ဂရမ်းရွိုင်ရယ်လ် အရက်ချက်စက်ရုံ မီးလောင်မှု Level 3 အဆင့်နဲ့ မီးငြှိမ်းနေရ

ဇန်နဝါရီ ၁၃ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ် (၄) လမ်းမကြီးအနီးရှိ Grand Royal အရက်ချက်စက်ရုံမှာ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်က
ထမင်းစားဆောင် မီးလောင်မှုဖြစ်ပွားပြီး Level 3 အဆင့်နဲ့မီးငြှိမ်းနေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

အဲ့ဒီ့စက်ရုံဟာ နေ့လယ် ၃နာရီခွဲခန့်က စတင်လို့ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တွေ ထွက်ခွာငြှိမ်းသတ်လျက်ရှိတယ်လို့ သိရပါတယ်။

“မီးက လက်ရှိမှာ ထမင်းစားဆောင်အပြင် အရက်ဆီပေပါတွေဆီကိုပါ ကူးစက်နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့က ဆက်လက် ငြှိမ်းသတ်လျက်ရှိပါတယ်“လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မီးသတ်ဌာနကနေ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန်မှာ Level 2 ယာဉ်အုပ်စုတွေ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး ၃ နာရီ ၄၁ မိနစ်မှာတော့ Level 3 ယာဉ်အုပ်စုတွေ ထပ်မံ ထွက်ခွာ ငြှိမ်းသတ်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo – MFSD
#voiceofmyanmar #VOM #ရန်ကုန် #ဂရမ်းရွိုင်ရယ်လ်စက်ရုံ #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW