နှစ်ပေါင်း ၃၀ နီးပါး ရှောင်တိမ်းနေတဲ့ အီတလီရဲ့အလိုအရှိဆုံး မာဖီးယားခေါင်းဆောင် အဖမ်းခံရ

ရောမ၊ ဇန်နဝါရီ-၁၇-၂၀၂၃
မျိုးဆက်(VOM)

အီတလီနိုင်ငံရဲ့ အလိုအရှိဆုံး မာဖီးယားခေါင်းဆောင် မက်တီယိုမက်ဆီနာဒီနာရိုဟာ နှစ်ပေါင်း ၃၀ နီးပါး တိမ်းရှောင်နေရာကနေ ဖမ်းဆီးခံလိုက်ရကြောင်း အီတလီတာ၀န်ရှိသူတွေက ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။

မာဖီးယားခေါင်းဆောင် မက်ဆီနာဒီနာရိုဟာ ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူနေတဲ့ စစ္စလီဒေသရဲ့မြို့တော် ပါလာမိုရှိ ပုဂ္ဂလိက ဆေးခန်းတခုမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

သူဟာ နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ ကိုဆာနော့စ်ထရာ မာဖီးယားဂိုဏ်းရဲ့ ခေါင်းဆောင်အဖြစ် စွပ်စွဲခံရပြီး လူသတ်မှုပေါင်းများစွာကြောင့် ၂၀၀၂ ခုနှစ်မှာ မျက်ကွယ်ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

သူ့ကိုလက်ရှိဖမ်းဆီးမှုမှာ လက်နက်ကိုင်တပ်ဖွဲ့၀င် ၁၀၀ ကျော်ပါ၀င်ခဲ့ပါတယ်။

သူဟာ ကင်ဆာရောဂါအတွက် ဓါတုကုထုံးခံယူဖို့ နာမည်အတုအသုံးပြုပြီး ဆေးခန်းကို လာရောက်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

သူ့ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် တာ၀န်ရှိသူတွေက လျှို့ဝှက်နေရာသို့ ခေါ်ဆောင်သွားကြောင်း အီတလီသတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ရောမ #မာဖီးယားခေါင်းဆောင် #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW