တရုတ်နိုင်ငံရဲ့လူဦးရေ နှစ် ၆၀ နီးပါးအတွင်း စံချိန်တင်ကျဆင်း

ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံရဲ့ လူဦးရေဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်ကျဆင်းသွားပြီး ကလေးမွေးဖွားမှုနှုန်းဟာ အမျိုးသမီး ၁၀၀၀ ဦးမှာ ၆ ဒသမ ၇၇ ဦးနှုန်းထိ စံချိန်တင် ကျဆင်းသွားကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက ဇန်နဝါရီ ၁၆ ရက်မှာထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့လူဦးရေဟာ ၁ ဒသမ ၄၁၁၈ ဘီလီယံရှိရာမှ ရှစ်သိန်းငါးသောင်းထိ ကျဆင်းသွားပါတယ်။ သေဆုံးမှုနှုန်း[ာ မွေးဖွားမှုအရေအတွက်ထက်ကျော်လွန်နေပြီး လူ ၁၀၀၀ မှာ ၇ ဒသမ ၃၇ ဦးရှိကာ ယခင်နှစ်ကထက် ၇ ဒသမ ၈ ဦးမြင့်တက်ခဲ့ပါတယ်။

နိုင်ငံတွင်းမှာ အလုပ်သမားရှားပါးမှုနဲ့ သက်ကြီးရွယ်အိုဦးရေ မြင့်တက်လာပြီးနောက်မှာ တအိမ်ထောင်ကလေးတယောက်မူဝါဒကို ၂၀၁၆ ခုနှစ်မှာ အဆုံးသတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကတည်းက ကလေးသုံးဦးထိ မွေးဖွားခွင့်ပြုထားခဲ့ပါတယ်။

ဒါပေမယ့် ကလေးငယ်တွေကို ပြုစုပျိုးထောင်ခြင်းဆိုင်ရာ ကုန်ကျစရိတ်နဲ့ မိသားစုကုန်ကျစရိတ်ကြီးမြင့်မှု၊ အိမ်ထောင်ပြုခြင်း၊ ကလေးယူခြင်းတို့အပေါ် အမြင်တွေပြောင်းလဲခြင်းများကြောင့် ကလေးမွေးဖွားမှုနှုန်းကတော့ န်ိမ့်ပါးနေဆဲဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ပေမယ့် နိုင်ငံလူဦးရေ ဆက်လက်ကျဆင်းနေပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW