ဖေဖော်ဝါရီ ၂-၂၀၂၃
KT(VOM)
နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊မင်္ဂလာဒီပရပ်ကွက်ရှိ ‘ခေတ်ရှေ့ဆောင်’ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မနေ့ ဖေဖော်ဝါရီ ၁ရက် ညနေပိုင်းက ကိုယ်ပိုင်ကျောင်း ခေါင်မိုးပေါ်ကနေ ကျောင်းသူတဦး ခုန်ချသေဆုံးမှုဖြစ်ပွါးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ကျောင်းသူ ခုန်ချသေဆုံးချိန် နောက်ကနေ လိုက်လံဆွဲခေါ်တဲ့ ဆရာတဦးပါ ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ခုန်ချသေဆုံးသူဟာ အဲ့ဒီကိုယ်ပိုင်ကျောင်းမှာ Grade-10တက်နေတဲ့ အသက်(၁၆)နှစ်အရွယ် ကျောင်းသူဖြစ်ပြီး လိုက်လံဆွဲခေါ်သူကတော့ ကွန်ပျူတာသင်ကြားတဲ့ အသက်(၂၃)နှစ်အရွယ် ဆရာတဦးဖြစ်တယ်လို့ သိရပါတယ်။
ကျောင်းသူဟာ ဝဲမျက်လုံးဖူးယောင်ပေါက်ပြဲ၊ပါးစပ်သွေးထွက်၊ဝဲတံတောင်ဖူးယောင်၊ယာလက်ကောက်ဝတ်ဖူးယောင်၊ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာတွေနဲ့ ကုတင်(၁၀၀၀)မှာ ဆေးကုသနေစဥ် သေဆုံးခဲ့ပြီး ကျောင်းဆရာဖြစ်သူကလည်း နှာခေါင်းသွေးထွက်၊ပါးစပ်သွေးထွက်၊လည်ပင်းရိုးကျိုး၊ဝဲ/ယာဒူးပေါက်ပြဲ၊နားသွေးထွက်ဒဏ်ရာတွေနဲ့ ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားတာဖြစ်ပါတယ်။
အဲ့ဒီက်ိစ္စနဲ့ပတ်သက်ပြီး ခေတ်ရှေ့ဆောင် ကိုယ်ပိုင်ကျောင်းကို ဆက်သွယ်ရာမှာတော့ လက်ရှိအချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။
နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊ ထုံးဖိုမြို့နယ်ရဲစခန်းကတော့ သေမှုသေခင်းအမှတ်စဥ် ၁/၂၀၂၃ နဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #နေပြည်တော် #ကိုယ်ပိုင်ကျောင်း #ကျောင်းသူခုန်ချသေဆုံး