သထုံမြို့နယ်မှာ ဓာတ်ငွေ့ ပိုက်လိုင်း လုပ်သား ၂ ဦး ပစ်သတ်ခံရ၊ ၄ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၊ ၁၄ ၊ ၂၀၂၃ SP ( VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဓနုကတိုက်ကျေးရွာအနီး ဘီးလင်းမြစ်ကမ်းတဖက်မှာရှိတဲ့ ၊ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း လုပ်သားတွေဟာ မနေ့ ဇန်နဝါရီ ၁၃ ရက် ၊ နေ့လယ်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပိုက်လိုင်းလုပ်သား ၂ ဦး သေဆုံးကာ ၊ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ပိုက်လိုင်းလုပ်သားတွေက မနက်ဆိုင်းပြီးလို့ နေ့လယ် ထမင်းစားနားနေတဲ့အချိန် သေနတ်နဲ့ ပစ်တာကိုခံရတာဖြစ်တယ် ၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် လုပ်သား ၂ ဦးက နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ် ၊ ၄ ယောက်က ကျည်ဆံထိမှန်…

Read More

တရုတ်မှာ လူသန်း ၉၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံနေရ

ပေကျင်း၊ ဇန်နဝါရီ-၁၄-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံတစ်၀န်းမှာ လူသန်း ၉၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ ပီကင်းတက္ကသိုလ်မှ သုတေသီတွေက ခန့်မှန်းထားကြောင်း တရုတ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒါဟာ တရုတ်နိုင်ငံလူဦးရေရဲ့ ၆၄ ရာခိုင်နှုန်းရှိကြောင်း သုတေသီတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကူးစက်မှုအများဆုံးပြည်အဖြစ် ဒေသခံ ၉၁ ရာခိုင်နှုန်းကူးစက်င်္ခံနေရတဲ့ ဂန်ဆုပြည်နယ်က ထိပ်ဆုံးမှာ ရပ်တည်နေပြီး အဲဒီနောက်မှာ ယူနန်ပြည်နယ်နဲ့ချင်ဟိုင်းပြည်နယ်တို့က ဒုတိယနဲ့ တတိယ အသီးသီးရပ်တည်နေပါတယ်။ တရုတ်နှစ်သစ်ကူးကာလမှာ နိုင်ငံရဲ့ကျေးလက်ဒေသတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လာမယ်လို့ တရုတ်ထိပ်တန်း ကူးစက်ရောဂါဗေဒ ပညာရှင်တဦးက သတိပေးထားပါတယ်။ နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကူးက်မှုလှိုင်း အထွတ်အထိပ်ဟာ နှစ်လမှသုံးလထိ ကြာမြင့်နိုင်ကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးစင်တာ အကြီးအကဲဟောင်းက ပြောပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှာကျရောက်မယ့် တရုတ်နှစ်သစ်ကူးမတိုင်မီ တရုတ်လူမျိုးသန်းပေါင်းများစွာဟာ သူတို့ရဲ့မွေးရပ်မြေတွေကို သွားရောက်နေကြပြီး ဒါဟာ ကပ်ရောဂါစတင်ပြီးနောက်ပိုင်း…

Read More

ကျောက်ကြီးနယ်မှာ ဗုံးပေါက်ကွဲလို့ လူ၃ဦး သေဆုံး ၄ယောက်ဒဏ်ရာရ

ဇန်နဝါရီ ၁၄ -၂၀၂၃ GG(VOM) ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ်၊နတ်သံကွင်းရွာ ၊ ကျောက်ကြီး- ပဲနွယ်ကုန်းသွား ကားလမ်းပေါ်က သံဘောင်ဘေလီတံတားအနီးမှာ မနေ့ ဇန်နဝါရီ ၁၃ရက် ညနေပိုင်းက ဗုံးပေါက်ကွဲလို့ ၃ ယောက်သေပြီး ၄ယောက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ မနေ့က ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ၅ နာ ရီလောက်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်၊ တံတားရဲ့ အရှေ့မြောက်ဘက်လောက်မှာ ဗုံးကပေါက်တာ နတ်သံကွင်းရွာနားပေါ့ ၊ မြို့နယ် တာဝန်ရှိသူတွေကတော့ ဒါက ဒရုန်းနဲ့ပစ်တာလို့ ပြောတယ်။ “လို့ ဒေသခံတဦးက ပြောပြပါတယ် ။ သေဆုံးသူတွေဟာ တောင်ယာလုပ်ငန်းခွင်ကနေ အလုပ်သိမ်းပြန်လာကြတဲ့ ဒေသခံပြည်သူတွေဖြစ်ကြောင်းနဲ့ လက်ရှိမှာ သေဆုံးနဲ့ဒဏ်ရာရသူတွေကို နတ်သံကွင်းတိုက်နယ်ဆေးရုံ ပို့ဆောင်ထားတယ်လို့သိရပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့ကလည်း ကျောက်ကြီး၊ နတ်သံကွင်းလမ်းမှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေရှိပြီး သေဆုံးသူတွေရှိခဲ့တယ်လို့ သိရပါတယ်။…

Read More

အောင်လအင်ဆန်းက ဘရာဇီးဖိုက်တာကို ပထမအချီမှာတင် ဒိုင်ပွဲရပ်နဲ့ အလဲထိုးအနိုင်ယူ

ဘန်ကောက် ၊ ဇန်နဝါရီ-၁၄-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ One Championship ပြိုင်ပွဲမှာ အောင်လအင်ဆန်းက ပြိုင်ဘက်ဖြစ်သူ ဘရာဇီးဖိုက်တာ ဂယ်လ်ဘာတိုဂယ်ဗောင် ကို ပထမအချီမှုာတင် ဒိုင်ပွဲရပ်နဲ့ အလဲထိုးအနိုင်ယူခဲ့ပါတယ်။ အောင်လအင်ဆန်းဟာ တရုတ်ဖိုက်တာဖြစ်သူ Fan Rong နဲ့ထိုးသတ်ဖို့ ကနဦးက စီစဉ်ထားခဲ့ပေမယ့် တရုတ်ဖိုက်တာဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ဘရာဇီးဖိုက်တာနဲ့ ပြောင်းလဲထိုး သတ်ခဲ့တာဖြစ်ပါတယ်။ ငါးမိနစ် သုံးချီထိုးသတ်ရမယ့် ပွဲစဉ်မှာ ပွဲစစချင်း ဘရာဇီးဖိုက်တာဖြစ်သူ ဂယ်လ်ဘာတိုဂယ်ဗောင်ဟာ အောင်လကို တရစပ်တိုက်စစ်ဆင်ပြီး ထိုးသတ်ခဲ့ပေမယ့် အောင်လရဲ့ လက်သီးချက်မိသွားခဲ့ပါတယ်။ အဲဒီနောက်သူဟာ အောင်လကိုနံရံနဲ့ကပ်ပြီးချုပ်ဖို့ကြိုးစားပေမယ့် အောင်လကအချုပ်မခံဘဲ ဝိုက်လက်သီး၊ ပင့်လက်သီးတွေနဲ့ တရစပ်ထိုးခဲ့တာကြောင့် ပထမအချီ နှစ်မိနစ်မပြည့်ခင်မှာဘဲ ဒိုင်ပွဲရပ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အောင်လအင်ဆန်းဟာ ပြီးခဲ့တဲ့နှစ်က ကစားခဲ့တဲ့ ပြိုင်ပွဲတွေမှာ လိုက်ဝိတ်နဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုစလုံးကို…

Read More

သထုံမှာ လူဦးစာရင်းကောက်တဲ့အဖွဲ့ ပစ်ခတ်ခံရလို့ ရွာအုပ်ချုပ်ရေးမှူး နဲ့စာရေးမ သေဆုံး

ဇန်နဝါရီ ၁၄ – ၂၀၂၃ GG(VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ရွေးကောက်ပွဲအတွက် လူဦးရေနဲ့သန်းခေါင်စာရင်း လိုက်ကောက်နေတဲ့ အဖွဲ့ သေနတ်နဲ့ပစ်ခတ်ခံရပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့​သိရပါတယ်။ သေဆုံးသူတွေက တောင်စွန်းရွာ အုပ်ချုပ်ရေးမှူး နဲ့ စာရေးမ တဦးတို့ဖြစ်ကြောင်း၊ မနေ့ကဇန်နဝါရီလ ညနေ ပိုင်း လူဦးရေစာရင်း ကောက်ချိန် ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့က ၃ နာရီ ၄၀ လောက် တောင်စွန်းရွာဘက် လူဦးရေစာရင်းကောက်ချိန် ပစ်ခံရတာ။အုပ်ကြီးက ဆေးရုံရောက်မှသေတယ်။စာရေးမကတော့ ပွဲချင်းပြီးလို့ကြားတယ်။အုပ်ကြီးနာမည်က ဦးစိုးသိမ်းပါ ” လို့ ဒေသခံတဦးကပြောပါတယ်။ အဲ့ဒီ လူဦးရေးစာရင်းကောက်ယူတဲ့ အုပ်ချုပ်ရေးနဲ့အဖွဲ့ ပစ်ခတ်ခံရမှု ကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ယက်ကနေ ကြေညာထားပါတယ်။ အလားတူ ချင်းပြည်နယ်၊ ဟားခါးမှာလည်း မနေ့ ဇန်နဝါရီ ၁၃ရက် မနက်ပိုင်းက မဲစာရင်းလိုက်ကောက်တဲ့အဖွဲ့ကို…

Read More

၃ နှစ်ခန့်ကြာ ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်၊ မန့်ဝိန်း – ဂျယ်ဂေါင် ကုန်သွယ်ရေးဂိတ် ပြန်ဖွင့်

ဇန်နဝါရီ ၁၄-၂၀၂၃ Shy V (VOM) တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်၊ မန့်ဝိန်း – ဂျယ်ဂေါင် ကုန်သွယ်ရေးဂိတ်ကို ဒီနေ့ ဇန်နဝါရီ ၁၄ ရက်‌ မနက် ၇ နာရီက စဖွင့်လိုက်ပြီဖြစ်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာန ရဲ့ အသိပေးထုတ်ပြန်စာ နဲ့ ခရိုင်ဦးစီးဌာနကနေ သိရပါတယ်။ “ဟုတ်တယ် ဒီနေ့မနက် ၈ နာရီ ဖွင့်တယ်၊ တရုတ်ဘက်ခြမ်းက ကုန်ရော လူပါ အဝင်အထွက် လက်ခံပေမယ့် မြန်မာဘက်ခြမ်းကတော့ ဒရိုင်ဘာ တယောက်ပဲ ဝင်ထွက်ခွင့်ပြုတယ်၊ ဒါပေမယ့် ကျနော်တို့ကတော့ ကုန်ပဲ။ လူက ကား ဒရိုင်ဘာ တယောက်ရမယ်။ ကားကတော့ ၁၆ တန် အထိပေါ့ ဝင်ထွက်လို့ရတယ်။ ၁၆ တန် အောက်ဆို အကုန်ဝင်လို့ရတယ်။ သူက သတ်မှတ်ချက်နဲ့ ကိုက်ရင် ရတယ်။…

Read More

ကန့်ဘလူမြို့နယ်မှာ မိသားစုလိုက် အသတ်ခံရတဲ့ ၈ လောင်းပြိုင် လူသတ်မှု ဖြစ်ပွား

ဇန်နဝါရီ ၁၄-၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ငါးမြှောင်ကျေးရွာမှာ ဒီကနေ့ မနက်အစောပိုင်းက ၈ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ .” ဒီမနက် ၁ နာရီခွဲ ဝန်းကျင်က ဖြစ်တာပါ ၊ သေဆုံးသူတွေကတော့ ဦးကျော်လှိုင် အသက် (၆၅)နှစ်၊ ဒေါ်မြညွန့် အသက် ၇၃ နှစ်၊ မနှင်းမြလှိုင် (ဘ)ဦးကျော်လှိုင် အသက် (၄၁) နှစ်၊ မစုမြတ်စံ(ဘ) ဦးမောင်နိုင် အသက် (၁၅)နှစ်၊ ကိုမျိုးဝင်း (ဘ) ဦးသိန်းငွေ အသက် (၄၃) နှစ်၊မနှင်းမြခိုင် (ဘ) ဦးကျော်လှိုင်အသက် (၃၈)နှစ်၊ မရွှေဘုံစံ (ဘ) ဦးမျိုးဝင်း အသက် (၁၃)နှစ်၊ မောင်ခန့်ဇေယျာမျိုး (ဘ) ဦးမျိုးဝင်း အသက်( ၆)…

Read More

၁၅ နာရီကျော်ကြာခဲ့တဲ့ Grand Royal စက်ရုံမီးလောင်မှု ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့

ဇန်နဝါရီ ၁၄ – ၂၀၂၃ SN (VOM) အချိန် ၁၅ နာရီကျော် ကြာခဲ့တဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်စဉ်အတွင်း ဘွိုင်လာပေါက်ကွဲမှုတွေ ရှိခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်အပါအဝင် ပရဟိတအသင်းဝင်တွေပါ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့တယ်လို့ သိရပါတယ်။ မီးငြှိမ်းသတ်စဉ် မနေ့ ဇန်နဝါရီ ၁၃ ရက်နေ့၊ ညနေ ၅ နာရီခွဲအချိန်မှာ စက်ရုံအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ဝန်းကျင်ခန့် ရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံနဲ့ အင်းစိန်ဆေးရုံတို့ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၁၃ ရက်နေ့ (မနေ့က) ညနေ ၃ နာရီ ခွဲအချိန်ကနေ စတင်လောင်ကျွမ်းခဲ့တဲ့မီးကို အဲ့ဒီ့နေ့ည ၈ နာရီ ၃၇ မိနစ်မှာ မီးထိန်းနိုင်ခဲ့တာဖြစ်ပြီး ဆက်လက်ငြှိမ်းသတ်ခဲ့ရာမှ…

Read More

ဖူကူရှီးမားနျူကလီးယားစက်ရုံက ရေဆိုးတန်ချိန်တသန်းကျာ် ပင်လယ်ထဲစွန့်ပစ်ဖို့ ဂျပန်စီစဉ်နေ

တိုကျို၊ ဇန်နဝါရီ-၁၃-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံရှိ ပျက်စီးသွားသော ဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို သန့်စင်ထားတဲ့ ရေတန်ချိန်တသန်းကျော်ကို ပင်လယ်အတွင်းကို ယခုနှစ်မှာ ပင်လယ်ပြင်အတွင်း စွန့်ပစ်သွားမယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ပေါက်ကွဲခဲ့တဲ့ နျူကလီးယားစက်ရုံက ရေတွေကိုသန့်စင်မှုတွေပြုလုပ်ပြီးနောက် ရေဒီယိုသတ္တိကြွအမှုန်အမွှားတွေ သန့်စင်မှုအဆင့်ဟာ ဂျပန်နိုင်ငံရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ရေတွေကို ပင်လယ်ထဲစွန့်ပစ်မယ့် အဆိုပြုချက်နဲ့ပတ်သက်ပြီး နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက ဘေးကင်းတယ်လို့ ဆိုထားပေမယ့် ဂျပန်ရဲ့အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမား နျူကလီယားစက်ရုံမတော်တဆမှုဟာ ယူကရိန်းနိုင်ငံ ချာနိုဘိုင်းနျူကလီးယား မတော်တဆမှုနောက်ပိုင်း အဆိုးရွားဆုံး မတော်တဆမှုဖြစ်ပါတယ်။ စက်ရုံကိုဖျက်သိမ်းရေးလုပ်ငန်းကိုစတင်နေပြီဖြစ်ပေမယ့် ဆယ်စုနှစ်လေးခုကြာမြင့်နိုင်ပါတယ်။ အဲဒီစက်ရုံက ရေဆိုးတွေကို ပင်လယ်ထဲစွန့်ထုတ်မှုကိုတော့ အခုနွေဦးရာသီမှာ လုပ်ဆောင်သွားမယ်လို့ ဂျပန်တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #တိုကျို

Read More

ဂရမ်းရွိုင်ရယ်လ် အရက်ချက်စက်ရုံ မီးလောင်မှု Level 3 အဆင့်နဲ့ မီးငြှိမ်းနေရ

ဇန်နဝါရီ ၁၃ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ် (၄) လမ်းမကြီးအနီးရှိ Grand Royal အရက်ချက်စက်ရုံမှာ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်က ထမင်းစားဆောင် မီးလောင်မှုဖြစ်ပွားပြီး Level 3 အဆင့်နဲ့မီးငြှိမ်းနေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ အဲ့ဒီ့စက်ရုံဟာ နေ့လယ် ၃နာရီခွဲခန့်က စတင်လို့ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တွေ ထွက်ခွာငြှိမ်းသတ်လျက်ရှိတယ်လို့ သိရပါတယ်။ “မီးက လက်ရှိမှာ ထမင်းစားဆောင်အပြင် အရက်ဆီပေပါတွေဆီကိုပါ ကူးစက်နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့က ဆက်လက် ငြှိမ်းသတ်လျက်ရှိပါတယ်“လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ မီးသတ်ဌာနကနေ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန်မှာ Level 2 ယာဉ်အုပ်စုတွေ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး ၃ နာရီ ၄၁…

Read More
VOM News

FREE
VIEW