ကိဗ်ယက်၊ ဇန်နဝါရီ-၁၃-၂၀၂၃
မျိုးဆက်(VOM)
ယူကရိန်းစစ်သားတဦးရဲ့ ရင်ဘတ်ထဲကနေ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတလုံးကို ဆရာ၀န်တွေက ဖယ်ရှားပေးလိုက်ရပါတယ်။
ယူကရိန်းစစ်တပ်ရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ကထုတ်ပြန်တဲ့ ပုံမှာတော့ စစ်သားရဲ့နှလုံးနဲ့ လက်ပစ်ဗုံး ဓါတ်မှန်ပုံကို ကိုင်ထားတဲ့ ဆရာ၀န်တဦးရဲ့ပုံကို ပြသထားပါတယ်။
သူ့ကိုခွဲစိတ်ပေးတဲ့ ဆေးဘက်ဆိုင်ရာ၀န်ထမ်းတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်အင်ဂျင်နီယာနှစ်ဦးကနေ ခွဲစိတ်ခန်းမှာ ရှိနေပြီး လက်ပစ်ဗုံးအခြေအနေကို ကြည့်နေခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ပစ်ဗုံးဟာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့အန္တရာယ်ရှိတာကြောင့် ခွဲစိတ်မှုအတွင်း သွေးယိုစိမ့်မှုကို ထိန်းချုပ်ဖို့ လျှပ်စစ်ဓါတ်အားသုံး ကိရိယာကို အသုံးမပြုခဲ့ဘူးလို့ ဆရာ၀န်တွေကပြောပါတယ်။
ဒဏ်ရာရထားတဲ့ အဲဒီစစ်သားဟာ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေကောင်းမွန်းနေတယ်လို့ သိရပါတယ်။
သူ့ရင်ဘတ်ထဲကို လက်ပစ်ဗုံးဘယ်လိုရောက်လာတယ်ဆိုတာ ရှင်းလင်းစွာမသိရသေးပေမယ့် လက်ပစ်ဗုံးဟာ ၁ ဒသမ ၆ လက်မအရွယ်ရှိတဲ့ VOG အမျိုးအစားဖြစ်တယ်လို့သိရပါတယ်။
Ref: BBC
#voiceofmyanmar #VOM #ယူကရိန်းစစ်သားဗိုက်ထဲကဗုံး