တရုတ်နိုင်ငံရဲ့လူဦးရေ နှစ် ၆၀ နီးပါးအတွင်း စံချိန်တင်ကျဆင်း

ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ လူဦးရေဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်ကျဆင်းသွားပြီး ကလေးမွေးဖွားမှုနှုန်းဟာ အမျိုးသမီး ၁၀၀၀ ဦးမှာ ၆ ဒသမ ၇၇ ဦးနှုန်းထိ စံချိန်တင် ကျဆင်းသွားကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက ဇန်နဝါရီ ၁၆ ရက်မှာထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့လူဦးရေဟာ ၁ ဒသမ ၄၁၁၈ ဘီလီယံရှိရာမှ ရှစ်သိန်းငါးသောင်းထိ ကျဆင်းသွားပါတယ်။ သေဆုံးမှုနှုန်း[ာ မွေးဖွားမှုအရေအတွက်ထက်ကျော်လွန်နေပြီး လူ ၁၀၀၀ မှာ ၇ ဒသမ ၃၇ ဦးရှိကာ ယခင်နှစ်ကထက် ၇ ဒသမ ၈ ဦးမြင့်တက်ခဲ့ပါတယ်။ နိုင်ငံတွင်းမှာ အလုပ်သမားရှားပါးမှုနဲ့ သက်ကြီးရွယ်အိုဦးရေ မြင့်တက်လာပြီးနောက်မှာ တအိမ်ထောင်ကလေးတယောက်မူဝါဒကို ၂၀၁၆ ခုနှစ်မှာ အဆုံးသတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကတည်းက ကလေးသုံးဦးထိ မွေးဖွားခွင့်ပြုထားခဲ့ပါတယ်။…

Read More

နှစ်ပေါင်း ၃၀ နီးပါး ရှောင်တိမ်းနေတဲ့ အီတလီရဲ့အလိုအရှိဆုံး မာဖီးယားခေါင်းဆောင် အဖမ်းခံရ

ရောမ၊ ဇန်နဝါရီ-၁၇-၂၀၂၃ မျိုးဆက်(VOM) အီတလီနိုင်ငံရဲ့ အလိုအရှိဆုံး မာဖီးယားခေါင်းဆောင် မက်တီယိုမက်ဆီနာဒီနာရိုဟာ နှစ်ပေါင်း ၃၀ နီးပါး တိမ်းရှောင်နေရာကနေ ဖမ်းဆီးခံလိုက်ရကြောင်း အီတလီတာ၀န်ရှိသူတွေက ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။ မာဖီးယားခေါင်းဆောင် မက်ဆီနာဒီနာရိုဟာ ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူနေတဲ့ စစ္စလီဒေသရဲ့မြို့တော် ပါလာမိုရှိ ပုဂ္ဂလိက ဆေးခန်းတခုမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ ကိုဆာနော့စ်ထရာ မာဖီးယားဂိုဏ်းရဲ့ ခေါင်းဆောင်အဖြစ် စွပ်စွဲခံရပြီး လူသတ်မှုပေါင်းများစွာကြောင့် ၂၀၀၂ ခုနှစ်မှာ မျက်ကွယ်ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သူ့ကိုလက်ရှိဖမ်းဆီးမှုမှာ လက်နက်ကိုင်တပ်ဖွဲ့၀င် ၁၀၀ ကျော်ပါ၀င်ခဲ့ပါတယ်။ သူဟာ ကင်ဆာရောဂါအတွက် ဓါတုကုထုံးခံယူဖို့ နာမည်အတုအသုံးပြုပြီး ဆေးခန်းကို လာရောက်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ သူ့ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် တာ၀န်ရှိသူတွေက လျှို့ဝှက်နေရာသို့ ခေါ်ဆောင်သွားကြောင်း အီတလီသတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။ Ref:BBC #voiceofmyanmar #VOM #ရောမ…

Read More

ရန်ကုန်က KBZ ဘဏ်ခွဲတခု ဓားပြတိုက်ခံရ၊ ငွေရော လုယက်သူပါ ဖမ်းမိ

ဇန်နဝါရီ ၁၇ -၂၀၂၃ GG(VOM) ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်က KBZ Bank ခွဲမှာ ဒီနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းကဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဓားပြတိုက်သူ အမျိုးသားဟာ သေနတ်အတုနဲ့ ခြိမ်းခြောက်ကာ ဘဏ်ကောင်တာပေါ်က ငွေသား သိန်း ၂၀၀ နီးပါးကိုရယူပြီး လုယူထွက်ပြေးစဥ် ဘဏ်လုံခြုံရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တတယ်လို့ သိရပါတယ်။ ” ဘဏ်ခွဲ ၃၅ အခုမနက် ၁၁ နာရီ ခွဲလောက်မှာဖြစ်သွားတာ။ သေနတ်အတုနဲ့ ဓားပါတယ်။ ငွေတွေယူပြီးထွက်သွားတော့ ဘဏ်လုံခြုံရေးတွေက အရင်ဆုံး လုံးထွေးဖမ်းကြတာ၊ ဖြစ်ချင်တော့ ရဲတွေကလည်း အချုပ်ကားပို့ရင်း ရောက်လာတော့ ဖမ်းကြတာ”လို့ ကျောက်တံတားမြို့နယ် ဒေသခံတဦးကပြောပါတယ်။ ဘဏ်ကို ဝင်ရောက်လုယက်ခဲ့သူဟာ ဂျာနယ်ပို့တဲ့ အမျိုးသား တဦး ဖြစ်ပြီး သူဟာ ဒီဇင်ဘာလ တုန်းကလည်း…

Read More

မြစင်္ကြာမဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသ ပျံလွန်တော်မူ

စစ်ကိုင်း၊ ဇန်နဝါရီ – ၁၇- ၂၀၂၃ (Voice Of Myanmar) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ မြစင်္ကြာကျောင်းတိုက်ရဲ့ မဟာနာယကဆရာတော်ဖြစ်တဲ့ ဘဒ္ဒန္တဣန္ဒကာဘိဝံသ (သက်တော်(၅၈)၊ သိက္ခာတော် (၃၈)ဝါ)ဟာ မန္တလေးမြို့က ငြိမ်း အထူးကုဆေးရုံကြီးမှာ ဦးနှောက်ကျုံ့တဲ့ရောဂါအတွက် ဆေးကုသမှုခံယူနေရင်း ဒီကနေ့မနက်ပိုင်းမှာ ဘဝနတ်ထံပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။ “ဆရာတော်ရဲ့အနားမှာ ကြောင်လေးတွေရှိတော့ သူတို့ရဲ့ အမွှေးအမျှင်တွေမှာ တွယ်ကပ်နေတဲ့ ကပ်ပါးကောင်လေးတွေက ဆရာတော်ရဲ့ အသက်ရှူလမ်းကြောင်းကတဆင့် ဦးနှောက်ထဲကို ကူးစက်ပြီး ဦးနှောက်ထဲမှာ ပိုးဝင်တယ်လို့တော့ ဘုန်းကြီးသိလိုက်ရတယ်လို့” မြစင်္ကြာဆရာ တော်ကြီးနဲ့ ရင်းနှီးမှုရှိတဲ့ စစ်ကိုင်းမြို့က တိုက်ဝါကြီးကျောင်းတိုက် ဆရာတော်က VOM ကို မိန့်တော်မူပါတယ်။ စစ်ကိုင်းမြို့က သုခကာရီ ကျန်းမာရေးနဲ့ လူမှုကူညီရေးအသင်းမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတဦးက “လော လောဆယ်တော့ ကားတစ်စီးလာဖို့ခေါ်လို့ ကျနော်တို့ သွားနေပါတယ်။ ဆရာတော်ကို ကျောင်းက…

Read More
VOM News

FREE
VIEW