လွိုင်ကော်မှာ ကား(၁)စီး မိုင်းထိပြီး လူ (၄)ဦးသေဆုံး

ဖေဖော်ဝါရီ၊ ၆-၂၀၂၃
MM(VOM)

ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ်မှာ ကား(၁)စီး မိုင်းထိပြီး လူ ၄ ဦးသေဆုံးသွားတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်းက လွိုင်ကော်- ဇရပ်ဖြူကျေးရွာကအများပြည်သူ အသုံးပြုနေရတဲ့ လမ်းမပေါ်မှာ မောင်းလာတဲ့ ကား(၁) စီး မိုင်းပေါက်ကွဲထိမှန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီမိုင်းထိမှန်ခဲ့တဲ့ ကားပေါ်မှာလူ ၆ ယောက်ပါလာတာ ဖြစ်ပြီး ၄ ယောက် သေဆုံးကာ ၂ ယောက်ကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့တာလို့ ဒေသခံလူမှုကူညီရေးအဖွဲ့ဝင် တယောက် ကပြောပါတယ်။

”မိုင်းပေါက်ကွဲမှုကြောင့် ကား ၁ စီးလုံး ပေါက်ကွဲလွင့် စင်သွားတာ၊ သေဆုံးသွားသူတွေအထဲက တချို့ရဲ့ ရုပ်အ လောင်း အပိုင်းအစတွေကို အနီးပတ်ဝန်းကျင်မှာ လိုက် ကောက်ယူခဲ့ရတယ်၊ ကားက အိမ်စီးကားပါ၊ မောင်းလာရင်းဖြစ်တာ၊ ကားပေါ်မှာ အားလုံး ၆ ယောက် ပါတာတာ ၊ ၄ ယောက် သေဆုံးတယ် ၊၂ ယောက်ကပြင်းထန်တဲ့ဒဏ်ရာရခဲ့တယ်၊ သေဆုံးသူတွေရဲ့အလောင်းတွေ ကြေမွကုန်တာ။”လို့ သူကဆက်ပြောပါ
တယ်။

လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ပရဟိတအသင်းအဖွဲ့တွေက ဆေးရုံကိုတင်ပို့ထားပြီး မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကို စုံစမ်းနေတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့နယ်မှာ ၂၀၂၃ခုနှစ်အတွင်း အခုလို အများပြည်သူအသုံးပြုတဲ့လမ်းမှာ မိုင်းထောင်ထားတာကြောင့် ပေါက်ကွဲမှုဖြစ်လို့ လူ၄ ယောက်အထိသေဆုံးတာ
ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် အတွင်းကလည်း အများပြည်သူ အသုံးပြုသွားလာနေတဲ့ လမ်းပေါ်မှာ မိုင်းပေါက်ကွဲမှုဖြစ်လို့ ဆိုင်ကယ်မောင်းလာ တဲ့ လူငယ် ၂ယောက်သေဆုံးခဲ့ရသေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #လွိုင်ကော်

Related posts

Leave a Comment

VOM News

FREE
VIEW