နယ်စပ် ကုန်တင်ယာဉ်တွေ ကုန်ပစ္စည်းသယ်ဆောင်ခွင့် QRကို အွန်လိုင်းကနေ ကြိုတင်လျှောက်ထားထုတ်ယူဖို့ လိုအပ်

ဖေဖော်ဝါရီ ၆၊ ၂၀၂၃
Shy V(VOM)

မြန်မာနိုင်ငံနယ်စပ်တွေဖြစ်တဲ့ မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော် ကုန်သွယ်မှုလမ်းကြောင်းတွေမှ နယ်စပ်ကုန်သွယ်ရေး ကုန်တင်ယာဉ်တွေ ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR ကို အွန်လိုင်းကနေ ကြိုတင် လျှောက်ထား ထုတ်ယူဖို့ လိုအပ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်စာနဲ့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“စနစ်က နှစ်ဘက်ပြောင်းတယ်။ မြန်မာဘက်ရော၊ တရုတ်ဘက်ရောပဲ”လို့ ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

တင်ပို့မယ့် ကုန်ပစ္စည်းတွေအတွက် နယ်စပ်ပို့ကုန်လိုင်စင်ကို Myanmar Tradenet 2.0 စနစ်မှာ အရင် လျှောက်ထားရမှာဖြစ်ပြီး နယ်စပ်ပို့ကုန်လိုင်စင် ရရင်တော့ ပို့ကုန်ယာဉ်များရဲ့ အချက်အလက်တွေကို (https://vehicle.myanmartradenet.com)(Vehicle Monitoring System)မှာ ဖြည့်သွင်းလျှောက်ထားရမှာဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်ထားတဲ့ အသိပေး ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

ပို့ကုန်ယာဉ်တွေ လိုအပ်တဲ့ အချက်အလက်တွေ စိစစ်ပြီး ပြည့်စုံပါက QR Code ပါတဲ့ ကုန်ပစ္စည်းသယ်ဆောင်ခွင့် ထုတ်ပေးမှာဖြစ်ပြီး နယ်စပ် ပို့ကုန် လိုင်စင်လျှောက်ထားဖို့ မလိုတဲ့ ကုန်ပစ္စည်းတွေအတွက် ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR Code ကို တိုက်ရိုက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

“အွန်လိုင်းနဲ့ လျှောက်ရတာတော့ ကြာပါပြီ။ကျနော်တောင် ပြန်တက်ဖို့ အဲ့ဒါစောင့်နေတာ။ မျှောစာ မပါရင် မရဘူးလေ။ အခုက QR Code ပဲနေမှာပါ။ အဲဒါတွေအကုန်လုံးက Agent တွေလုပ်တာ။ ကျနော်တို့ မလုပ်ရဘူး”လို့ မန္တလေး – ဝမ်တိန် ကုန်တင်ယာဉ်မောင်း တဦးက ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးကနေ ပြည်ပကို ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနဲ့ မြေပဲတင်ပို့ရင် ပို့ကုန်လိုင်စင်ရရှိပြီးသား ပို့ကုန်ယာဉ်များအနေနဲ့ ကုန်ပစ္စည်းသယ်ဆောင်ခွင့် လက်မှတ် (မျှောစာ)ကို ကြိုတင်ရမှ သွားလို့ရတယ်လို့ သူကပြောပါတယ်။

ကုန်သွယ်မှု လမ်းကြောင်းတလျှောက် ကုန်စည်စစ်ဆေးရေးဂိတ်တွေမှာ ပို့ကုန်ယာဉ်တွေအနေနဲ့ QR Code ပြပြီး စစ်ဆေးမှုခံယူရမှာဖြစ်ပြီး QR Code မပြနိုင်တဲ့ ပို့ကုန်ယာဉ်တွေအနေနဲ့ ထွက်ခွာခွင့် မပြုကြောင်းနဲ့ အဲဒီယာဉ်တွေအနေနဲ့ ကုန်ပစ္စည်းသယ်ဆောင်ခွင့် ကို Online ကနေ ပြန်လည်လျှောက်ထားပြီး QR Code ရ ထွက်ခွာခွင့်ပြုမှာဖြစ်တယ်လို အဲဒီအသိပေး ကြေညာစာမှာ ပါရှိပါတယ်။

“ပိုပြီးတော့ ကျဉ်းကျပ်မှာပဲ။ ပိုပြီးတော့ တရက်ပြီး တရက် တင်းကျပ်လာတယ်၊ အရင်က စနစ်တော့ အခွန်ဆောင်ပြီးမှ စစ်တာဖြစ်ပြီး အခုက ပစ္စည်းစာရင်းတွေ အရင်ပို့၊ မျှောစာတွေရမှ သွားတဲ့စနစ်၊ ကုန်ပစ္စည်းတွေ စစ်ပြီးမှ အခွန်ဆောင်တဲ့ စနစ် ဖြစ်သွားတယ်”လို့ နယ်စပ် ကုန်သည်တဦးက ပြောပါတယ်။

အဲဒီစနစ်ကို အခုလ ဖေဖော်ဝါရီ ၁ ရက်နေ့ ကနေ ၁၀ ရက်နေ့ အထိ မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော် ကုန်သွယ်မှုလမ်းကြောင်းတွေမှာ စမ်းသပ်အသုံးပြုသွားမှာဖြစ်ကာ စမ်းသပ်ကာလအတွင်း အခမဲ့ဖြစ်ပြီး အဲဒီ စနစ် အပြည့်အဝ စတင်ကျင့်သုံးမယ့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကစ ကားတစ်စီးကို ၅၀၀၀ ကျပ်နှုန်း ကောက်ခံသွားမှာဖြစ်ကြောင်း ထုတ်ပြန်စာအရ သိရပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနကတော့ ပို့ကုန်ပစ္စည်း အားလုံးအတွက် ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR Code ကို လုပ်ငန်းရှင်တွေ ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် အွန်လိုင်းစနစ် ခွင့်ပြုထုတ်ပေးတာဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW