သီပေါမှာ နေအိမ်မီးလောင်ပြီး အမျိုးသား တဦးသေဆုံးခဲ့

ဇန်နဝါရီ၊ ၁၆-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်မှာ ဒီနေ့ ဇန်နဝါရီ ၁၆ ရက် မနက် ၁၀ နာရီကျော်က နေအိမ်ဘုရားမီးပူဇော်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား တယောက် မီးလောင်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

”သီပေါမြို့နယ်၊ တောင်မြို့ရပ်ကွက် မန္တလေး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးဘေးက ဦးသိန်းဟန်မင်းရဲ့ ၂ ထပ်အိမ်က ဘုရားမီး ပူဇော်ထားတဲ့ မီးကနေစလောင်တာ ၊ ဖယောင်တိုင်ကနေ ဘုရားကျောင်း သစ်သားကို မီးစွဲပြီး လောင်တာ ၊မနက် နံနက် ၁၀နာရီ ၄၅ မိနစ်လောက်က စလောင်တာ ၊ မီးလောင်တဲ့အချိန် မပြေးနိုင်ဘဲ အိမ်ထဲမှာရှိတဲ့ လေဖြတ်ထားတဲ့ အမျိုးသား တယောက် မီးလောင် သေဆုံးခဲ့တာ။”လို့ ဒေသခံ ပရဟိတ အဖွဲ့ဝင် တယောက်ကပြောပါတယ်

အဲ့ဒီ မီးလောင်မှုကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ ၊ ပရဟိတအဖွဲ့ဝင်တွေ ၊ ဒေသခံတွေက ပူးပေါင်းဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့တဲ့အတွက် မနက် ၁၁ နာရီ လောက်မှာ လုံးဝမီးငြှိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

”မနက် ၁၁ နာရီမှာ မီးငြိမ်းသွားခဲ့တယ် ၊ အခြားအိမ်
တွေကို မီးကူးစက်တာမရှိပါဘူး ၊ ဦးသိန်းဟန်မင်းရဲ့ ၂ ထပ်အိမ်အပေါ်ထပ်ကတော့ မီးလောင်ကျွမ်းသွားခဲ့တယ် ၊ အခုနှစ်ထဲမှာ မီးလောင်တာတော့ သီပေါမှာ ပထမဆုံးပဲ ။”လို့ ဒေသခံတယောက် ကပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မီးစတင် လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးသိန်းဟန်မင်းကို သီပေါမြို့မ ရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သီပေါ #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW