စျေးကွက် ပုံသေခန့်မှန်းလို့မရတဲ့ တစ်သျှူးငှက်ပျောစိုက်ပျိုးရေး

ဖေဖော်ဝါရီ ၆ – ၂၀၂၃ SN (VOM) မြန်မာနိုင်ငံမှာ တစ်သျှူးငှက်ပျောကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက “ဘိန်းအစားထိုးသီးနှံ” အဖြစ် ကချင်ပြည်နယ်အတွင်း စတင်စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးစမှာ အခုလို တွင်ကျယ်မှုမရှိသေးပေမယ့် နောက်ပိုင်းနှစ်တွေမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေရဲ့ အကူအညီတွေနဲ့ စိုက်ပျိုးမှု အားကောင်းလာခဲ့သလို တရုတ်စျေးကွက် ဝယ်လိုအား ခိုင်မာမှုတွေကြောင့်လည်း လုပ်ငန်းတွင်ကျယ် ကြီးထွားလာခဲ့ပါတယ်။ တစ်သျှူးငှက်ပျောဆိုတာဟာ အပင်တစ်သျှူးမျိုးပွားနည်းနဲ့ စိုက်ပျိုးထားတဲ့သီးနှံ ဖြစ်ပါတယ်။ မျိုးပွားစိုက်ပျိုးတာကြောင့် ငှက်ပျောပင်ရဲ့ မူလမျိုးရိုးဗီဇလက္ခဏာတွေ ပြောင်းလဲတာ၊ အရည်အသွေးကျဆင်းတာတွေ မရှိတဲ့အပြင် ပိုးမွှားကင်းစင် အရည်အသွေးကောင်းတဲ့ ငှက်ပျောခိုင်တွေ ထွက်ရှိပြီး အထွက်နှုန်းကောင်းကာ သာမန်ငှက်ပျောထက် ငှက်ပျောခိုင်စောထွက်တတ်ပါတယ်။ တနှစ်ပတ်လုံး စိုက်ပျိုးနိုင်တဲ့အပြင် စျေးကွက်လိုအပ်ချက် မြင့်မားတဲ့အချိန်နဲ့ ချိန်ညှိ စိုက်ပျိုးနိုင်သလို အပင်ခုတ်ပြီး သားဆက် နှစ်ဆက်အထိ အထွက်နှုန်းအရည်အသွေး မလျော့တဲ့အပြင် အပင်ကြီးထွားနှုန်းနဲ့ အခိုင်၊…

Read More

ပြည်မြို့ ဧရာဝတီမြစ်ထဲ ရေဆင်းကူးတဲ့ အသက် ၁၅ နှစ်အရွယ်(၃)ဦးရေနစ်ပြီး(၁)ဦးသေဆုံး

ဖေဖော်ဝါရီ၊၆-၂၀၂၃ MM(VOM) ပဲခူးတိုင်း ၊ ပြည်မြို့၊ဘောတံတားအနီးမှာ ဧရာဝတီမြစ် အတွင်းကို ရေဆင်းကူးတဲ့ လူငယ် ၃ ယောက်ရေနစ်မှုဖြစ်ပွားကာ (၁)ယောက်သေဆုံးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဒေသခံ ပရဟိတအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ မနေ့ ဖေဖော်ဝါရီ ၅ ရက် ညနေက ရေဆင်းကူးရင်း ရေနစ်နေတဲ့ အသက် ၁၅ နှစ်ဝန်းကျင်အရွယ် လူငယ် ၃ ယောက်ကို ပရဟိအအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ကူညီကယ်ဆယ်ရေးဆောင်ရွက်တဲ့အခါ ၂ ယောက်ကို အသက်ရှင်ရက် ကယ်တင်နိုင်ခဲ့ပြီး ၁ ယောက်ကတော့ သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ် ရေးဆောင်ရွက်ခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တယောက်က ပြောပါတယ်။ ”ကလေးတွေ ရေနစ်နေတာကို အနီးအနားကလူတွေက အရင်တွေ့လို့ အရင်ကယ်ထားတာ ၊ ၂ ယောက်ကို အသက်ရှင်ရက်နဲ့ ကယ်တင်နိုင်ခဲ့တယ် ၊ ၁ ယောက်ကတော့ သေဆုံးသွားတယ် ၊ကျောင်းသားတွေလို့သိရတယ် ၊ ကျောင်းပိတ်ရက်…

Read More

မဏိပူရ်ပြည်နယ်မှာ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၊ ၆ ၊ ၂၀၂၃ SP (VOM) အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ နယူးလမ်းကားမြို့နယ် ၊ Vaal veng ကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၅ ရက်က မြန်မာနိုင်ငံသား ၁၀ ယောက်ကို မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မဏိပူရ် ပြည်နယ်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ “ဖမ်းဆီးခံရတဲ့သူတွေဟာ မုံရွာမြို့နယ်က ဒေါ်ဇင်မာ (၅၀နှစ်)၊ မကြူကြူ (၂၀နှစ်)၊ မသင်းသင်း (၂၅နှစ်)၊ မစိုးစိုး (၂၀နှစ်)၊ ဒေါ်ခင်ခင် (၂၅နှစ်)၊ မခင်မို့မို့ဇော် (၂၀နှစ်)၊ ဦးဇော်ထက် (၄၅နှစ်)၊ ဦးအောင်ခိုင် (၄၇နှစ်)၊ ကိုနိုင်ဝင်းထွန်း (၂၃နှစ်)၊ နဲ့ ကလေးမြို့ တာဟန်းရပ်ကွက်နေ ဦးလာလ်ထားကိမ်းမာ (၅၂နှစ်) တို့ဖြစ်ပါတယ် ၊ သူတို့က အိန္ဒိယဘက်ကို အလုပ်…

Read More

တူရကီနဲ့ ဆီးရီးယားမှာ အင်အားပြင်းငလျင်ကြောင့် လူ ၅၀၀ ကျော်သေဆုံးဖွယ်ရှိ

အန်ကာရာ၊ ဖေဖော်ဝါရီ-၆-၂၀၂၃ မျိုးဆက်(VOM) တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လူရာပေါင်းများစွာ သေဆုံးပြီး ရာနဲ့ချီဒဏ်ရာရရှိမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးမှာ ရာနဲ့ချီတဲ့ အဆောက်အအုံတွေပြိုကျခဲ့ပြီးနောက် အသက်ရှင်ကျန်သူတွေကို ကယ်ဆယ်ဖို့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်။ အင်အား ၇ ဒသမ ၈ အဆင့်ရှိမြေငလျင်ဟာ ဂါဇီယာတက်ပ်မြို့အနီး မြေအောက်အနက် ၁၁ မိုင်ကို ဗဟိုပြုလုပ်ခတ်ခဲ့တာလို့ အမေရိကန်ဘူမိတိုင်းတာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ငလျင်ကြောင့် လက်ရှိမှာ သေဆုံးသူ ၁၀၀ ကျော်ထိရှိနေပြီး လူ ၅၀၀ ကျော်ဆုံးနိုင်ဖွယ်ရှိကြောင်း တူရကီနဲ့ ဆီးရီးယားတာ၀န်ရှိသူတွေက ပြောပါတယ်။ ငလျင်လှုပ်ခတ်မှုဒဏ်ကို တူရကီနဲ့ ဆီးရီးယားအပြင် လက်ဘနွန်၊ ဆိုက်ပရပ်နဲ့ အစ္စရေးတို့ပါ ခံစားခဲ့ရပြီး တူရကီမှာတော့ အကြီးအကျယ်ထိခိုက်ခဲ့ကာ မြို့ကြီးငါးမြို့မှာ အပြင်းအထန်လှုပ်ခတ်ခဲ့ပါတယ်။ တူရကီဟာ ကမ္ဘာ့လှုပ်ရှားမှုအရှိဆုံး ငလျင်ကြောမှာတည်ရှိပြီး ၁၉၉၉ ခုနှစ်ကလည်း နိုင်ငံအနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူ ၁၇၀၀၀…

Read More

ပခုက္ကူက ဆန်ကုန်သည် ၁ ဦးကို အမည်မသိသူတွေက ဖမ်းဆီးသွား

ဖေဖော်ဝါရီ ၆ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁၀ ရပ်ကွက် ၊ ကန္နားလမ်းမှာနေထိုင်တဲ့ ဆန်ကုန်သည် တဦးဟာ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက် ၇ နာရီဝန်းကျင်က အမည်မသိသူတွေကနေ ဖမ်းဆီးခေါ်ဆောင်တာကို ခံခဲ့ရတယ်လို့ ပခုက္ကူမြို့ခံ ကုန်သည်ပွဲစားတွေဆီက သိရပါတယ်။ ” ပခုက္ကူမှာက ကုန်သည်ပွဲစားနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ မကြာခဏ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ပြန်ပေးဆွဲ ဖမ်းဆီးခံရတာတွေဖြစ်တယ် ၊ ဒီမနက် ၇ နာရီဝန်းကျင်မှာ အမှတ် ၁၀ ရပ်ကွက် ၊ ကန္နားလမ်းမှာနေတဲ့ ဆန်ကုန်သည် ဦးအောင်မိုး ဆိုသူကို အမည်မသိ သေနတ်ကိုင်ထားသူ လူငယ် ၃ ယောက်က အိမ်ထဲဝင်ပြီး ဖမ်းသွားတယ် ၊ အဲ့ဒီ…

Read More

သံတွဲမှာ အထောက်ထားမဲ့ ၃ ယောက်နဲ့ လိုက်ပို့တဲ့ မူလတန်းကျောင်းအုပ်ဆရာအပါအဝင် ၃ယောက်ကိုပါ အတူဖမ်းမိ

ဖေဖော်ဝါရီ ၆-၂၀၂၃ GG(VOM) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ညောင်ပင်သာကျေးရွာနားက အမှတ်(၆၈)ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မနေ့က ဖေဖော်ဝါရီ ၅ရက်က ခဲ့နိုင်ငံသားအထောက်အထားမဲ့သူ ၃ ယောက်နဲ့အတူ တရားမဝင်ခေါ်ဆောင်လာသူ ၃ ယောက်ကိုပါ ဖမ်းဆီးရမိခဲ့ တယ်လို့သိရပါတယ်။ ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်ထားမဲ့သူတွေကို တောင်ကုတ်မြို့နယ်က လမူးကျေးရွာမူလတန်းကျောင်းအုပ်ဆရာကိုကျော်ကျော်နိုင်ဆိုသူနဲ့ နောက်ထပ် အပေါင်းအဖော် ၂ယောက်က ဆိုင်ကယ်နဲ့ခေါ်ဆောင်လာတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့က မနက် ၁၀ နာရီလောက်မှာ မိတာပါ၊ သူတို့ကို လိုက်ပို့တာက တောင်ကုတ်ကကျောင်းဆရာရယ်နဲ့နောက်တ​ယောက်ပါသေးတယ်၊ နောက်ထပ်တယောက်က မြောက်ဦးကပါ။ဆိုင်ကယ်တွေနဲ့ခေါ်လာချိန်စစ်ဆေးရေးဂိတ်မှာမိတာ ” လို့ သံတွဲဒေသခံ လူမှုကူညီရေးအသင်းဝင်တဦကပြောပါတယ်။ လက်ရှိမှာ သက်ဆိုင်ရာနယ်မြေရဲစခန်းက ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံသားအထောက်ထားမဲ့သူ ၃ ယောက်ကို လဝက ဥပဒေပုဒ်မ ၆(၂)၆(၃)(၁)နဲ့အရေးယူနိုင်ဖို့ဆောင်ရွက်နေသလို တရားမဝင် ပို့ဆောင်ခဲ့တဲ့ မူလတန်းကျောင်းအုပ်အပါ ၃ ယောက်ကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၃၆၇ အရ အရေးယူဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။…

Read More

ဟောင်ကောင်တက်ကြွလှုပ်ရှားသူ ၄၇ ဦးကို အမျိုးသားလုံခြုံရေးဥပဒေချိုးဖောက်မှုနဲ့ ရုံးတင်စစ်ဆေး

ဟောင်ကောင်၊ ဖေဖော်ဝါရီ-၆-၂၀၂၃ မျိုးဆက်(VOM) ဟောင်ကောင်မှာ အငြင်းပွားဖွယ်ရာ အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုနဲ့ တက်ကြွလှုပ်ရှားသူ ၄၇ ဦးကို ဖေဖော်ဝါရီ ၆ ရက်မှာ ရုံးတင်စစ်ဆေးခဲ့ပြီး လုံခြုံရေးဥပဒေနဲ့ ရုံးတင်စစ်ဆေးခဲ့တဲ့ အကြီးဆုံးတရားခွင်ဖြစ်ပါတယ်။ ရုံးတင်စစ်ဆေးခဲ့သူများထဲမှာ တက်ကြွလှုပ်ရှားသူ ဂျောရှုဝေါင်နဲ့ ဘန်နီတိုင်တို့လည်းပါ၀င်ပါတယ်။ ထင်ရှားသောတက်ကြွလှုပ်ရှားသူတွေ၊ ဥပဒေပညာရှင်တွေနဲ့ ယခင်လွှတ်တော်အမတ်တွေပါ၀င်တဲ့ သူတွေဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တသက်တကျွန်းကျခံရမှာဖြစ်ပါတယ်။ သူတို့ဟာ ဟောင်ကောင်ဥပဒေပြုကောင်စီမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်သူတွေကို တရားမ၀င်ရွေးကောက်ပွဲကျင်းပပြီး ရွေးချယ်ခဲ့ကာ ဟောင်ကောင်အစိုးရကို ဖြုတ်ချဖို့ ကြံစည်တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဆိုပါအမျိုးသားလုံခြုံရေးဥပဒေဟာ အတိုက်အခံတွေကို နှိပ်ကွပ်ရန်အသုံးပြုနေကြောင်း ဝေဖန်သူတွေကဆိုပါတယ်။ ဒါပေမယ့်် တရုတ်နဲ့ ဟောင်ကောင်အာဏာပိုင်တွေကတော့ မငြိမ်မသက်မှုတွေကို တားဆီးရန်အတွက် အဲဒီဥပဒေလိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ တရားခွင်မစမီမှာ ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူအချို့က ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးနဲ့ အတိုက်အခံတွေကို နှိပ်ကွပ်မှုဟာ ရှက်ဖွယ်ဖြစ်ကြောင်း စာတမ်းတွေကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။ Ref: BBC…

Read More

နယ်စပ် ကုန်တင်ယာဉ်တွေ ကုန်ပစ္စည်းသယ်ဆောင်ခွင့် QRကို အွန်လိုင်းကနေ ကြိုတင်လျှောက်ထားထုတ်ယူဖို့ လိုအပ်

ဖေဖော်ဝါရီ ၆၊ ၂၀၂၃ Shy V(VOM) မြန်မာနိုင်ငံနယ်စပ်တွေဖြစ်တဲ့ မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော် ကုန်သွယ်မှုလမ်းကြောင်းတွေမှ နယ်စပ်ကုန်သွယ်ရေး ကုန်တင်ယာဉ်တွေ ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR ကို အွန်လိုင်းကနေ ကြိုတင် လျှောက်ထား ထုတ်ယူဖို့ လိုအပ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်စာနဲ့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “စနစ်က နှစ်ဘက်ပြောင်းတယ်။ မြန်မာဘက်ရော၊ တရုတ်ဘက်ရောပဲ”လို့ ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောပါတယ်။ တင်ပို့မယ့် ကုန်ပစ္စည်းတွေအတွက် နယ်စပ်ပို့ကုန်လိုင်စင်ကို Myanmar Tradenet 2.0 စနစ်မှာ အရင် လျှောက်ထားရမှာဖြစ်ပြီး နယ်စပ်ပို့ကုန်လိုင်စင် ရရင်တော့ ပို့ကုန်ယာဉ်များရဲ့ အချက်အလက်တွေကို (https://vehicle.myanmartradenet.com)(Vehicle Monitoring System)မှာ ဖြည့်သွင်းလျှောက်ထားရမှာဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်ထားတဲ့ အသိပေး ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။ ပို့ကုန်ယာဉ်တွေ လိုအပ်တဲ့ အချက်အလက်တွေ စိစစ်ပြီး…

Read More

လွိုင်ကော်မှာ ကား(၁)စီး မိုင်းထိပြီး လူ (၄)ဦးသေဆုံး

ဖေဖော်ဝါရီ၊ ၆-၂၀၂၃ MM(VOM) ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ်မှာ ကား(၁)စီး မိုင်းထိပြီး လူ ၄ ဦးသေဆုံးသွားတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်းက လွိုင်ကော်- ဇရပ်ဖြူကျေးရွာကအများပြည်သူ အသုံးပြုနေရတဲ့ လမ်းမပေါ်မှာ မောင်းလာတဲ့ ကား(၁) စီး မိုင်းပေါက်ကွဲထိမှန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီမိုင်းထိမှန်ခဲ့တဲ့ ကားပေါ်မှာလူ ၆ ယောက်ပါလာတာ ဖြစ်ပြီး ၄ ယောက် သေဆုံးကာ ၂ ယောက်ကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့တာလို့ ဒေသခံလူမှုကူညီရေးအဖွဲ့ဝင် တယောက် ကပြောပါတယ်။ ”မိုင်းပေါက်ကွဲမှုကြောင့် ကား ၁ စီးလုံး ပေါက်ကွဲလွင့် စင်သွားတာ၊ သေဆုံးသွားသူတွေအထဲက တချို့ရဲ့ ရုပ်အ လောင်း အပိုင်းအစတွေကို အနီးပတ်ဝန်းကျင်မှာ လိုက် ကောက်ယူခဲ့ရတယ်၊ ကားက အိမ်စီးကားပါ၊ မောင်းလာရင်းဖြစ်တာ၊ ကားပေါ်မှာ အားလုံး…

Read More

CNG ဂတ်စ် မသန့်တာကြောင့် YBS ယာဉ်အစီးရေ အပြည့်မထွက်နိုင် ဖြစ်နေရ

ဖေဖော်ဝါရီ ၆ – ၂၀၂၃ SN (VOM) CNG ဂတ်စ် မသန့်တာကြောင့် YBS ယာဉ်လိုင်းတွေ ယာဉ်အစီးရေ အပြည့်မထွက်နိုင်ဘူးဖြစ်နေတယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှု၊ ဆီဖြည့်စဉ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရမှုနဲ့ CNG မသန့်ခြင်းတို့ကြောင့် YBS ယာဉ်တွေအတွက် ယာဉ်မောင်းနှင်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတာကြောင့် ယာဉ်အစီးရေ ဖြေလျော့ ပြေးဆွဲနေရတာဖြစ်တယ်လို့ ဦးလျန်ကျင့်မာန်က ပြောပါတယ်။ “အခုက CNG ထဲမှာ နည်းနည်း မသန့်တာလေး ပါသွားလို့ ပြန်ပြီး စိစစ် ပြန်ထုတ်နေရတာကြောင့် နည်းနည်းလေး ကြာသွားတာပါ။ လျှော့ချ ပြေးဆွဲနေရတာတော့ မဟုတ်ပါဘူး။ နည်းနည်းချင်း ဖြေလျော့ရတာပါ။ CNG မသန့်တော့ ပရက်ရှာနည်းပြီး ဂတ်စ်မရတာပေါ့။ ပြီးတော့ လက်ရှိ ဂတ်စ်ထည့်ထားတဲ့ ကားတွေကလည်း…

Read More
VOM News

FREE
VIEW