သံတွဲမှာ အထောက်ထားမဲ့ ၃ ယောက်နဲ့ လိုက်ပို့တဲ့ မူလတန်းကျောင်းအုပ်ဆရာအပါအဝင် ၃ယောက်ကိုပါ အတူဖမ်းမိ

ဖေဖော်ဝါရီ ၆-၂၀၂၃
GG(VOM)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ညောင်ပင်သာကျေးရွာနားက အမှတ်(၆၈)ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မနေ့က ဖေဖော်ဝါရီ ၅ရက်က ခဲ့နိုင်ငံသားအထောက်အထားမဲ့သူ ၃ ယောက်နဲ့အတူ တရားမဝင်ခေါ်ဆောင်လာသူ ၃ ယောက်ကိုပါ ဖမ်းဆီးရမိခဲ့ တယ်လို့သိရပါတယ်။

ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်ထားမဲ့သူတွေကို တောင်ကုတ်မြို့နယ်က လမူးကျေးရွာမူလတန်းကျောင်းအုပ်ဆရာကိုကျော်ကျော်နိုင်ဆိုသူနဲ့ နောက်ထပ် အပေါင်းအဖော် ၂ယောက်က ဆိုင်ကယ်နဲ့ခေါ်ဆောင်လာတာဖြစ်တယ်လို့သိရပါတယ်။

” မနေ့က မနက် ၁၀ နာရီလောက်မှာ မိတာပါ၊
သူတို့ကို လိုက်ပို့တာက တောင်ကုတ်ကကျောင်းဆရာရယ်နဲ့နောက်တ​ယောက်ပါသေးတယ်၊ နောက်ထပ်တယောက်က မြောက်ဦးကပါ။ဆိုင်ကယ်တွေနဲ့ခေါ်လာချိန်စစ်ဆေးရေးဂိတ်မှာမိတာ ” လို့ သံတွဲဒေသခံ လူမှုကူညီရေးအသင်းဝင်တဦကပြောပါတယ်။

လက်ရှိမှာ သက်ဆိုင်ရာနယ်မြေရဲစခန်းက ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံသားအထောက်ထားမဲ့သူ ၃ ယောက်ကို လဝက ဥပဒေပုဒ်မ ၆(၂)၆(၃)(၁)နဲ့အရေးယူနိုင်ဖို့ဆောင်ရွက်နေသလို တရားမဝင် ပို့ဆောင်ခဲ့တဲ့ မူလတန်းကျောင်းအုပ်အပါ ၃ ယောက်ကိုလည်း
ရာဇသတ်ကြီး ပုဒ်မ ၃၆၇ အရ အရေးယူဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံသားအထောက်ထားမဲ့သူ
တွေဟာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတွေကဖြစ်ပြီး အသက် ၁၈နှစ် မပြည့်သေးသူ ၂ ယောက်ပါဝင်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သံတွဲ #အထောက်အထားမဲ့ #ဖမ်းဆီးရရှိမှု

Related posts

Leave a Comment

VOM News

FREE
VIEW