မြောင်မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့မိန်းမ အပါအဝင် ရုံးဝန်ထမ်း ၄ ဦးပျောက်ဆုံးနေ

ဇန််နဝါရီ ၊ ၁၅ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြောင်မြို့နယ် ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ မိန်းမဖြစ်သူ အပါအဝင် ရုံးဝန်ထမ်း ၄ ယောက်ဟာ မနေ့ ဇန်နဝါရီ ၁၄ ရက် နေ့လယ်ပိုင်းက စတင်ပြီး ဆက်သွယ်မရ ပျောက်ဆုံးနေတယ်လို့ ထွေ /အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။

“မနေ့က ညနေပိုင်း ၂ နာရီဝန်းကျင်ကစလို့ အဆက်အသွယ် ပြတ်တောက်သွားတယ် ၊ ဒီမနက်ထိဖြစ်တယ် ၊ မြို့နယ်အုပ်ချုပ်ရေးမှူးကတော် အပါအဝင် ထွေ /အုပ် ဝန်ထမ်း အမျိုးသမီး ၁ ဦး ၊ အမျိုးသား ၂ ဦး ပေါင်း ၄ ဦးဟာ မနေ့က မြင်းမူမြို့ကနေ မြောင်မြို့ဘက်ကို ကားနဲ့ ပြန်အလာလမ်းမှာ ပျောက်ဆုံးနေတာဖြစ်တယ် ၊ သူတို့စီးသွားတဲ့ကားကိုတော့ ခြေရာတော်ရွာနားမှာ ပြန်တွေ့ရတယ် ၊ လူတွေကတော့ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဆိုင်ကယ်တွေနဲ့ ဖမ်းပြီး ခေါ်သွားတာဖြစ်တယ်”လို့ ထွေ/အုပ် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီ လူပျောက်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြောင်မြို့နယ် ထွေ / အုပ်ရုံးကို ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ရဲ့ ၁ နှစ်တာ ကာလအတွင်း မုံရွာ ချောင်းဦး၊ မြင်းမူ ၊ စစ်ကိုင်း ကားလမ်းမှာ သွားလာနေရင်း အခုထိ ဆက်သွယ်မရ ပျောက်ဆုံးနေတဲ့ သူ ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြောင် #အုပ်ချုပ်ရေးမှူးရဲ့မိန်းမအပါလူလေးဦးပျောက်ဆုံးနေ

Related posts

Leave a Comment

VOM News

FREE
VIEW