင်ငံရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ရေတွေကို ပင်လယ်ထဲစွန့်ပစ်မယ့် အဆိုပြုချက်နဲ့ပတ်သက်ပြီး နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက ဘေးကင်းတယ်လို့ ဆိုထားပေမယ့် ဂျပန်ရဲ့အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမား နျူကလီယားစက်ရုံမတော်တဆမှုဟာ ယူကရိန်းနိုင်ငံ ချာနိုဘိုင်းနျူကလီးယား မတော်တဆမှုနောက်ပိုင်း အဆိုးရွားဆုံး မတော်တဆမှုဖြစ်ပါတယ်။ စက်ရုံကိုဖျက်သိမ်းရေးလုပ်ငန်းကိုစတင်နေပြီဖြစ်ပေမယ့် ဆယ်စုနှစ်လေးခုကြာမြင့်နိုင်ပါတယ်။ အဲဒီစက်ရုံက ရေဆိုးတွေကို ပင်လယ်ထဲစွန့်ထုတ်မှုကိုတော့ အခုနွေဦးရာသီမှာ လုပ်ဆောင်သွားမယ်လို့ ဂျပန်တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #တိုကျို

Read More

ဂရမ်းရွိုင်ရယ်လ် အရက်ချက်စက်ရုံ မီးလောင်မှု Level 3 အဆင့်နဲ့ မီးငြှိမ်းနေရ

ဇန်နဝါရီ ၁၃ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ် (၄) လမ်းမကြီးအနီးရှိ Grand Royal အရက်ချက်စက်ရုံမှာ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်က ထမင်းစားဆောင် မီးလောင်မှုဖြစ်ပွားပြီး Level 3 အဆင့်နဲ့မီးငြှိမ်းနေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ အဲ့ဒီ့စက်ရုံဟာ နေ့လယ် ၃နာရီခွဲခန့်က စတင်လို့ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တွေ ထွက်ခွာငြှိမ်းသတ်လျက်ရှိတယ်လို့ သိရပါတယ်။ “မီးက လက်ရှိမှာ ထမင်းစားဆောင်အပြင် အရက်ဆီပေပါတွေဆီကိုပါ ကူးစက်နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့က ဆက်လက် ငြှိမ်းသတ်လျက်ရှိပါတယ်“လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ မီးသတ်ဌာနကနေ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန်မှာ Level 2 ယာဉ်အုပ်စုတွေ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး ၃ နာရီ ၄၁…

Read More

ယူကရိန်းစစ်သားတဦးရဲ့ ရင်ဘတ်ထဲကနေ မပေါက်ကွဲသေးတဲ့ဗုံးတလုံး တွေ့ရှိ

ကိဗ်ယက်၊ ဇန်နဝါရီ-၁၃-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်သားတဦးရဲ့ ရင်ဘတ်ထဲကနေ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတလုံးကို ဆရာ၀န်တွေက ဖယ်ရှားပေးလိုက်ရပါတယ်။ ယူကရိန်းစစ်တပ်ရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ကထုတ်ပြန်တဲ့ ပုံမှာတော့ စစ်သားရဲ့နှလုံးနဲ့ လက်ပစ်ဗုံး ဓါတ်မှန်ပုံကို ကိုင်ထားတဲ့ ဆရာ၀န်တဦးရဲ့ပုံကို ပြသထားပါတယ်။ သူ့ကိုခွဲစိတ်ပေးတဲ့ ဆေးဘက်ဆိုင်ရာ၀န်ထမ်းတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်အင်ဂျင်နီယာနှစ်ဦးကနေ ခွဲစိတ်ခန်းမှာ ရှိနေပြီး လက်ပစ်ဗုံးအခြေအနေကို ကြည့်နေခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ပစ်ဗုံးဟာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့အန္တရာယ်ရှိတာကြောင့် ခွဲစိတ်မှုအတွင်း သွေးယိုစိမ့်မှုကို ထိန်းချုပ်ဖို့ လျှပ်စစ်ဓါတ်အားသုံး ကိရိယာကို အသုံးမပြုခဲ့ဘူးလို့ ဆရာ၀န်တွေကပြောပါတယ်။ ဒဏ်ရာရထားတဲ့ အဲဒီစစ်သားဟာ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေကောင်းမွန်းနေတယ်လို့ သိရပါတယ်။ သူ့ရင်ဘတ်ထဲကို လက်ပစ်ဗုံးဘယ်လိုရောက်လာတယ်ဆိုတာ ရှင်းလင်းစွာမသိရသေးပေမယ့် လက်ပစ်ဗုံးဟာ ၁ ဒသမ ၆ လက်မအရွယ်ရှိတဲ့ VOG အမျိုးအစားဖြစ်တယ်လို့သိရပါတယ်။ Ref: BBC #voiceofmyanmar #VOM #ယူကရိန်းစစ်သားဗိုက်ထဲကဗုံး

Read More

ဥရောပရဲ့အကြီးဆုံး မြေရှားသတ္တုသိုက် ဆွီဒင်မှာ တွေ့ရှိ

စတော့ဟုမ်း၊ ဇန်နဝါရီ-၁၃-၂၀၂၃ မျိုးဆက်(VOM) မိုဘိုင်းလ်ဖုန်းတွေကနေ ဒုံးကျည်တွေအထိ အသုံးပြုနိုင်တဲ့ ဥရောပ၏ကြီးဆုံးသော မြေရှားသတ္တုသိုက်ကို ဆွီဒင်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလိုတွေ့ရှိမှုဟာ လက်ရှိချိန်ထိ မြေရှားသတ္တု တူးဖော်ခြင်းမရှိသေးတဲ့ ဥရောပအတွက် တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ နည်းလမ်းအဖြစ် ဆွီဒင်တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။ လျှပ်စစ်ကားတွေ၊ လေတာဘိုင်တွေ၀ယ်လိုအားမြင့်တက်လာခြင်းကြောင့် မြေရှားသတ္တုသိုက် ရှာဖွေတွေ့ရှိမှုဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ အသွင်ကူးပြောင်းရေးအတွက် သိသာထင်ရှားတဲ့ ြတွေ့ရှိမှုအဖြစ် ရှုမြင်နေကြပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံတွေမှာ အသုံးပြုတဲ့ မြေရှားသတ္တု ၉၈ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကနေ တင်သွင်းခဲ့ရပါတယ်။ မြေရှားသတ္တုထုတ်ယူခြင်းဟာ ခက်ခဲတဲ့အပြင် သဘာ၀ပတ်၀န်းကျင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မြေရှားသတ္တုဟာ နေ့စဉ်လူမှုဘ၀အတွက် အရေးပါတဲ့ထုတ်ကုန်တွေနဲ့ အခြေခံအအောက်အဦတွေဖန်တီးဖို့ အသုံးပြုတဲ့ ဒြပ်စင် ၁၇ မျိုးအုပ်စုထဲကတခုဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar #VOM #စတော့ဟုမ်း

Read More

ဖရဲ၊ သခွား တင်ပို့မှုမှာ အရည်အသွေး မပြည့်မီတာတွေ ပါလာလို့ ဈေးကွက် ကျဆင်းလာ

ဇန်နဝါရီ ၁၃-၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ ကနေ တရုတ်ဘက် ဝမ်တိန် ကတဆင့် တရုတ်ပြည်မတွေဘက်ကို တင်ပို့ ရောင်းချနေတဲ့ မြန်မာ့ ဖရဲ၊ သခွား တင်ပို့မှုမှာ အရည်အသွေး မပြည့်မီတာတွေပါလာလို့ ဈေးကွက်ကျဆင်းလာနေတယ်လို့ နယ်စပ် သစ်သီးပို့ကုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “အရည်သွေးမပြည့်မီတဲ့ အသီးတွေတင်တာ ပါလို့ပါ၊ ဒီနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ ဖရဲ အကောင်းဆုံးအသီး ကုလားမသီး ၁ ကီလိုဂရမ်ကို တရုတ်ယွမ် ၄.၅ ယွမ်၊ အစိမ်းသီး ၄ ယွမ်အောက်၊ အကောင်းဆုံး အစေ့မဲ့သီး ၄.၇ ယွမ်၊ ထင့်ဝမ် ၄.၁ ယွမ်၊ သခွားမွှေးက ၁ ကီလိုဂရမ်ကို ၅.၁ ယွမ်…

Read More

ဗန်းမော်မြို့ရှောင်လမ်းမှာ ဘိလပ်မြေတင်လာတဲ့ကား တိမ်းမှောက်ပြီး လူ ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၊ ၁၃ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ဟန်တဲရပ်ကွက်၊ ဗန်းမော်မြို့ရှောင်ကားလမ်း၊ ရာဘာတောအနီးမှာ မနေ့ ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းက ဘိလပ်မြေအိတ်တွေ သယ်လာတဲ့ ကုန်တင်ကား တစ်စီး တိမ်းမှောက်ပြီး လူ ၃ ဦး သေဆုံးကာ ၊ ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သုညသုခပရဟိတအသင်းဆီက သိရပါတယ်။ ” ၃ မိုင်မြို့ရှောင်လမ်းမှာ မနေ့က ညနေပိုင်းမှာ ဖြစ်တာပါ ၊ အခင်းဖြစ်မှာ ပွဲချင်းပြီး သေဆုံးတာက အမျိုးသမီး ၂ ယောက်ဖြစ်တယ် ၊ ဒီမနက် ဆေးရုံမှာ နောက်ထပ် အမျိုးသမီး တယောက် ထပ်သေတယ် ၊ သေဆုံးသူတွေကတော့ ဒေါ်ဝင်းမာ ၅၀ နှစ် ၊…

Read More

လှိုင်မြို့နယ်မှာ ရေခဲစက်ကနေ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၇၀ ကျော် ဓာတ်ငွေ့အဆိပ်သင့်

ဇန်နဝါရီ ၁၃ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊အမှတ် (၁၆) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းက “မိုး” ရေသန့်စက်ရုံမှာ မနေ့ ဇန်နဝါရီ ၁၂ ရက်၊ ည ၉ နာရီအချိန်ဝန်းကျင်က အမိုးနီးယားဓာတ်ငွေ့ပိုက် ပေါက်ကွဲမှုဖြစ်ပွားရာမှာ ဓာတ်ငွေ့အဆိပ်သင့်သူ အယောက် ၇၀ ကျော်ရှိခဲ့တယ်လို့ ဒီဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအသင်းတွေဆီက သိရပါတယ်။ ရေခဲစက်ကနေ အမိုးနီးယား ပေါက်ကွဲယိုစိမ့်မှုဖြစ်ပွားတာကြောင့် အနီးနားနေသူတွေ နေအိမ်အတွင်းက ထွက်ပြေးခဲ့ကြရပြီး မူးဝေလဲကျတာတွေနဲ့ အော့အန်တာမျိုးတွေဖြစ်လို့ လူနာတင်ယာဉ်၊ မီးသတ်ယာဉ် အစီး ၄၀ ကျော်လောက်နဲ့ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ “ဓာတ်ငွေ့သင့်တာကတော့ အဲ့ဒီနား ပတ်ချာလည်ကတော့ အကုန်ပါတာပေါ့။ လူငယ်တွေကျတော့ အောက်ဆင်းရှောင်လို့ရတယ်လေ။ လူကြီးတွေ၊ ကလေးငယ်တွေကျတော့ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆွဲချ၊ ဆွဲထုတ်ပေါ့။ ဓာတ်ငွေ့သင့်တဲ့သူကတော့ အယောက်…

Read More
VOM News

FREE
VIEW